ထိုင်ဝမ်ပေါင်းစည်းရေး တားဆီးသူတွေ ကြီးကြီးမားမားပေးဆပ်ရမယ်လို့ တရုတ် သတိပေး
တိုကျို၊ ဖေဖော်ဝါရီ ၁၀ အမေရိကန်နဲ့ ဂျပန်ရဲ့ နှစ်စဉ်စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်နေချိန်မှာ တိုကျိုအခြေစိုက် တရုတ်သံရုံးက ထိုင်ဝမ်နဲ့ပြန်လည်ပေါင်းစည်းရေးကို တားဆီးဖို့ ကြိုးပမ်းသူတွေအနေနဲ့ ကြီးမားတဲ့ ပေးဆပ်မှုတွေနဲ့ ကြုံရမှာဖြစ်တယ်လို့ သတိပေးလိုက်ပါတယ်။ ဒီနှစ်ပြုလုပ်တဲ့ စစ်ရေးလေ့ကျင့်မှုမှာ အမေရိကန်နဲ့ ဂျပန်တို့ဟာ တရုတ်ကို ပထမဆုံးအကြိမ်အဖြစ် သူတော်ကောင်းယောင်ဆောင်ထားတဲ့ ရန်သူလို့ ညွှန်းဆိုခဲ့ကြတယ်လို့ အမည်မဖော်လိုတဲ့ အစိုးရသတင်းမြစ်တွေကို ကိုးကားပြီး ဂျပန်မီဒီယာတွေက ဖော်ပြထားကြပါတယ်။…