သတင်း

မွန်မှာ လူသတ်မှု၊ခိုးမှုဖြင့် အမှုရင်ဆိုင်နေရတဲ့ အချုပ်သား ၁၉၅ ဦး ပြန်လွှတ်ပေး

မော်လမြိုင် ၊ အောက်တိုဘာ ၂ မွန်ပြည်နယ်မှာ အမှုရင်ဆိုင်ရင်နေတဲ့ အချုပ်သား (၁၉၅)ဦးကို အောက်တိုဘာလ (၁)ရက်နေ့က လွတ်ပေးခဲ့တယ်လို့ မွန်ပြည်နယ် အကျဉ်းဦးစီးဌာနမှ သိရပါတယ်။ ပြန်လွှတ်ပေးလိုက်တဲ့ အချုပ်သူ အချုပ်သားတွေ ဟာဆိုရင် မော်လမြိုင် အချုပ်ထောင်၊ ကျိုက်မရော ဗဟိုအကျဉ်းထောင်နဲ့ သထုံအကျဉ်းထောင်တွေမှာ ဖမ်းဆီးချုပ်နှောင်ထားသူ ဖြစ်ပါတယ်။ အကျဉ်းထောင် အသီးသီးက လွတ်ပေးလိုက်သူတွေကိုတော့ တရားရေးနဲ့ ရဲတပ်ဖွဲ့က…

KNU တပ်မဟာ ၁ နဲ့ စစ်ကောင်စီတပ် ၈ လအတွင်း တိုက်ပွဲ ၂၉ ကြိမ်ဖြစ်၊ စစ်ကောင်စီဘက်က အကျအရှုံးများခဲ့

သထုံခရိုင်၊ အောက်တိုဘာ ၁ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ၈ လတာကာလအတွင်းမှာ စစ်ကောင်စီတပ်နဲ့ KNU တပ်မဟာ(၁)တို့အကြား တိုက်ပွဲ ၂၉ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၇၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဖေဖေါ်ဝါရီ ၁ ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက်နေ့ထိ KNU တပ်မဟာ(၁)နယ်မြေဖြစ်တဲ့ ကျိုက်ထို၊ ဘီးလင်း၊ သထုံနဲ့ သံလွင်မြောက်ခြမ်း…

မွန်က ဈေးတချို့ ပုံမှန်အတိုင်း ရောင်းချခွင့် ပြန်ပေး၊ မော်လမြိုင်ရဲ့ အဓိက ဈေးတွေ မပါဝင်

မော်လမြိုင်၊ အောက်တိုဘာ ၁ မွန်ပြည်နယ်ရဲ့ မြို့နယ်တချို့က ဈေးတွေကို ပုံမှန်အတိုင်း ပြန်လည် ဖွင့်လှစ် ရောင်းခွင့်ပေးအပ်လိုက်ပေမယ့် မော်လမြိုင်ရဲ့ အဓိက ဈေးတွေဖြစ်တဲ့ အမှတ် ၁ ဈေးနဲ့ မြိုင်ရတနာဈေးတွေ မပါဝင်သေးဘူးလို့ သိရပါတယ်။ နေအိမ်အတွင်း နေထိုင်ဖို့ Stay at Home မသတ်မှတ်ထားတဲ့ ကျိုက်ထို၊ ပေါင်၊ ကျိုက်မရော၊ မုဒုံနဲ့ရေးမြို့နယ်တွေမှာရှိတဲ့ စည်ပင်သာယာဈေးတွေကို…

