ကိုဗစ်ရောဂါ ဖြစ်ပြီးသူတွေကို ခရီးသွားလာခွင့် ကန့်သတ်ချက်နဲ့ ပိုးစစ်ဆေးတာ ကင်းလွတ်ခွင့်ပေးမယ်လို့ စစ်ကောင်စီ ကျန်းမာရေး ထုတ်ပြန်
မော်လမြိုင်၊ စက်တင်ဘာ၊ ၂၉ ကိုဗစ်အတည်ပြုလူနာေတွ ကျန်းမာရေးပြန်လည်ကောင်းမွန်လာရင် ရက်ပေါင်း( ၉၀)အတွင်း ခရီးသွားလာရာမှာ အသွားအလာကန့်သတ်တာနဲ့ ကိုဗစ် ရောဂါပိုး ရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှု ကင်းလွတ်ခွင့်ပေးမယ်လို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။ ကင်းလွတ်ခွင့်ပြုထားသူထဲမှာ တိုင်းဒေသကြီးနဲ့ပြည်နယ်အတွင်း ခရီးသွားလာသူများအပြင် နိုင်ငံတကာ ဝင်ထွက်ဂိတ်များနဲ့ နယ်စပ်ဝင်ထွက်ဂိတ်များမှ ဝင်ရောက်လာသူတွေလည်း ပါဝင်ပါတယ်။ ကင်းလွတ်ခွင့်ရရှိဖို့အတွက်…