မာတီ မီဒီယာ

မော်လမြိုင်မှာ ပါဆယ်စနစ်နဲ့သာ ရောင်းချဖို့ စစ်ကောင်စီ ညွှန်ကြား

မော်လမြိုင်၊ ဇူလိုင် ၁ မော်လမြိုင်မြို့နယ်အတွင်းရှိ စားသောက်ဆိုင်တွေမှာ ပါဆယ်စနစ်နဲ့သာ ရောင်းချကြဖို့ အာဏာသိမ်း စစ်ကောင်စီရဲ့ လက်အောက်ခံ မြို့နယ် စည်ပင်သာယာရေးအဖွဲ့က ဇူလိုင် ၁ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ မော်လမြိုင်မြို့နယ်အတွင်းမှာ ကိုဗစ်ရောဂါပိုး တွေ့ရှိသူ ဆက်တိုက်မြင့်တက်လာတဲ့အတွက်ကြောင့် ပြည်နယ်အဆင့် ကိုဗစ်ထိန်ချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အစည်းအဝေးမှာ ပါဆယ်စနစ်နဲ့ ရောင်းချသွားဖို့ ဆုံးဖြတ်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။ “ပါဆယ်စနစ်နဲ့ပဲ…

စစ်အာဏာသိမ်းပြီးနောက် မော်လမြိုင်တွင် ကိုဗစ်ကြောင့် သေဆုံးသူ (၉)ဦးရှိလာ

မော်လမြိုင်၊ ဇူလိုင် ၁ စစ်အာဏာသိမ်းပြီးနောက် မော်လမြိုင်တွင် ကိုဗစ်ရောဂါကြောင့် သေဆုံးသူ (၉) ဦးအထိ ရှိလာတယ်လို့ မော်လမြိုင်ဆေးရုံကြီးရဲ့ သတင်းမြစ်တွေက တဆင့်သိရပါတယ်။ ဇွန်လ (၂၉) ရက်နေ့အထိ (၈) ဦးသေဆုံးခဲ့ပြီး ဇွန်လ (၂၉) ရက်နေ့ညတွင်မူ မော်လမြိုင်ဆေးရုံကြီးက ကိုဗစ်ရောဂါထိန်းချုပ်ကုသရေးအဆောင်မှာ တက်ရောက် ကုသနေခဲ့သည့် မော်လမြိုင်မြို့က အသက် (၄၀) အရွယ်အမျိုးသမီးလူနာ (၁)…

ညမထွက်ရအမိန့်ကြောင့် ကြက်သွန်ကုန်သည်တွေ အဆုံးရှုံးများ

မော်လမြိုင် ၊ ဧပြီ (၂၄) ညမထွက်ရအမိန့်ကြောင့် သယ်ယူပို့ဆောင်ရေးစရိတ်တွေ မြင့်တက်ခဲ့လို့ အရှုံးပေါ်နေတယ်လို့ ကြက်သွန်ကုန်သည်တွေက ဆိုပါတယ်။ နိုင်ငံတဝှမ်းက မြို့ကြီးတွေအပြင် အဝေးပြေးကားလမ်းတွေမှာပါ ည (၈)နာရီကနေ မနက် (၄)နာရီ အတွင်း အပြင်မထွက်ဖို့ အကြမ်းဖက်စစ်အုပ်စုက အမိန့်ထုတ်ပြန်ထားပါတယ်။ အခုလို အခြေအနေတွေကြောင့် ခရီးမတွင်တဲ့အပြင် သယ်ယူပို့ဆောင်ရေးစရိတ်တွေ ပိုမိုမြင့်တက်ခဲ့လို့ လုပ်ငန်းရှင်တွေက အရှုံးပေါ်နေပါတယ်။ “အရင်ကဆို ခရီးက…