စစ်ကောင်စီရဲ့ အခြေခံစစ်ပညာသင်တန်း တက်ရောက်နည်းနေလို့ ငွေကြေးဖြင့် စည်းရုံးနေ

မော်လမြိုင်၊ အောက်တိုဘာ ၁ အာဏာသိမ်းစစ်ကောင်စီက ဖွင့်လှစ်ဖို့ စီစဉ်ထားတဲ့ အခြေခံစစ်ပညာသင်တန်း တက်ရောက်မယ့်သူ နည်းပါးနေတဲ့အတွက်ကြောင့် ငွေကြေးဖြင့် လိုက်လံစည်းရုံးနေတယ်လို့ စစ်တပ်နဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အာဏာသိမ်းပြီးတဲ့နောက် စစ်တပ်က ဖွဲ့စည်းပေးထားတဲ့ အဖွဲ့တွေ၊ ဗျူစောထီးအဖွဲ့နဲ့ စစ်တပ်ထောက်ခံသူတွေကို အခြေခံစစ်ပညာသင်တန်းနဲ့ စုံစမ်းထောက်လှမ်းခြင်းသင်တန်းတွေကို အခုလ ပထမပတ်အတွင်း စစ်ကောင်စီက ဖွင့်လှစ်ဖို့ စီစဉ်ထားတာပါ။ အခုအခါ စစ်ကောင်စီဖွင့်လှစ်မယ့် သင်တန်းတက်ရောက်မယ့်…

ချောင်းဆုံမှာ မီတာခ မသွင်းရင် မီတာဖြုတ်သိမ်းမယ်လို့ စစ်ကောင်စီ ခြိမ်းခြောက်

ချောင်းဆုံ၊စက်တင်ဘာ ၃၀ မွန်ပြည်နယ်၊ ဘီးလူးကျွန်း၊ ချောင်းဆုံမြို့နယ်မှာ မီတာခမပေးသွင်းရင် မီတာဖြုတ်သိမ်းမယ်လို့ အာဏာသိမ်း စစ်ကောင်စီက ခြိမ်းခြောက်လာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ လက်ရှိမှာတော့ ချောင်းမြို့နယ်မှာ စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်ဌာနက မီတာဘေ စာရွက်တွေ လိုက်လံ ဖြန့်ဝေနေသလို မီတာခ လာဆောင်ကြဖို့ ဖိအားပေးလာတာ ဖြစ်ပါတယ်။ “မီတာခမသွင်းရင် မီတာဘောက်စ်ဖြုတ်သိမ်းမယ်လို့ ပြောလာတယ်၊ ကျွန်တော်တို့…

ပြည်ပဈေးကွက် ပျက်သွားလို့ တပိုင်တနိုင်ငါးလုပ်ငန်း လုပ်ကိုင်သူတွေ စီးပွားရေး ကြပ်တည်း

သထုံခရိုင်၊ စက်တင်ဘာ ၃၀ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းတွေကြောင့် တပိုင်တနိုင် အသက်မွေးဝမ်းကြောင်း လုပ်နေသူတွေဟာ စီးပွားရေးကြပ်တည်းလာပြီး စားဝတ်နေရေး အခက်အခဲတွေကို ရင်ဆိုင်နေရပါတယ်။ သထုံခရိုင်အတွင်းက တပိုင်တနိုင်ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူတွေမှာလည်း စက်သုံးဆီဈေး မြင့်တက်လာနဲ့အတူ ဖမ်းမိတဲ့ငါးတွေကို ပြန်လည်ရောင်းချဖို့ ဈေးကွက်မရှိတာကြောင့် ဝမ်းဝရုံသာ လုပ်ကိုင်စားသောက်နေရတယ်လို့ ဆိုပါတယ်။ “ကိုဗစ်ဖြစ်ကတည်းက ငါးဈေးကမရ။ ခုက ဆီဈေးတွေတက်။ ငါးအထိမိကလည်း မကောင်းဆိုတော့…

Mytel တာဝါတိုင်တွေအနီး စစ်ကောင်စီက မြေမြုပ်မိုင်းထောင်းထားလို့ ဒေသခံတွေ စိုးရိမ်နေရ

တနင်္သာရီ၊ စက်တင်ဘာ ၃၀ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်နဲ့မြိတ်ခရိုင်တွေထဲက Mytel တာဝါတိုင်တွေအနီးမှာ စစ်ကောင်စီတပ်တွေက မြေမြုပ်မိုင်းထောင်ထားတာကြောင့် ဒေသခံတွေက စိုးရိမ်နေရတယ်လို့ ပြောပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီ စီးပွားရေးထောက်တိုင်တွေဖြစ်တဲ့ Mytel ဆက်သွယ်ရေးလုပ်ငန်းကို ပစ်မှတ်ထားတိုက်ခိုက်ကြတဲ့နောက်မှာ အခုလို စစ်ကောင်စီဘက်က လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီဒေသက Mytel တာဝါတိုင်တွေဟာ လူနေအိမ်ပတ်ဝန်းကျင်အပြင် ကွင်းပြင်တွေအနားမှာပါ ရှိတာကြောင့် တိရစ္ဆာန်တွေရဲ့ စားကျက်မြေအတွက်ပါ…

