တန်းတူညီမျှတဲ့ လက်ထပ်ထိမ်းမြားမှုဥပဒေမူကြမ်းကို ထိုင်းအတိုက်အခံပါတီ ကြိုဆို
ဘန်ကောက်၊ ဒီဇင်ဘာ ၂၂ ထိုင်းနိုင်ငံရဲ့ တန်းတူညီမျှတဲ့ လက်ထပ်ထိမ်းမြားမှုဥပဒေမူကြမ်း လွှတ်တော်ကို တင်သွင်းဖို့လုပ်နေတဲ့ အစိုးရရဲ့ လုပ် ဆောင်မှုအပေါ် အတိုက်အခံပါတီက ကြိုဆိုကြောင်း ပြောကြားခဲ့ပါတယ်။ Move Forward ပါတီအနေနဲ့လည်း အလားတူ ဥပဒေကြမ်းကို အဆိုပြုတင်သွင်းထားကြောင်း ပါတီခေါင်းဆောင် ချိုင်ထဝတ်ကျူလာတွန်က အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။ အစိုးရအိမ်တော်မှာ အငြင်းအခုန်ဖြစ်ခဲ့တဲ့ အရေးပေါ် အကြောင်းအရာဖြစ်တဲ့ တန်းတူညီမျှတဲ့ လက်ထပ်ထိမ်း…