ချေးငွေတွေကို အမြန်ဆုံးပြန်ဆပ်ဖို့ တောင်သူတွေကို စစ်ကောင်စီ ဖိအားပေး

မော်လမြိုင် ၊ ဧပြီ (၂၄) နိုင်ငံတော်ပိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကနေ တောင်သူတွေကို ထုတ်ချေးပေးထားတဲ့ စိုက်ပျိုးစရိတ် ချေးငွေတွေ အပါအဝင် ကိုဗစ်ကာလအထူးချေးငွေတွေကို အမြန်ဆုံး ပြန်ဆပ်ဖို့ စစ်ကောင်စီက ဖိအားပေးနေတယ်လို့ တောင်သူတွေက ပြောပါတယ်။ တောင်သူတွေ ထုတ်ယူထားတဲ့ စိုက်ပျိုးစရိတ် မိုးချေးငွေတွေဟာ ၂၀၂၁ ခုနှစ် ဧပြီလ (၁၅)ရက်နေ့ နောက်ဆုံးထား ပေးဆပ်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့်…

CDM ဝန်ထမ်းတွေ ရုံးပြန်တက်ဖို့ စစ်အုပ်စုက နည်းမျိုးစုံနှင့် ဖိအားပေး

မော်လမြိုင် ၊ ဧပြီ (၂၂) အာဏာသိမ်း စစ်ကောင်စီလက်အောက် လုပ်ငန်းတာဝန်မထမ်းဆောင်တဲ့ CDM ဝန်ထမ်းတွေကို အကြမ်းဖက် စစ်အုပ်စုက နည်းလမ်းမျိုးစုံနှင့် ဖိအားပေးပြီး ရုံးပြန်တက်ဖို့ ညွှန်ကြားနေတယ်လို့ CDM ဝန်ထမ်းတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီကိုဆန့်ကျင်တဲ့ အကြမ်းမဖက် ပြည်သူ့အာဏာ ဖီဆန်တဲ့ CDM လှုပ်ရှားမှုမှာ ထောင်နဲ့ချီတဲ့ ဝန်ထမ်းတွေ ပါဝင်နေပါတယ်။ အဆိုပါ CDM…

ပေါက်ကွဲမှုတွေ ဖြစ်ပေါ်ပြီးနောက် အကြမ်းဖက် စစ်အုပ်စုက ခပ်စိပ်စိပ် စစ်ဆေးလာ

မော်လမြိုင် ၊ ဧပြီ (၂၂) မော်လမြိုင်မြို့ပေါ်မှာ ဗုံးလို့ယူဆရတဲ့ ပေါက်ကွဲမှုတွေ ဖြစ်ပေါ်လာပြီးနောက် မွန်ပြည်နယ် အဝင်အထွက် အပါအဝင် မြို့ပေါ်တွေမှာပါ အကြမ်းဖက် စစ်အုပ်စုက စစ်ဆေးရေးတွေကို ခပ်စိပ်စိပ် လုပ်ဆောင်နေပါတယ်။ ရန်ကုန်- မော်လမြိုင် အဝေးပြေးကားလမ်းတစ်လျှောက်မှာ စစ်ဆေးရေးတွေ သုံးလေးခုထက်မနည်း ရှိနေပြီး အဝေးပြေးခရီသည်တင်ကားတွေအပါအဝင် အိမ်စီးကားတွေကိုပါ တားဆီးစစ်ဆေးနေတာ ဖြစ်ပါတယ်။ “ပဲခူးမှာ တစ်ခါစစ်တယ်။ ပဲခူးကနေ…

ဧပြီ (၂၆)မှာ NLD ကိုယ်စားလှယ် ဒေါ်မာမာခိုင်ကို ရုံးထုတ်မည်

မော်လမြိုင် ၊ ဧပြီ (၂၂) အာဏာသိမ်း စစ်အုပ်စုက ဖမ်းဆီးထိန်းသိမ်းထားတဲ့ သထုံမြို့နယ် NLD ကိုယ်စားလှယ် ဒေါ်မာမာခိုင်ကို ဧပြီလ (၂၆)ရက်နေ့မှာ ထပ်မံရုံးထုတ်မယ်လို့ လိုက်ပါဆောင်ရွက်ပေးနေသူတွေက ဆိုပါတယ်။ ဒေါ်မာမာခိုင်နှင့် ၎င်းအမျိုးသားကို စစ်အုပ်စုက ဖေဖော်ဝါရီလ (၂၅)ရက်နေ့မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မ (၅၀၅) နှင့် တရားစွဲဆိုထားပါတယ်။ မတ်လက စတင်ပြီး…

