သတင်း

ထိုင်းနိုင်ငံရှိ နေအိမ်တစ်အိမ်မှ ရွှေ၊ ငွေ၊ ပစ္စည်းပျောက်ဆုံးမှုအတွက်တိုင်ကြားရာ မင်္သကာသူကို ကညှော်ကျေးရွာတွင် စစ်ဆေးတွေ့ရှိ

ချောင်းဆုံ၊ ဇူလိုင် ၁၄ ထိုင်းနိုင်ငံရှိ နေအိမ်တစ်အိမ်မှ ရွှေ၊ ငွေပစ္စည်းများပျောက်ဆုံးမှုအတွက် တိုင်ကြားရာ ချောင်းဆုံမြို့နယ်၊ ကညှော်ကျေးရွာတွင် မင်္သကာသူကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ချောင်းဆုံမြို့မရဲစခန်းထံမှ သိရသည်။

ရေးမြို့တွင် ရေလုပ်ငန်းရှင်နှင့် ရေလုပ်သားများအကြား ပြဿနာများ ညှိနှိုင်းအဖြေရှာမည်

ရေး ၊ ဇူလိုင် ၁၈ ရေမြို့နယ်အတွင်းရှိ ရေလုပ်ငန်းများအတွင်း ဖြစ်ပွားနေသည့် ရေလုပ်ငန်းရှင်နှင့် ရေလုပ်သားများ အကြား ဆွေးနွေးညှိနှိုင်းအဖြေရှာကြမည့် အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်အား ရေးမြို့၊အထွေထွေအုပ်ချုပ်ရေးမှူးရုံး

ရေးမြို့နယ်အတွင်း လူငယ် ၂ ဦးထံမှ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

ရေး ၊ ဇူလိုင် ၁၈ ရေးမြို့နယ်၊ အဘော်ကျေးရွာပိုင် ရေး-အစင်သွား ကားလမ်းမကြီးနဘေး ရော်ဘာခြံအတွင်း လူငယ် ၂ ဦးထံက စိတ်ကြွဆေးပြားများကို ဇူလိုင်လ ၁၇ ရက်နေ့၊ ညနေပိုင်းက သိမ်းဆည်းရမိခဲ့သည်ဟု ရေးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက သိရသည်။

ရေးမြို့နယ် မာရဒေဝီ ပညာရေးဖောင်ဒေးရှင်းသို့ ပညာသင်ထောက်ပံ့ကြေးလျှောက်ထားနိုင်ပြီ

ရေး ၊ ဇူလိုင် ၁၇ ရေးမြို့နယ်၏ ပညာရေးဖောင်ဒေးရှင်းတစ်ခုဖြစ်သော မာရဒေဝီပညာရေးဖောင်ဒေးရှင်းသို့ ယခုနှစ် တက္ကသိုလ် ဝင်ခွင့်ကျပြီးသည့်အချိန်တွင် ပညာသင်ထောက်ပံ့ကြေးများ လျှောက်ထားနိုင်ပြီဖြစ်ကြောင်း ယင်းဖောင်ဒေး ရှင်းဥက္ကဋ္ဌဖြစ်သူ ဦးခင်မောင်ဖြူက ပြောသည်။

စတုတ္ထတန်း (Grade 4) ကလေးတွေ ဘာတတ်မြောက်သင့်သလဲ။

ဘာသာစကား အနုပညာ (Language Art) အိုင်ဒီယာများနှင့် ဇာတ်ကောင်များကို နှိုင်းယှဉ်ခြင်း၊ စကားပြောခန်း များဖြင့် ပုံပြင် ဇာတ်လမ်းများ ရေးသားခြင်း။ • ဇာတ်လမ်း၊ ပြဇာတ်၊ သို့မဟုတ် ကဗျာ၏ ပင်မ ပြောလိုသည့်အချက်၊ အိုင်ဒီယာကို ဖော်ပြပါ။ • ဇာတ်လမ်းတစ်ခု၏ အခြေခံပါဝင်မှုများကို ဖော်ပြပါ။ ဥပမာအားဖြင့်-ဇာတ်ကောင်များ၊ ဖြစ်ရပ်များ၊ နောက်ခံကြောင်းရာများ။ ယင်းတို့ကို အသေးစိတ်အချို့ကို…

