ကြိုတင်ကာကွယ်ဖို့အတွက်နျူကလီးယားလက်နက်ကို သာအသုံး ပြုမယ်လို့ ကင်မ်ဂျုံအန်းသတိပေး
ပြုံယမ်း – မေ(၁) မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက စစ်ရေးအရ ခြိမ်းခြောက်မှုတစုံတရာရှိခဲ့ပါက သူ့ရဲ့ နျူကလီးယားလက်နက်တွေကိုအသုံးပြုမှာဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ နျူကလီယားခြိမ်းခြောက်မှုအပါအဝင်အန္တရာယ်ရှိတဲ့ ခြိမ်းခြောက်မှုအားလုံးကို ကြိုတင်ပြီး တာဆီးနိုင်စေဖို့လိုအပ်ပါက နျူကလီယားလက်နက်တပ်ဆင်ရေးတွေကို ဆက်လက်လုပ်ဆောင်် ဖို့ဆန္ဒရှိတယ်လို့လည်း သူကပြောပါသေးတယ်။ မြောက်ကိုရီးယားဟာ သူတို့ပိုင်ဆိုင်တဲ့ နျူကလီယားလက်နက်အစီအစဉ်မှာ အမေရီကန်ကို ပစ်ခတ်နိုင်မယ့် အကြီးမားဆုံးလက်နက်တွေအပါအဝင်တိုက်ချင်းပစ်ဒုံးကျည်များနဲ့ တောင်ကိုရီးယားနဲ့ဂျပန်နိုင်ငံကိုပစ်ခတ်နိုင်တယ့် တာတိုပစ်လောင်စာဆီသုံး ဒုံးကျဉ်မျိုးစုံတို့ကို ပြီးခဲ့တဲ့ တနင်္လာနေ့က စစ်ရေးပြအခမ်းအနားမှာ…