သတင်းအချက်အလက်အမှားနဲ့ အမုန်းစကားထိန်းချုပ်ဖို့ ဖိလစ်ပိုင်က Facebook အကောင့် (၄၀၀) ကျော်ဖျက်သိမ်းခံရ
ဘန်ကောက်_ ဧပြီ(၈) Facebook(Meta) က ဖိလစ်ပိုင်အထွေထွေရွေးကောက်ပွဲမတိုင်ခင် လူမှုကွန်ယက်အကောင့် (၄၀၀) ကျော်ကို သတင်းအချက်အလက်အမှားနဲ့အမုန်းစကားထိန်းချုပ်တဲ့အနေနဲ့ မနေ့က ပိတ်သိမ်း လိုက်ပါတယ်။ ကုမ္ပဏီရဲ့ပြောဆိုချက်တွေအရတော့ ပိတ်ဆို့ခံရတဲ့ အကောင့်တွေဟာ လူ့ဘောင်သစ်စစ်တပ်နဲ့ ဆက်စပ်မှုရှိတဲ့ စာမျက်နှာတွေဖြစ်တယ်လို့ သိရပါတယ်။ ကိုဗစ်ကပ်ဘေးကြောင့် ရွေးကောက်ပွဲလှုံ့ဆော်မှုနည်းလမ်းတွေအနှောက်အယှက်ဖြစ်ခဲ့တဲ့အတွက် ကိုယ်စားလှယ်လောင်းတွေနဲ့ ထောက်ခံသူတွေဟာ လူမှုကွန်ယက်စာအကောင့်တွေသုံးတာ မြင့်တက်လာတာနဲ့အတူ အမုန်းစကားနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေလည်း ရှိလာတာပါ။ ပြီးခဲ့တဲ့…