ရေးမြို့မိုးရေချိန် ရွာသွန်းမြဲအောက်လျော့နည်းနေသော်လည်း ဇူလိုင်လနောက်ဆုံးပတ်နှင့် သြဂုတ်လအတွင်း မိုးရွာသွန်းမှုသတိထားစောင့်ကြည့်ရန်လိုအပ်

ရေး ၊ ဇူလိုင် ၁၃ ရေးမြို့နယ်အတွင်း ဇူလိုင်လ ဒုတိယအပတ်အထိ မိုးရွာသွန်းမှုအနေဖြင့် ရွာသွန်းမြဲအောက် လျော့နည်းနေ သော်လည်း လာမည့် ဇူလိုင်လ နောက်ဆုံးပတ်နှင့် သြဂုတ်လတို့အတွင်း မိုးရွာသွန်းမှုအခြေအနေအား သတိ ထားစောင့်ကြည့်ရမည်ဖြစ်ကြောင်း ရေးမြို့နယ်မိုးလေဝသဦးစီးဌာနမှ ဦးစီးဌာနမှူး ဦးဆန်းငွေက သံလွင် တိုင်းမ်သို့ ပြောသည်။

ပြည်ထောင်စုအဆင့် တာဝန်ယူထားသည့် နိုင်သက်လွင်အားပါတီအတွင်း တာဝန်လျှော့ထားမှုအပေါ်ပြန်လည် စိစစ်ပေးရန် တောင်းဆို

မော်လမြိုင်၊ ဇူလိုင် ၁၄ ပြည်ထောင်စုဝန်ကြီး တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး နိုင်သက်လွင်အား မွန်အမျိုးသားပါတီမှ ပါတီ အတွင်းတာဝန်လျှော့ထားမှုအပေါ် ပြန်လည်စိစစ်ပေးရန် ၎င်းမှတောင်းဆိုစာတင်ပြခဲ့သည်ဟု သိရသည်။

အာဇာနည်နေ့အခမ်းအနားကို မြို့နယ်အဆင့်ဖြင့်စုပေါင်း၍အာဇာနည်ကျောက်တိုင်ရှေ့တွင်ပြုလုပ်မည်

ပေါင်၊ ဇူလိုင် ၁၂ ယခင်အစိုးရလက်ထက်က အာဇာနည်နေ့အခမ်းအနားများကို မြို့နယ်ခန်းမတစ်ခုတွင်သာ ပြုလုပ်ခဲ့ကြသော်လည်း ယခုနှစ်အာဇာနည်နေ့ကို မြို့နယ်အဆင့်ဖြင့် ပြုလုပ်ကြရန် ပြည်နယ်အစိုးရအဖွဲ့က ညွှန်ကြားထားကြောင်းနှင့် အာဇာနည်ကျောက်တိုင်ရှေ့တွင်စည်ကားစွာကျင်းပပြုလုပ်နိုင်ရန် မြို့နယ်အဆင့်ဌာနဆိုင်ရာများ နှင့် စည်းဝေးတိုင်ပင်ညှိနှိုင်းမှုပြုလုပ်ထားကြောင်း ပေါင်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

ရေးတောင်ပိုင်းတွင် လှုပ်ရှားနေသည့်လက်နက်ကိုင်အဖွဲ့များမှာ မွန်ပြည်သစ်ပါတီခွဲထွက်မဟုတ်ကြောင်းဆို

မော်လမြိုင်၊ ဇူလိုင် ၁၂ မွန်ပြည်နယ် ရေးတောင်ပိုင်းတွင် လှုပ်ရှားနေသည့် မွန်ဓါးပြအဖွဲ့များကို မွန်ပြည်သစ်ပါတီမှခွဲထွက်သည့် တပ်ဖွဲ့မဟုတ်သည့်အတွက် မွန်ပြည်သစ်ခွဲထွက်အဖွဲ့မဟုတ်ကြောင်း ပါတီတာဝန်ရှိသူများက ပြောဆိုလိုက် သည်။

ရေးမြို့နယ် NLD ဥက္ကဋ္ဌ ကျန်းမာရေးအခြေအနေကြောင့် တာဝန်မှ အနားယူမည်

ရေး ၊ ဇူလိုင် ၁၂ နှစ်ပေါင်း ၂၀ ကျော် ရေးမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့သူ ဦးမြဝင်းအနေဖြင့် ယခုလမှစတင်ကာ ကျန်းမာရေးအခြေအနေကြောင့် ဥက္ကဋ္ဌတာဝန်မှ အနားယူတော့မည်ဖြစ်သည်ဟု သိရသည်။