မာတီ မီဒီယာ

ကိုဗစ်-၁၉ ထိန်းချုပ်ရေးကို ဆောင်ရွက်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ ရန်ပြုခံရ

မာ်လမြိုင် ၊ ဇန်နဝါရီ (၂၈) ကိုဗစ်-၁၉ ထိန်းချုပ်ရေးအတွက် ဆောင်ရွက်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ အုပ်ချုပ်ရေးပိုင်းက ဝန်ထမ်းတွေဟာ ပြည်သူတွေရဲ့ တုံ့ပြန် ရန်ပြုမှုတွေကို ရင်ဆိုင်နေရပါတယ်။ ကိုဗစ်-၁၉ အတည်ပြုလူနာနဲ့ ထိတွေ့ခဲ့သူတွေကို နေအိမ်မှာပဲ အသွားအလာကန့်သတ်တဲ့စနစ်ကို မွန်ပြည်နယ် ကိုဗစ်ထိန်းချုပ်ရေးကော်မတီရဲ့ ဆုံးဖြတ်ချက်နဲ့ ဒီဇင်ဘာက (၈)ရက်နေ့ကတည်းက စတင်ကျင့်သုံးခဲ့တာပါ။ အဲ့ဒီနောက်မှာ အတည်ပြုလူနာနဲ့ ထိတွေ့ထားတဲ့ အိမ်ထောင်စုတွေကို နေအိမ်မှာပဲ…

အလုပ်အကိုင်ရရှိရေးမှာ မသန်စွမ်းတွေ ခွဲခြားဆက်ဆံခံနေရ

မော်လမြိုင် ၊ ဇန်နဝါရီ (၂၈) အလုပ်အကိုင်အခွင့်အလမ်းရရှိရေးမှာ မသန်စွမ်းတွေဟာ အခုချိန်ထိ ခွဲခြားဆက်ဆံခံနေရတုန်းပဲလို့ မွန်ပြည်နယ် မသန်စွမ်းသူများအသင်း ဥက္ကဋ္ဌက ပြောပါတယ်။ ၂၀၁၄ ခုနှစ် သန်းခေါင်းစာရင်း အစီရင်ခံစာအရ မြန်မာနိုင်ငံလူဦးရေရဲ့ (၂.၃) သန်းဟာ မသန်စွမ်းသူတွေ ဖြစ်ပါတယ်။ ဒီမသန်စွမ်းတွေဟာ သာမာန်လူတွေနဲ့တန်းတူ လုပ်ငန်းခွင်တွေမှာ လိုက်ကိုင်ခွင့် ရရှိရေးမှာတော့ အခုချိန်ထိ ခွဲခြားဆက်ဆံခံနေရဆဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့…

ကိုဗစ်-၁၉ ကူးစက်မှုတွေကြောင့် ပြည်သူတွေ ခရီးမထွက်ဖို့ တရုတ်အစိုးရ တိုက်တွန်း

မော်လမြိုင် ၊ ဇန်နဝါရီ (၂၈) Chunyun လို့ခေါ်တဲ့ နွေဦးရာသီပွဲတော် ခရီးစဉ်ဟာ ကြာသပတေးနေ့မှာ တရားဝင်စတင်ခဲ့ သော်လည်း တရုတ်နိုင်ငံရဲ့ နေရာအချို့မှာ ဖြစ်ပွားမှုများခဲ့တဲ့ အစုလိုက်အပြုံလိုက် ရောဂါပိုးကူးစက်မှုများ ထိန်းချုပ်မှုလုပ်ငန်းကို အထောက်အကူ ဖြစ်စေရန် မိမိ အလုပ် ဒါမှမဟုတ် နေထိုင်တဲ့နေရာမှာဘဲ တိုင်းပြည်ရဲ့ အဓိကကျတဲ့ ရိုးရာအားလပ်ရက်ကို ကျင်းပဖို့ တရုတ်ပြည်သူတွေကို ပထမဆုံးအကြိမ် တိုက်တွန်းခဲ့ခြင်း…

ကျန်းမာရေးဝန်ထမ်း (၄၀၀၀)နီးပါးကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပေး

