သတင်း

စစ်ကောင်စီရဲ့ မအောင်မနေရ အောင်စာရင်းကို အသိအမှတ် မပြုဘူးလို့ မော်လမြိုင် တက္ကသိုလ်ကောင်စီ ကြေညာ

မော်လမြိုင် ၊ သြဂုတ် (၂၀) သြဂုတ်လ (၁၈)ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ မော်လမြိုင် တက္ကသိုလ်မှာ အာဏာသိမ်းစစ်ကောင်စီက အတင်းအကြပ်ဖွင့်ခိုင်းခဲ့တဲ့ အတန်းတွေရဲ့အောင်စာရင်းတွေကို အသိအမှတ် မပြုဘူးလို့ မနေ့ညပိုင်းမှာ မော်လမြိုင် တက္ကသိုလ် ကြားကာလ ယာယီအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန် ကြေညာလိုက်ပါတယ်။ အဆိုပါ အောင်စာရင်းဟာ စစ်တပ် အာဏာသိမ်းပြီးနောက် မရမက ဖွင့်လှစ်ခဲ့တဲ့ ပါရဂူ ဘွဲ့အကြို၊ မဟာတန်း၊…

စစ်ကောင်စီက မအောင်မနေရ တက္ကသိုလ် အောင်စာရင်း ထုတ်ပြန်

မော်လမြိုင်၊ သြဂုတ် ၁၉ မော်လမြိုင် တက္ကသိုလ်မှာ အာဏာသိမ်းစစ်ကောင်စီက အတင်းအကြပ်ဖွင့်ခိုင်းခဲ့တဲ့ အတန်းတွေရဲ့အောင်စာရင်းတွေကို သြဂုတ် ၁၈ရက်နေ့မှာ ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။ ဒီတက္ကသိုလ် အောင်စာရင်းဟာ စစ်တပ် အာဏာသိမ်းပြီးနောက် မရမက ဖွင့်လှစ်ခဲ့တဲ့ ပါရဂူ ဘွဲ့အကြို၊ မဟာတန်း၊ ပဉ္စမနှစ်၊ စတုတ္ထနှစ်နဲ့ ဂုဏ်ထူးတန်းတွေအတွက် ထုတ်ပြန်တဲ့ အောင်စာရင်းလည်း ဖြစ်ပါတယ်။ အာဏာသိမ်း စစ်ကောင်စီဟာ တက္ကသိုလ်ပြန်တက်တဲ့…

တရားရုံးတွေမှာ အမှု မစစ်နေ၊ မတရား ဖမ်းဆီးခံရသူတွေ အများကြီး နစ်နာတယ်လို့ ရှေ့နေတွေ ပြော

မော်လမြိုင် ၊ ဩဂုတ် ၁၉ ကိုဗစ်ကပ်ရောဂါ အကြောင်းပြချက်နဲ့ အာဏာသိမ်း စစ်ကောင်စီက ရုံးပိတ်ရက်ရှည် ကြေညာထားတဲ့အတွက်ကြောင့် တရားရုံးတွေမှာ အမှု စစ်ဆေးနိုင်ခြင်း မရှိဘူးလို့ သိရပါတယ်။ အခုအခါ ရုံးပိတ်ရက်ရှည် ကြေညာထားလို့ တရားရုံးတွေမှာ အမှုမစစ်ဘဲ ရုံးချိန်းပေးပြီး အမှုစစ်ဆေးမယ့် နေ့ရက်တွေ ရွှေ့ဆိုင်းနေတာ ဖြစ်ပါတယ်။ အမှုစစ်ဆေးနိုင်ခြင်း မရှိတဲ့အတွက်ကြောင့် ပုဒ်မ ၅၀၅(က) နဲ့…

ဗဟိုဘဏ်က ATM စက် ငွေဖြည့်ဖို့ ညွှန်ကြားထားပေမယ့် ဘဏ်တွေ ငွေမဖြည့်နေ

မော်လမြိုင်၊ ဩဂုတ် ၁၉ အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က ဩဂုတ်လ ၁၆ ရက်နေ့မှ ၂၂ ရက်နေ့အထိ ဘဏ်တွေ ပိတ်ထားဖို့ ညွှန်ကြားထားပြီး ပိတ်ရက်အတွင်း ဘဏ်တွေအနေနဲ့ ATM စက်တွေကို ငွေဖြည့်ပေးထားကြဖို့ ဩဂုတ် ၁၃ ရက်က ညွှန်ကြားထားပါတယ်။ ဗဟိုဘဏ်က ATM စက်တွေမှာ ငွေဖြည့်ပေးဖို့ ညွှန်ကြားထားပေမယ့် မွန်ပြည်နယ်အတွင်းက…

မော်လမြိုင်က CCTV တပ်ဆင်မှု စီမံကိန်း လာမယ့် စက်တင်ဘာမှာ ပြီးစီးမည်

မော်လမြိုင်၊ ဩဂုတ် ၁၉ မော်လမြိုင်မြို့အတွင်းရှိ အများပြည်သူတွေရဲ့ လှုပ်ရှားသွားလာမှုကို စောင့်ကြည့်မယ့် CCTV တပ်ဆင်မှု စီမံကိန်းဟာ လာမယ့် စက်တင်ဘာလအတွင်း လုပ်ငန်း ပထမပိုင်း ပြီးစီးတော့မယ်လို့ သိရပါတယ်။ CCTV တပ်ဆင်မှု စီမံကိန်းရဲ့ လုပ်ငန်းစဉ်မှာ အပိုင်း ၃ ပိုင်း ပါဝင်ပြီး၊ အဲဒီအပိုင်း ၃ ပိုင်းမှာ CCTV ထိန်းချုပ်ရေး စင်တာ…

