အမျိုးသမီးနှင့်ကလေး အကာအကွယ်ပေးရေး ဥပဒေတွေကို အကောင်အထည် ဖော်ပေးဖို့ တောင်းဆို
မော်လမြိုင် ၊ နိုဝင်ဘာ (၂၇) တတိယအကြိမ်လွှတ်တော်သက်တမ်းမှာ အမျိုးသမီးနှင့်ကလေး အကာကွယ်ပေးရေး ဥပဒေတွေကို အကောင်အထည်ဖော် ဆောင်ရွက်ပေးဖို့ အမျိုးသမီးအရေးဆောင်ရွက်နေသူတွေက တောင်းဆိုလိုက်ပါတယ်။ မွန်ပြည်နယ်အတွင်းက ရွေးကောက်ပွဲ အနိုင်ရကိုယ်စားလှယ်တွေထဲမှာ အမျိုးသမီး (၁၂) ဦး ပါဝင်ခဲ့ပါတယ်။ မွန်ပြည်နယ်အတွင်းမှာတော့ အိမ်တွင်းအကြမ်းဖက်မှုတွေနဲ့ သက်ငယ်မုဒိန်းမှုတွေဟာ တစ်နှစ်ထက် တစ်နှစ် ပိုမို များပြားနေတာပါ။ ဒါကြောင့် အနိုင်ရ အမျိုးသမီးကိုယ်စားလှယ်တွေအနေနဲ့ လွှတ်တော်အတွင်းကနေတစ်ဆင့်…