စစ်ကောင်စီက ခွင့်ပြုရင် ဈေးတွေပြန်ဖွင့်ပေးမယ်လို့ စည်ပင်ပြော

မော်လမြိုင်၊ စက်တင်ဘာ ၂၉ မွန်ပြည်နယ်မှာ ကိုဗစ်ကပ်ရောဂါကြောင့် လအတော်ကြာ ပိတ်ထားရတဲ့ ဈေးတွေကို ပုံမှန်အတိုင်း ပြန်လည် ဖွင့်လှစ်ခွင့်ပေးဖို့ သက်ဆိုင်ရာ ဈေးကော်မတီတွေက တောင်းဆိုနေပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် ဈေးတွေမှာ ဆေးဝါးနဲ့ အခြေခံစားသောက်ကုန်တွေကိုသာ ဖွင့်လှစ်ရောင်းချခွင့်ပေးအပ်ထားပြီး ကျန်ကုန်ပစ္စည်းတွေကိုတော့ ရောင်းချခွင့် ကန့်သတ်ထားတာ ဖြစ်ပါတယ်။ ဈေးတွေကို ပုံမှန်အတိုင်း ဖွင့်လှစ်ခွင့်ပေးဖို့ တောင်းဆိုလာတာတဲ့အတွက်ကြောင့် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီကို တင်ပြထားတယ်လို့…

ဘားအံမှာ စစ်ကောင်စီက လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီး စစ်ဆေးပြီး ဒဏ်ငွေရိုက်နေ

မော်လမြိုင်၊စက်တင်ဘာ ၂၉ ဘားအံမြို့ပေါ်မှာ အခုရက်ပိုင်းအတွင်း စစ်ကောင်စီလက်အောက်ခံတွေက လိုင်စင်မဲ့ ကားနဲ့ဆိုင်ကယ်တွေကို စစ်ဆေးဖမ်းဆီးဒဏ်ရိုက်တာတွေ လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဘားအံမြို့ပေါ်နဲ့ မြိုရဲ့ပတ်ဝန်းကျင်နေရာတွေမှာ စစ်ကောင်စီလက်အောက်ခံ ရဲ ၊ နယ်ခြားစောင့်တပ် ၊ ယာဉ်ထိန်းရဲစတဲ့ပါဝင်တဲ့ အဖွဲ့ပေါင်းစုံဟာ လိုင်စင်မဲ့ ကား မော်တော်ဆိုင်ကယ်တွေကို စစ်ဆေးဖမ်းဆီးပြီး ဒဏ်ငွေရိုက်တာ၊ အဖွဲ့အစည်းစတေကာနဲ့ စတေကာအမဲ ကပ်ထားတာတွေရှိပါက ခွာခိုင်းတာ၊…

မြို့ပြစစ်ဆင်ရေး အရှိန်တိုးမြင့်တော့မှာဖြစ်လို့ ပြည်သူတွေ အသွားအလာသတိထားဖို့ PDF တိုက်တွန်း

မော်လမြိုင် ၊ စက်တင်ဘာ (၂၉) မော်လမြိုင်မြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီးတော့ အာဏာသိမ်းစစ်အုပ်စုကို ပစ်မှတ်ထားတဲ့ မြို့ပြစစ်ဆင်ရေးတွေ အရှိန်တိုးမြင့်တော့မယ်လို့ PDF တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်အုပ်စုက ဖွင့်လှစ်ထားတဲ့ ဌာနဆိုင်ရာရုံးတွေနဲ့ စစ်အုပ်စုကျောထောက်နောက်ခံ ပြုနေသူတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်မယ့် စစ်ဆင်ရေးတွေ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။ ဒါကြောင့် ပြည်သူလုထုတွေအနေနဲ့ စစ်အုပ်စုနှင့်ဆက်စပ်နေတဲ့ နေရာတွေကို တတ်နိုင်သမျှ…