သတင်း

မွန်ပြည်နယ်ရှိ အခြေခံပညာကျောင်းများတွင် တိုင်းရင်းသားဘာသာ သင်ကြားပေးလျက်ရှိ

မွန်ပြည်နယ်ရှိ အခြေခံပညာကျောင်းများတွင် တိုင်းရင်းဘာသာ(၄)မျိုးကို သင်ကြားပေးလျက်ရှိပြီး မွန်ဘာသာ၊ စကော ကရင်၊ အရှေ့ပိုး ကရင်နှင့် ပအိုဝ့် ဘာသာတို့ကို သင်ကြားပေးလျက်ရှိကြောင်းသိရသည်။

မြေယာပြဿနာများ အငြင်းပွားမှု မရှိအောင် မွန်ပြည်နယ်ရှိအခြေခံပညာကျောင်းများကို မြေဂရမ်လျှောက် ထားရန် ညွှန်ကြားထားဟုဆို

မွန်ပြည်နယ်ရှိ အခြေခံပညာကျောင်းများတွင် မြေယာအငြင်းပွားသည့် မှုခင်းပြဿနာများမကြုံရအောင် မြေဂရမ်လျှောက်ထားရန် ညွှန်ကြားထားကြောင်းသိရသည်။

ထိုင်းနိုင်ငံသို့ တရားမဝင်ပို့ဆောင်မည့် ကျွဲ(၂၆)ကောင်အား ဖမ်းဆီးရမိ

သံဖြူဇရပ်မြို့နယ်၊ ဝါးခရူကျေးရွာအောက်ပိုင်း အုတ်ဖိုလမ်း၊ သင်္ချိုင်းအနီးတွင် တရားမဝင်ကျွဲများ ထိုင်းနိုင်ငံသို့ ပို့ဆောင်ရန် စီစဉ်နေစဉ် မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိပါသည်။

ပေါင်သဲဖြူကုန်းတွင် (၁၇)နှစ်အရွယ်လူငယ်ထံမှ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

ပေါင်၊ စက်တင်ဘာ ၂၄ ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာအုပ်စု သိုးကျရွာရှိ အင်ကြင်းစိမ်းစားသောက်ဆိုင်တွင် လာရောက် စားသောက်သူတစ်ဦးထံမှ မူးယစ်ဆေးပြားများကို သထုံခရိုင်ရဲတပ်ဖွဲ့မှုခင်းအကူဌာနမှ နယ်မြေခံရဲတို့ ပူးပေါင်း ပြီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အရက်မူးပြီး စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွား

သံဖြူဇရပ်၊ စက်တင်ဘာ၂၄ သံဖြူဇရပ်မြို့နယ် အနင်းကျေးရွာတွင် စက်တင်ဘာလ(၂၁)ရက်နေ့ညက အရက်မူးရာမှ စကားများ ရန်ဖြစ်ပြီး လူသတ်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

မုဒုံကန်ကြီး (၁၄၂)ကြိမ်မြောက် လှေလှော်ပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်များစတင်လေ့ကျင့်ရန် လှေရေချပွဲပြုလုပ်

မုဒုံ၊ စက်တင်ဘာ ၂၄ မုဒုံမြို့ ကန်ကြီးစေတီတော်မြတ်ရှိရာ ကန်ကြီးကန်တွင်း၌ ပြုလုပ်မည့် ၁၄၂ ကြိမ်မြောက် လှေလှော်ပြိုင် ပွဲအတွက် ပြိုင်ပွဲဝင်များစတင်လေ့ကျင့်ရန် လှေရေချပွဲကို စက်တင်ဘာလ (၂၄)ရက်နေ့က ကန်ကြီးကန်အတွင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။ <!--more--> “မနှစ်က ပြိုင်လှေကိုအစောကြီးချပေးခဲ့တယ်။ ရက်ရှည်တော့လှေအပျက်အစီးဖြစ်ခဲ့တယ်။ ဒါကြောင့် လည်း ဒီနှစ်မှာနောက်ကျပြီးတော့ ရေချရခြင်းဖြစ်တယ်။ ရက်(၂၀)လောက်လေ့ကျင့်လို့ရတယ်”ဟု ပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဌက သံလွင်တိုင်းမ်ကိုပြောသည်။ ရေချသော…

ကန်သာယာပန်းခြံအတွင်းထားရှိမည့် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုလုပ်ငန်းစဉ်အား မုဒုံမွန်လူငယ်အသင်းမှ ကန့်ကွက်

