ကိုဗစ်ကာလ နယ်မြေဖြတ်ကျော်ခွင့် ကန့်သတ်ထားလို့ ရာဘာလုပ်သား ရှားပါးနေ
မော်လမြိုင် ၊ ဒီဇင်ဘာ (၁၇) ကိုဗစ်ကာလ နယ်မြေဖြတ်ကျော်သွားလာခွင့် အခက်အခဲတွေကြောင့် မွန်ပြည်နယ်က ရာဘာလုပ်ငန်းတွေမှာ အလုပ်သမား ရှားပါးမှု ပြဿနာတွေကို ရင်ဆိုင်နေရပါတယ်။ မွန်ပြည်နယ်မှာတော့ ရာဘာစိုက်ဧက (၅)သိန်းကျော်ရှိပြီး နှစ်စဉ် ရာဘာတန်ချိန် (၁)သိန်းကျော်ကို ထုတ်လုပ်နေတာပါ။ ရာဘာလုပ်သားတွေအနေနဲ့ လာရောက်လုပ်ကိုင်သူ အများစုကတော့ ဧရာဝတီတိုင်းက ရွှေ့ပြောင်းလုပ်သားတွေ ဖြစ်ပါတယ်။ အခုအခါမှာတော့ ရာဘာရာသီရောက်နေပြီးဖြစ်ပေမယ့် ရွှေ့ပြောင်းလုပ်သားတွေ မလာနိုင်တဲ့အတွက်…