တရုတ်အတွက် သူလျှိုလုပ်မှုနဲ့ ရေတပ်အမှုထမ်းနှစ်ဦးကို အမေရိကန်အစိုးရဖမ်းဆီး
ဝါရှင်တန် – ဩဂုတ်(၅) တရုတ်နိုင်ငံအတွက် သူလျှိုလုပ်ပေးတယ်ဆိုတဲ့ စွဲချက်နဲ့ အမေရိကန်ရေတပ် အမှုထမ်း(၂) ဦးကို ဖမ်းဆီးထားတယ်လို့ အမေရိကန်တရားရေးဌာနက ဩဂုတ်လ(၃) ရက်နေ့မှာ ပြောခဲ့ပါတယ်။ သူတို့ဟာ စစ်သင်္ဘောတွေအတွက် လက်နက်စနစ်၊ရေဒါစနစ် အသေးစိတ်အချက်အလက်တွေနဲ့ အမေရိကန်စစ်ရေးလေ့ကျင့်မှုပြုလုပ်မယ့် အစီအစဉ် လျှို့ဝှက်ချက်တွေ တရုတ်ကိုရောင်းချခဲ့ တယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးခံထားရတာပါ။ “ဒီဖမ်းဆီးမှုတွေဟာ ကျွန်တော်တို့ရဲ့ ဒီမိုကရေစီစံနှုန်းကို ထိခိုက်စေပြီး ခုခံကာကွယ်သူတွေကို…