မုဒုံ၊ စက်တင်ဘာ ၂၈ မုဒုံမြို့ ကန်သာယာပန်းခြံအတွင်းထားရှိမည့် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုလုပ်ငန်းစဉ်းအား မုဒုံမွန် လူငယ်အသင်းမှ ကန့်ကွက်သည့်စာ ဖြစ်မြောက်ရေးအသင်းသို့ ပေးပို့ကန့်ကွက်ကြောင်း သိရသည်။ ကျွန်တော် ဗိုလ်ချုပ်အောင်ဆန်းကိုလေးစားတယ်။ ကျွန်တော်တို့ကန့်ကွက်ရတာက ဗိုလ်ချုပ်အောင် ဆန်း ဦးဆောင်ခဲ့တဲ့ ပင်လုံကတိကဝတ်၊ ပင်လုံစာချုပ်ကို အကောင်အထည်မဖော်နိင်သေးတဲ့အချိန်မှာ ဒီလိုမျိုး ဗိုလ်ချုပ်အောင်ဆန်းရုပ်တု မုဒုံမြို့မှာထားရှိဖို့လုပ်တာအခုချိန်မှာမလိုအပ်သေးဘူး။ ကျွန်တော်တို့ပြောပြောနေ တဲ့စကားအတိုင်းပဲ တိုင်းရင်းသားတွေအပေါ်မှာ လူမျိုးကြီးဝါဒသွတ်သွင်းခံရမှာကို ကြောက်တယ်၊ ဒီရုပ်တု…

ကျပ်သိန်း ၁၂၀တန်ဖိုးရှိ သံမောင်းအား ကမာဝက်မြို့ကျိုက်ဇယ်စေတီတော်ကြီးတွင် ထားရှိ

မုဒုံ စက်တင်ဘာ ၂၇ မုဒုံမြို့နယ်၊ ကမာဝက်မြို့ရှိ ဆံတော်ရှင်ကျိုက်ဇယ်စေတီတော်မြတ်ကြီးရင်ပြင်တော်၌ သံမောင်းတစ်ခု ကိုလာရောက်လှူဒါန်းထားရှိခဲ့ကြောင်းစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရသည်။

ရေးမြို့နာရေးကူညီမှုအသင်းမှ တစ်နှစ်တာအတွင်း ပြည်သူ့တိုက်ရိုက်အကျိုးပြုလုပ်ငန်းများအတွက် ငွေသိန်း ၆၀၀ နီးပါး ကူညီပံ့ပိုး

ရေး ၊ စက်တင်ဘာ ၂၆ ရေးမြို့၊ မြို့နယ်နာရေးကူညီမှုအသင်းအနေဖြင့် ၂၀၁၅-၂၀၁၆ ခုနှစ်အတွင်း အသင်း၏လုပ်ငန်းခွဲများ ဖြစ်သော နာရေးကူညီမှုလုပ်ငန်း၊ အောက်ဆီဂျင်လုပ်ငန်းနှင့် ကုသိုလ်ဖြစ်ဆေးခန်းလုပ်ငန်းတို့မှ ငွေကျပ်သိန်း ပေါင်း ၆၀၀ နီးပါး ကူညီပံ့ပိုးပေးနိုင်ခဲ့ကြောင်း ရေးမြို့နယ်နာရေးကူညီမှုအသင်းမှ သိရသည်။

ရေးမြို့နယ်အတွင်းရှိ ကသိုင်းအင်းအတွင်းသို့ ဆောင်းခိုငှက်များ စတင်ဝင်ရောက်

ရေး ၊ စက်တင်ဘာ ၂၆ ရေးမြို့နယ်၏မြောက်ဘက် ၃ မိုင်ခန့်အကွာတွင်တည်ရှိသည့် ကသိုင်အင်းအတွင်း ယခုအခါ ဆောင်းခို ငှက်များ စတင်ဝင်ရောက်နေပြီး နှစ်စဉ် ဆောင်းခိုငှက်ကောင်ရေ ၄၀၀၀ ကျော်ခန့် လာရောက်နားခိုလျက်ရှိ သည်ဟု ယင်းအင်းအနီးတွင်ရှိသည့် အပ္ပမာဒတောရကျောင်း(ကသိုင်ကျောင်း)မှ ဆရာတော် ဦးပညာသာမိက သံလွင်တိုင်းမ်သို့ မိန့်သည်။