PDF တွေကို ရှာဖွေဖို့ စစ်ကောင်စီက လူဦးရေ စာရင်းကောက်

မော်လမြိုင် ၊ ဇူလိုင် (၁) လွတ်မြောက်နယ်မြေကနေ စစ်သင်တန်းဆင်းပြီး ပြန်လာတဲ့ PDF တွေကို ရှာဖွေနိုင်ဖို့စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက ရပ်ကွက်အတွင်းနေထိုင်သူတွေရဲ့ စာရင်းကို တစ်အိမ်တက် တစ်အိမ်ဆင်း ကောက်ယူနေတယ်လို့ မော်လမြိုင်မြို့နေ ပြည်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲ့ဒီလို စာရင်းကောက်ယူရာမှာ အိမ်ထောင်စုစာရင်းကို ကောက်ယူတာမျိုးမဟုတ်ဘဲ နေအိမ်မှာ လက်ရှိနေထိုင်တဲ့ မိသားစုဝင် အရေအတွက်နဲ့ တစ်ဦးချင်းစီရဲ့ အချက်အလက်တွေကို…

သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခံရတဲ့ ကျိုက်ထို သတင်းထောက် မလွတ်သေး

မော်လမြိုင်၊ ဇူလိုင် ၁ သေနတ်နဲ့ ပစ်ခတ် ဖမ်းဆီးခံရတဲ့ The Voice of Thanbyuzayat သတင်းဌာနရဲ့ သတင်းထောက် ကိုထက်မြတ်သူဟာ အာဏာသိမ်း စစ်ကောင်စီရဲ့ လွှတ်ပေးတဲ့ စာရင်းထဲမှာ ပါဝင်လာခြင်း မရှိသေးပါဘူး။ သတင်းထောက် ကိုထက်မြတ်သူဟာ အာဏာသိမ်း စစ်ကောင်စီရဲ့ ဖမ်းဆီးချုပ်နှောင်ခံထားရပြီး ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(က) နဲ့ တရားရင်ဆိုင်နေရတာပါ။…

မော်လမြိုင်မှာ ပါဆယ်စနစ်နဲ့သာ ရောင်းချဖို့ စစ်ကောင်စီ ညွှန်ကြား

မော်လမြိုင်၊ ဇူလိုင် ၁ မော်လမြိုင်မြို့နယ်အတွင်းရှိ စားသောက်ဆိုင်တွေမှာ ပါဆယ်စနစ်နဲ့သာ ရောင်းချကြဖို့ အာဏာသိမ်း စစ်ကောင်စီရဲ့ လက်အောက်ခံ မြို့နယ် စည်ပင်သာယာရေးအဖွဲ့က ဇူလိုင် ၁ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ မော်လမြိုင်မြို့နယ်အတွင်းမှာ ကိုဗစ်ရောဂါပိုး တွေ့ရှိသူ ဆက်တိုက်မြင့်တက်လာတဲ့အတွက်ကြောင့် ပြည်နယ်အဆင့် ကိုဗစ်ထိန်ချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အစည်းအဝေးမှာ ပါဆယ်စနစ်နဲ့ ရောင်းချသွားဖို့ ဆုံးဖြတ်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။ “ပါဆယ်စနစ်နဲ့ပဲ…

စစ်အာဏာသိမ်းပြီးနောက် မော်လမြိုင်တွင် ကိုဗစ်ကြောင့် သေဆုံးသူ (၉)ဦးရှိလာ

မော်လမြိုင်၊ ဇူလိုင် ၁ စစ်အာဏာသိမ်းပြီးနောက် မော်လမြိုင်တွင် ကိုဗစ်ရောဂါကြောင့် သေဆုံးသူ (၉) ဦးအထိ ရှိလာတယ်လို့ မော်လမြိုင်ဆေးရုံကြီးရဲ့ သတင်းမြစ်တွေက တဆင့်သိရပါတယ်။ ဇွန်လ (၂၉) ရက်နေ့အထိ (၈) ဦးသေဆုံးခဲ့ပြီး ဇွန်လ (၂၉) ရက်နေ့ညတွင်မူ မော်လမြိုင်ဆေးရုံကြီးက ကိုဗစ်ရောဂါထိန်းချုပ်ကုသရေးအဆောင်မှာ တက်ရောက် ကုသနေခဲ့သည့် မော်လမြိုင်မြို့က အသက် (၄၀) အရွယ်အမျိုးသမီးလူနာ (၁)…

ညမထွက်ရအမိန့်ကြောင့် ကြက်သွန်ကုန်သည်တွေ အဆုံးရှုံးများ

မော်လမြိုင် ၊ ဧပြီ (၂၄) ညမထွက်ရအမိန့်ကြောင့် သယ်ယူပို့ဆောင်ရေးစရိတ်တွေ မြင့်တက်ခဲ့လို့ အရှုံးပေါ်နေတယ်လို့ ကြက်သွန်ကုန်သည်တွေက ဆိုပါတယ်။ နိုင်ငံတဝှမ်းက မြို့ကြီးတွေအပြင် အဝေးပြေးကားလမ်းတွေမှာပါ ည (၈)နာရီကနေ မနက် (၄)နာရီ အတွင်း အပြင်မထွက်ဖို့ အကြမ်းဖက်စစ်အုပ်စုက အမိန့်ထုတ်ပြန်ထားပါတယ်။ အခုလို အခြေအနေတွေကြောင့် ခရီးမတွင်တဲ့အပြင် သယ်ယူပို့ဆောင်ရေးစရိတ်တွေ ပိုမိုမြင့်တက်ခဲ့လို့ လုပ်ငန်းရှင်တွေက အရှုံးပေါ်နေပါတယ်။ “အရင်ကဆို ခရီးက…