စစ်ခေါင်းဆောင်နဲ့တွေ့ဆုံခဲ့တဲ့ ဩစတြေးလျသံအမတ်ရဲ့ လုပ်ရပ်လက်ခံ နိုင်စရာမရှိ
ဘန်ကောက်_ ဧပြီ(၉) အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့တဲ့မြန်မာနိုင်ငံဆိုင်ရာဩစတြေးလျသံအမတ်ရဲ့လုပ်ရပ်ဟာ စစ်ရာဇဝတ်မှုတွေကျူးလွန်တဲ့ အာဏာရှင်တွေကို အများယုံကြည်လက်ခံလာအောင် အားဖြည့်ဆောင် ရွက်ပေးတာဖြစ်တယ်လို့လူ့အခွင့်အရေးစောင့်ကြည်ရေးအဖွဲ့HRW က ပြောပါတယ်။ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့အရပ်သားအစိုးရကို စစ်တပ်ကအင်အားသုံး အာဏာသိမ်းခဲ့ပြီးနောက်မှာတော့နိုင်ငံတကာရဲ့အဆက်အဆံမခံရတဲ့အခြေအနေတွေနဲ့ရင်ဆိုင်နေရပြီး ဆန္ဒထုတ်ဖော်တဲ့ပြည်သူတွေကိုလည်း သေစေလောက်တဲ့အထိအင်အားသုံးဖြိုခွင်းနေမှုတွေရပ်တန့်ဖို့ လည်း နိုင်ငံတကာကတောင်းဆိုထားပါတယ်။ “ဒီတွေ့ဆုံမှုက လက်ရှိအစိုးရကိုတရားဝင်ဖြစ်အောင်လုပ်တာဖြစ်တယ်လို့တော ဩစတြေးလျအစိုးရ အနေနဲ့မယူဆပါဘူး” လို့ ဩစတြေးလျနိုင်ငံခြားရေးဦးစီးဌာနမှ ကတ်ရီနာ ကော်ပါ က လွှတ်တော်ကော် မတီတစ်ခုမှပြောပါတယ်။…