ရွှေ့ပြောင်းလုပ်သား မဲတွေကြောင့် နေရာအများစု မဲရှုံးခဲ့ရတယ်လို့ မွန်ညီညွတ်ရေးပါတီ ပြော
မော်လမြိုင် ၊ နိုဝင်ဘာ (၂၀) ရွှေ့ပြောင်းလုပ်သားမဲတွေကြောင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ နေရာအများစု ရှုံးနိမ့်ခဲ့ရတယ်လို့ မွန်ညီညွတ်ရေးပါတီက ပြောပါတယ်။ မွန်ပါတီနှစ်ခု ပေါင်းစည်းထားတဲ့ မွန်ညီညွတ်ရေးပါတီဟာ မွန်တိုင်းရင်းသားအများစုနေထိုင်တဲ့ ရေး၊ သံဖြူဇရပ်၊ မုဒုံ၊ ချောင်းဆုံ၊ ကျိုက်မရော မြို့နယ်တွေမှာ ရလဒ်ကောင်းတွေ ရမယ်လို့ မျှော်မှန်းခဲ့တာပါ။ ဒါပေမယ့် ရွေးကောက်ပွဲရလဒ်တွေအရ ရေးနဲ့မုဒုံမြို့နယ်မှာသာ အများဆုံး အနိုင်ရခဲ့ပြီး ကျန်တဲ့…