နိုင်ငံတကာ

ပြင်သစ်ရွေးကောက်ပွဲမှာ သမ္မတ မက်ခရွန်နဲ့ ပြိုင်ဘက် မာရင်နီလီပဲန်း တို့ ဦးဆောင်နေ

ဘန်ကောက်- ဧပြီ(၁၁) ပြင်သစ်သမ္မတ မက်ခရွန်နဲ့ သူ့ရဲ့ အကြီးဆုံးပြိုင်ဘက်ဖြစ်တဲ့ မရင်းလပန်း တို့နှစ်ယောက် စလုံး ဟာ လာမယ့် ဧပြီလ(၂၄) ရက်မှာ ကျင်းပမယ့် သမ္မတ ရွေးကောက်ပွဲမှာ အကြိတ်အနယ်ဝင်ရောက်ယှဉ်ပြိုင်နေကြပါတယ်။ သူတို့နှစ်ယောက်စလုံးဟာ မဲအရေအတွက် မတိမ်းမယိမ်းနဲ့ ရွေးကောက်ပွဲမှာ တခြားကိုယ်စားလှယ်လောင်းတွေရဲ့ ရှေ့ကနေဦးဆောင်နေပြီး သူတို့ရဲ့မဲဆွယ် ပိုစတာတွေကိုလည်း ပဲရစ်မြို့မှာ အပြိုင်အဆိုင်မြင်တွေ့နေရပြီဖြစ်ပါတယ်။ ပဲရစ်မြို့ အပြင်ဘက်မှာရှိတဲ့ ပြင်သစ်…

မလေးရှားလုပ်ငန်းရှင်တွေက အင်ဒိုအလုပ်သမားတွေ ခေါ်ဖို့ လုပ်နေ

ဘန်ကောင်- ဧပြီ(၁၁) မလေးရှားနဲ့အင်ဒိုနီးရှားအစိုးရတို့က မလေးရှားနိုင်းငံအတွင်း အင်ဒိုအိမ်အကူတွေကို ခေါ်ပြီး အလုပ်ပေးဖို့နဲ့ကာကွယ်ဖို့အတွက် နားလည်မှုစာချွန်လွှာကို ဧပြီလ(၁) ရက်နေ့က လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ အဲ့ဒီနားလည်မှုစာချွန်လွှာကို မလေးရှားလူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး M Saravanan နဲ့ အင်ဒိုနီးရှားလုပ်သားဝန်ကြီးဌာန ဝန်ကြီးတို့က လက်မှတ်ရေးထိုးခဲ့ပြီး အသိသက်သေတွေ အဖြစ် မလေးဝန်ကြီးချုပ်နဲ့ အင်ဒို သမ္မတ တို့ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ ၂၀၂၀ ဇွန်လကစပြီး နိုင်ငံခြားသားအလုပ်သမားခေါ်ဖို့ ကန့်သတ်ထားတဲ့…

ဟာဂျ်ဘုရားဖူးတစ်သိန်း ခွင့်ပြုပေးဖို့ ဆော်ဒီအာဏာပိုင်တွေစီစဉ်

ဘန်ကောက်- ဧပြီ(၁၁) ကိုဗစ်ကြောင့် (၂) နှစ်ကျော်ရပ်နားထားရတဲ့ ဟာဂျ့်ဘာသာရေးအခမ်းအနား ကို ပြည်တွင်းပြည်ပ မွတ်ဆလင် တစ်သိန်းကို ခွင့်ပြုပေးသွားမယ်လို့ ဆော်ဒီနိုင်ငံက ကြေငြာထားပါတယ်။ အခုထုတ်ပြန်ချက်ဟာ ၂၀၁၉ ခုနှစ်တည်းက ဘုရားဖူးခွင့်မရတော့တဲ့ မွတ်ဆလင် အများစုအတွက် သတင်းကောင်းဖြစ်ပါတယ်။ ဟာဂျ့်အခမ်းအနားဟာ ကမ္ဘာ့အကြီးဆုံးစုဝေးမှုတွေမှာ တစ်ခုအပါအဝင်ဖြစ်ပြီး ၂၀၁၉ ခုနှစ်က လူ၂.၅ မီလီယံအထိစုဝေးနိုင်ခဲ့ပေမယ့် ၂၀၂၀ ခုနှစ်မှာတော့ ကိုဗစ်-19…

လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့နဲ့ လွတ်ငြိမ်းချမ်းသာခွင့် စောင့်ကြည့်ရေးအဖွဲ့မှာ မှတ်ပုံတင်ထားတာ ရုရှား ရုပ်သိမ်း

ဘန်ကောက် – ဧပြီ(၁၀) အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့နဲ့လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) အပါအဝင် နိုင်ငံရပ်ခြားအဖွဲ့အစည်း(၁၅) ဖွဲ့ကနေ မှတ်ပုံတင်ထားတာကို ရုပ်သိမ်းလိုက်တယ်လို့ ရုရှားတရားရေး ဝန်ကြီးဌာနက ပြောပါတယ်။ နိုင်ငံတကာငြိမ်းချမ်းရေးအဖွဲ့ Carnegie Endowment for International Peace (CEIP) အပါအဝင် ရုရှားအဖွဲ့အစည်းတွေရဲ့ ယူနစ်တွေကို ရုရှားဖက်ဒရေးရှင်းရဲ့ လက်ရှိဥပဒေတွေကို ချိုးