နိုင်ငံတကာ

ရုရှားကျူးကျော်စစ်မှာ ယူကရိန်းတပ်ဖွဲ့ဝင် သုံးသောင်းကျော် ကျဆုံး

ကိဗ်၊ ဖေဖော်ဝါရီ ၂၇ ရုရှားကျူးကျော်စစ်အတွင်း ယူကရိန်းတပ်ဖွဲ့ဝင် ၃၁၀၀၀ ကျဆုံးခဲ့ရပြီး ရုရှားစစ်တပ်ရဲ့ အစီအစဉ်ရေးဆွဲမှုတွေကို အထောက်အကူဖြစ်စေနိုင်တဲ့အတွက် ဒဏ်ရာရရှိထားတဲ့ တပ်ဖွဲ့ဝင်အရေအတွက်ကိုတော့ ထုတ်ဖော်ပြောဆိုမှာ မဟုတ်ဘူးလို့ သမ္မတ ဇီလန်စကီးက ပြောပါတယ်။ ထိခိုက်သေဆုံးမှု အရေအတွက်ကို ယူကရိန်းရာရှိတွေက လူသိရှင်ကြား ဖော်ပြတာမရှိဘဲ တခြား ခန့်မှန်းချက်တွေက ဇီလန်စကီးပြောတဲ့ အရေအတွက်ထက်တောင် ပိုများနေတယ်လို့ ဆိုထားတာပါ။ ယူကရိန်းကို ပေးပို့မယ့်…

ဆင်တွေကို ခိုင်းစေတာတွေမလုပ်ဖို့ ဘင်္ဂလားဒေ့ရှ်တရားရုံး အမိန့်ထုတ်

ဒါကာ၊ ဖေဖော်ဝါရီ ၂၇ မျိုးတုန်းနိုင်တဲ့ အန္တရာယ်ကြီးကြီးမားမားကျရောက်နေတဲ့ ဆင်တွေကို မမွေးစားဖို့နဲ့ အသုံးချ ခိုင်းစေတာမျိုးတွေ မပြုလုပ်ရဘူးလို့ ဘင်္ဂလားဒေ့ရှ်တရားရုံးက အမိန့်ထုတ်ပြန် လိုက်ပါတယ်။ အာရှဆင်ပေါက်ကလေးတွေကို ဖမ်းဆီးအသုံးချ ခိုင်းစေမှု လိုင်စင်အားလုံး ရုတ်သိမ်းရေး အထက်တရားရုံးရဲ့ အမိန့်ကို တိရိစ္ဆာန်အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေက ကြိုဆိုခဲ့ကြတာပါ။ ဘင်္ဂလားဒေ့ရှ်မှာ ဆင်တွေကို တောင်းရမ်းစားသောက်ရာမှာ၊ဆက်ကပ်တွေနဲ့ လမ်းဘေး ဖျော်ဖြေပွဲတွေမှာ အသုံးချ ခိုင်းစေမှုတွေရှိနေတာဖြစ်ပြီး လက်ရှိအချိန်မှာတော့…

ဂျာမနီနိုင်ငံမှာ ဆေးခြောက်တရားဝင် သုံးစွဲခွင့်ပြု

ဘာလင်၊ ဖေဖော်ဝါရီ ၂၄ ဂျာမနီနိုင်ငံမှာ ဆေးခြောက်အား အပန်းဖြေသုံးစွဲခွင့်ပြုလုပ်တဲ့ ဥပဒေတစ်ရပ်ကို ဂျာမနီလွှတ်တော်က ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ အတည်ပြုလိုက်ပါတယ်။ ဥပဒေအရ အသက် ၁၈ နှစ်အထက်ရှိတဲ့သူတွေဟာ လာမယ့် ဧပြီ ၁ ရက်နေ့ကစလို့ အများပြည်သူ သွားလာရာနေရာတွေမှာ ဆေးခြောက်သုံးစွဲမှု တရားဝင်ဖြစ်လာမှာ ဖြစ်ပါတယ်။ လိပ်ပြီးသား ဆေးခြောက်အလိပ်ဒါဇင်ပေါင်းများစွာနဲ့ ညီမျှတဲ့ ဆေးခြောက် ၂၅…

အမေရိကန်ကိုယ်စားလှယ်အဖွဲ့ ထိုင်ဝမ်သွားရောက်မှု တရုတ် ပြစ်တင်ဝေဖန်

ဘေဂျင်း ၊ ဖေဖော်ဝါရီ ၂၄ ထိုင်ဝမ်ကို အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌဦးဆောင်ပြီး တခြားလွှတ်တော်အမတ် ၄ ဦးနဲ့ သွားရောက်မှုအပေါ် တရုတ်က ပြစ်တင်ရှုတ်ချလိုက်ပြီး ဒါဟာမိမိတို့ပြည်တွင်းရေးမှာ ကြားဝင် စွက်ဖက်တာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ အမေရိကန်နဲ့ ထိုင်ဝမ်အရာရှိတွေကြား အပြန်အလှန်ဆက်ဆံမှုပုံစံ မှန်သမျှကို တရုတ်အနေနဲ့ လုံးဝကန့်ကွက်ကြောင်းနဲ့ ထိုင်ဝမ်အရေးမှာ အမေရိကန် ကြားဝင်စွက်ဖက်တာကို လုံးဝကန့်ကွက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာအိုနင်းက…

ဂျပန်ကိုယ်လုံးတီးပွဲတော်မှာ အမျိုးသမီးတွေ ပထမဆုံးပါဝင်လာ

တိုကျို ၊ ဖေဖော်ဝါရီ ၂၄ ဂျပန်နိုင်ငံအလယ်ပိုင်းက နတ်ကွန်းတစ်ခုမှာ ကျင်းပတဲ့ ကိုယ်လုံးတီးပွဲတော်လို့ခေါ်တဲ့ အခမ်းအနားမှာ အမျိုးသမီးတွေ ပထမဆုံးပါဝင်ဆင်နွှဲခဲ့ကြတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၂၂ ရက်နေ့က ကျင်းပခဲ့တဲ့ အဲဒီအခမ်းအနားဟာ နှစ်ပေါင်း ၁၂၅၀ သက်တမ်းရှိပြီဖြစ်ပြီး အမျိုးသမီးတွေဟာ ကပ်လှူပူဇော်မယ့် ဝါးလုံးကြီး တစ်လုံးကို ထမ်းပိုးရင်း ခရမ်းရောင်ဝတ်ရုံတွေနဲ့ ရွတ်ဆိုမှုတွေ သံပြိုင်ပြုလုပ်ခဲ့ကြတာပါ။ မကောင်းဆိုးဝါး ဝိညာဉ်တွေကို…

ကိုရီးယားမှာ ဆရာဝန် ၉၀၀၀ နီးပါး သပိတ်မှောက်မှုကြောင့် ကုသရေးအစီအစဉ်တွေ ရွှေ့ဆိုင်းနေရ

ဆိုးလ် ၊ ဖေဖော်ဝါရီ ၂၃ အဆိုပြုထားတဲ့ ပြုပြင်ပြောင်းလဲမှုတွေနဲ့ ပတ်သက်ပြီး အလုပ်မလုပ်ဘဲ သပိတ်မှောက်တဲ့ တောင်ကိုရီးယား လေ့ကျင့်ရေးဆရာဝန်အရေအတွက် ပိုများလာတာကြောင့် ခွဲမွေးမယ့် ကိုယ်ဝန်ဆောင်တွေနဲ့ ကင်ဆရာရောဂါကုသရေး အစီအစဉ်တွေကို ရွှေ့ဆိုင်းနေရတယ်လို့ သိရပါတယ်။ လေ့ကျင့်ရေးလုပ်သားအင်အားရဲ့ ၇၁ ရာခိုင်နှုန်းဖြစ်တဲ့ အငယ်တန်း ဆရာဝန် ၈၈၀၀ ကျော် အလုပ်ထွက်သွားကြပြီလို့ ဆိုးလ်မြို့ရဲ့ လက်ထောက် ကျန်းမာရေးဝန်ကြီး ပက်ဆင်ဆူးက…

ရုရှားကို အရေးယူပိတ်ဆို့မှု ထပ်မံပြုလုပ်ဖို့ အီးယူသဘောတူ

ဘရပ်ဆဲလ်၊ ဖေဖော်ဝါရီ ၂၃ ယူကရိန်းကို တိုက်ခိုက်ရာမှာ ရုရှားကိုကူညီပေးနေတဲ့ တရုတ်ကုမ္ပဏီတွေအပါအဝင် စီးပွားရေးလုပ်ငန်းတွေနဲ့ လူပုဂ္ဂိုလ်တစ်ဦးချင်စီကို ပစ်မှတ်ထားပြီး ပိတ်ဆို့မှုအသစ်တွေချမှတ်ဖို့ ဥရောပသမဂ္ဂ (အီးယူ) နိုင်ငံတွေက သဘောတူလိုက်ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ ရုရှားအတိုက်အခံခေါင်းဆောင် နာဗယ်နီသေဆုံးပြီးနောက် ရက်ပိုင်းအကြာမှာ ထွက်ပေါ်လာတာဖြစ်ပြီး ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှု ၂ နှစ်ပြည့်မယ့် အချိန်နဲ့ တိုက်ဆိုင်နေတာပါ။ အဖွဲ့ဝင် ၂၇ နိုင်ငံပါတဲ့ အီယူရဲ့…

ဂါဇာမှာ အပစ်ရပ်တောင်းဆိုမှု ဗီတိုအာဏာနဲ့ အမေရိကန် ပယ်ချ

ဘေဂျင်း ၊ ဖေဖော်ဝါရီ ၂၂ အစ္စရေးထိုးစစ်ဆင်နေတဲ့ ဂါဇာမှာ ချက်ချင်းအပစ်ခတ်ရပ်စဲရေး တောင်းဆိုတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို အမေရိကန်က ဗီတိုအာဏာနဲ့ ပယ်ချခဲ့တဲ့အတွက် တရုတ်နိုင်ငံက ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်လိုက်ပါတယ်။ ဒီလုပ်ရပ်ကြောင့် မှားယွင်းတဲ့ သတင်းစကားဖြစ်ပေါ်စေသလို ဆက်ပြီးတော့ လူသတ်ဖို့ ထိထိ ရောက်ရောက်မီးစိမ်းပြလိုက်တာဖြစ်တယ်လို့ တရုတ်က ဆိုခဲ့တာပါ။ အယ်လ်ဂျီးရီးယားက အဆိုပြုတဲ့ အဲဒီဆုံးဖြတ်ချက်ဟာ စစ်ပွဲအဆုံးသတ်ရေး…

ဂြိုလ်တုတစ်လုံး ကမ္ဘာပေါ်ပြုတ်ကျဖို့ရှိနေ

ဘရပ်ဆဲလ် ၊ ဖေဖော်ဝါရီ ၂၂ ရှေ့ဆောင်ဦးလွှတ်တင်ခဲ့တဲ့ ဥရောပ ဂြိုလ်တုတစ်လုံးဟာ နာရီပိုင်းအတွင်း ကမ္ဘာပေါ်ကို ပြုတ်ကျလာတော့မယ်လို့ ဥရောပအာကာသ အေဂျင်စီ Esa တာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီဂြိုလ်တုဟာ ၁၉၉၅ ခုနှစ်လွှတ်တင်ချိန်က အဆင့်မြင့်လေ့လာရေး ဂြိုလ်တုအဖြစ် သတ်မှတ်ခံရပြီး ကမ္ဘာကိုစောင့်ကြည့်ဖို့ လက်ရှိအသုံးပြုနေတဲ့ နည်းပညာတွေရဲ့ ရှေ့ပြေး ERS-2 ဖြစ်တယ်လို့ သိရပါတယ်။ ဒီဂြိုလ်တုဟာ ၂၀၁၁…

ဩစတြေးလျက ဒုတိယကမ္ဘာစစ်နောက်ပိုင်း အကြီးမားဆုံးရေတပ် တည်ဆောက်မယ်

ကန်ဘာရာ ၊ ဖေဖော်ဝါရီ ၂၁ အာရှ-ပစိဖိတ်လက်နက်ယှဉ်ပြိုင်မှုတွေရင်ဆိုင်နေရချိန်မှာ ဩစတြေးလျက သူတို့ရဲ့အဓိက စစ်သင်္ဘောတွေပါဝင်တဲ့ ရေယာဉ်အုပ်စုကို ၂ ဆ တိုးမြှင့်ရေးနဲ့ စစ်အသုံးစရိတ်ကို နောက်ထပ် အမေရိကန်ဒေါ်လာ ၇ ဘီလျံ တိုးမြှင့်ရေး အစီအစဉ်ကို မိတ်ဆက်လိုက်ပါတယ်။ အဲဒီအစီအစဉ်အရ ဩစတြေးလျဟာ လက်ရှိ ၁၁ စီးရှိတဲ့ ရေပြင်တိုက်ခိုက်ရေး သင်္ဘောအရေ အတွက်ကို ၂၆ စီးအထိရှိလာအောင်…