မော်လမြိုင် ၊ ဇန်နဝါရီ (၂၇) မွန်ပြည်နယ်က ကျန်းမာရေးဝန်ထမ်း (၄၀၀၀)နီးပါးကို ဒီကနေ့ မနက်ပိုင်းမှာ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခဲ့ပါတယ်။ အိန္ဒိယနိုင်ငံက ထုတ်လုပ်ထားတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးဟာ ဇန်နဝါလ (၂၂)ရက်နေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိခဲ့တာပါ။ အဲ့ဒီကာကွယ်ဆေးကိုတော့ နိုင်ငံတဝှမ်းက ကျန်းမာရေးဝန်ထမ်းတွေကို ဦးစားပေး ထိုးနှံပေးဖို့ ပြည်နယ်နဲ့တိုင်းအလိုက် ခွဲတမ်းချပေးခဲ့ပါတယ်။ မွန်ပြည်နယ်ကိုတော့ မနေ့ညပိုင်းမှာ ကာကွယ်ဆေး…

ညမထွက်ရအမိန့် နောက်ထပ်(၂)လ သက်တမ်းတိုး

မော်လမြိုင်၊ ဇန်နဝါရီ ၂၇ မော်လမြိုင် ၊ ကျိုက်ထိုနဲ့ ဘီးလင်းမြို့နယ်တို့မှာ ထုတ်ပြန်ထားတဲ့ ညမထွက်ရ အမိန့်ကို မွန်ပြည်နယ်အစိုးရက နောက်ထပ် (၂)လ ထပ်မံ သက်တမ်းတိုးလိုက်ပါတယ်။ ယခင် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ဟာ ဇန်နဝါရီ ၂၅ရက်နေ့မှာ သက်တမ်းပြည့်သွားသောကြောင့် အခုလို ထပ်မံ သက်တမ်းတိုးလိုက်တာလို့ မွန်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောပါတယ်။ “ကျွန်တော်တို့ မွန်ပြည်နယ်မှာတော့…

ကိုဗစ်အတည်ပြုလူနာကို နောက်ဆက်တွဲ ကုသရမည့် နည်းလမ်း WHO ထုတ်ပြန်

မော်လမြိုင် ၊ ဇန်နဝါရီ (၂၇) ပြန်လည်သက်သာလာပြီးတဲ့နောက် ရောဂါလက္ခဏာပြတဲ့သူတွေအပါအဝင် ကိုဗစ်-၁၉ ကူးစက်ခံရတဲ့ လူနာများ ကို ကုသရန်အတွက် လက်တွေ့စမ်းသပ်မှုအသစ်ကို ထုတ်ပြန်ခဲ့ပြီး သွေးခဲခြင်းမှကာကွယ်ဖို့ရန်အတွက် သွေးခဲမှု အနည်းဆုံး ဖြစ်စေသည့် အားပျော့တဲ့ သွေးကျဲဆေးကို သုံးစွဲဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)မှ အင်္ဂါနေ့က အကြံပြုလိုက်ပါတယ်။ လမ်းညွှန်ချက်အသစ်မှာ အိမ်မှာနေတဲ့ ကိုဗစ်လူနာတွေအနေနဲ့ သွေးထဲကအောက်စီဂျင်ကို တိုင်းတာသည့် ကိရိယာ…