ယခုနှစ် ဆားထွက်နှုန်း ထက်ဝက်ကျမည်ဟု ဆားတောင်သူတွေ သုံးသပ်

မော်လမြိုင် ၊ ဧပြီ(၁၉) ဆားထွက်ရာသီဖြစ်တဲ့ ဧပြီလအတွင်းမှာ မိုးသည်းထန်စွာ ရွာသွန်းမှုတွေ ရှိခဲ့တာကြောင့် ဆားထွက်နှုန်း ထက်ဝက်လျော့ကျနိုင်တယ်လို့ ဆားတောင်သူတွေက ခန့်မှန်းထားပါတယ်။ မွန်ပြည်နယ်ဟာ နှစ်စဉ် ဆား မက်ထရစ်တန်ချိန် သုံးသောင်းကျော် ထုတ်လုပ်နေတာဖြစ်ပြီး မြန်မာနိုင်ငံမှာ ဒုတိယ အများဆုံး ဆားထုတ်လုပ်တဲ့ ပြည်နယ်တစ်ခု ဖြစ်ပါတယ်။ ယခုနှစ်မှာတော့ အချိန်အခါမဟုတ် မိုးသည်းထန်စွာ ရွာသွန်းမှုတွေကြောင့် ဆားလုပ်ငန်းအပေါ် ထိခိုက်မှုတွေ…

စစ်အုပ်စုကို ဆန့်ကျင်လို့ မွန်မှာ အဖမ်းခံထားရသူ အနည်းဆုံး (၂၃၂) ဦး ရှိ

မော်လမြိုင် ၊ ဧပြီ (၁၈) အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင်လို့ မွန်ပြည်နယ်မှာ အဖမ်းခံထားရသူ အနည်းဆုံး (၂၃၂) ဦး ရှိပြီးလို့ ဒီအရေးကို လိုက်ပါဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။ မွန်ပြည်နယ် (၁၀) မြို့နယ်မှာ မော်လမြိုင်က အများဆုံးအဖြစ် ဆန္ဒဖော်ထုတ်သူတွေ အပါအဝင် တက်ကြွလှုပ်ရှားသူ (၁၂၀) ဦးနှင့်အထက် ဖမ်ဆီးခံထား ရပါတယ်။ ဒါ့အပြင် သထုံမှာ…

သတင်းအမှောင်ချဖို့ PSI စက်အသုံးပြုမှုကို အကြမ်းဖက် စစ်အုပ်စု တားမြစ်

မော်လမြိုင် ၊ ဧပြီ (၁၀) သတင်းအမှောင်ချဖို့ ရည်ရွယ်ချက်ဖြင့် မိုဘိုင်းအင်တာနက်တွေကို ဖြတ်တောက်ထားတဲ့အပြင် မြန်မာနိုင်ငံရဲ့ ရုပ်သံသတင်းဌာနနှစ်ခုဖြစ်တဲ့ DVB နှင့် Mizzima တို့ရဲ့ ရုပ်သံ သတင်းတွေကို အခမဲ့ထုတ်လွှင့်ပေးနေတဲ့ PSI စက်အသုံးပြုမှုကို အကြမ်းဖက် စစ်အုပ်စုက တားမြစ်ပိတ်ပင်နေပါတယ်။ မွန်ပြည်နယ်အတွင်း မြို့နယ်တွေက PSI စက်အရောင်းဆိုင်တွေကို ဆက်လက်မရောင်းချဖို့နဲ့ PSI တပ်ဆင်ထားတဲ့ အိမ်တွေမှာ…