ဆန္ဒပြ အိန္ဒိယလယ်သမားများ လယ်ထွန်စက်ယာဉ်တန်းများဖြင့် မြို့တော်သို့သွားရောက်

မော်လမြိုင် ၊ ဇန်နဝါရီ (၂၆) လယ်ယာစိုက်ပျိုးရေး ပြုပြင်ပြောင်းလဲမှုများအတွက် အိန္ဒိယနိုင်ငံမြောက်ပိုင်းတွင် အဓိက လမ်းမကြီးကို ပိတ်ဆို့ကာ ဆန့်ကျင်ဆန္ဒပြနေတဲ့ သောင်းနှင့်ချီတဲ့လယ်သမားတွေဟာ အိန္ဒိယ သမ္မတနိုင်ငံ အမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားမတိုင်မီ မြို့တော်သို့ လယ်ထွန်စက် ယာဉ်တန်းများဖြင့် ယမန်နေ့က ဝင်ရောက်လာခဲ့ကြတာ ဖြစ်ပါတယ်။ အိန္ဒိယသမ္မတနိုင်ငံအဖြစ်သတ်မှတ်ခဲ့တဲ့ အထိမ်းအမှတ်နေ့အဖြစ် သမိုင်းဝင် မြို့လယ်ခေါင်မှာ စစ်ရေးချီတက်ပွဲတစ်ခု ယနေ့မှာ ကျင်းပပြုလုပ်မည်ဖြစ်ရာ…

တတိယအကြိမ် လွှတ်တော်မှာ အမျိုးသမီးတွေကို ပိုမိုကိုယ်စားပြုပေးဖို့ တောင်းဆို

မော်လမြိုင် ၊ဇန်နဝါရီ (၂၄) တတိယအကြိမ် လွှတ်တော်မှာ အမျိုးသမီးတွေကို ပိုမို ကိုယ်စားပြုပေးဖို့ အမျိုးသမီးအရေး ဆောင်ရွက်နေသူတွေက မျှော်လင့်နေကြပါတယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မွန်ပြည်နယ်က အနိုင်ရ ကိုယ်စားလှယ်တွေမှာ အမျိုးသမီး (၁၁) ဦးပါဝင်ခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် (၂၄) ရာခိုင်နှုန်း ရှိခဲ့တာပါ။ ဒီအမျိုးသမီး ကိုယ်စားလှယ်တွေကနေတစ်ဆင့် လွှတ်တော်အတွင်းမှာ အမျိုးသမီးတွေကို ကိုယ်စားပြုတဲ့ မူဝါဒတွေ ၊…

ကိုဗစ်ကာကွယ်ဆေးထိုးဖို့ ကျန်းမာရေးဝန်ထမ်းတွေကို သင်တန်းပေး

မော်လမြိုင် ၊ ဇန်နဝါရီ (၂၆) ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံနိုင်ဖို့အတွက် မွန်ပြည်နယ်က ကျန်းမာရေးဝန်ထမ်းတွေကို သင်တန်းတွေ ပို့ချပေးနေပါပြီး။ အိန္ဒိယနိုင်ငံက လက်ဆောင်ပေးလိုက်တဲ့ covid-19 ကာကွယ်ဆေး (၁)သန်းကျော် ဟာ မြန်မာနိုင်ငံကို ဇန်နဝါရီလ (၂၂)ရက်နေ့မှာ ရောက်ရှိခဲ့ပြီး ဖြစ်ပါတယ်။ ရောက်ရှိလာတဲ့ ကာကွယ်ဆေးတွေဟာ လူဦးရေ (၇)သိန်းခွဲကျော်ကို ကနဦး ထိုးနှံနိုင်မှာဖြစ်ပြီး ကျန်းမာရေး ဝန်းထမ်တွေ ၊…

ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုကို တိုက်ဖျက်ဖို့ အမေရိကန် ပြန်လည် ပူးပေါင်း

မော်လမြိုင် ၊ ဇန်နဝါရီ (၂၅) ဒီကနေ့ ဇန်နဝါရီလ ၂၅ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာကြီးပူနွေးလာမှု၏အကျိုးဆက်များမှ လူများနှင့် စီးပွားရေးများအတွက် ကာကွယ်ရန် ပိုကောင်းတဲ့ နည်းလမ်းများနှင့်ပတ်သက်၍ ရာသီဥတုဖောက်ပြန် ပြောင်းလဲခြင်းကို ကမ္ဘာလုံးဆိုင်ရာ တိုက်ဖျက်မှု အမြင့်ဆုံး အဆင့်ဆွေးနွေးပွဲသို့ ပြန်လည်ရောက်ရှိလာတာ ဖြစ်ပါတယ်။ သမ္မတ Joe Biden ဟာ ၎င်းအမေရိကန်ရဲ့ ပြန်လည်ဝင်ရောက်ခြင်းအကြောင်းကို ကြေညာပြီး…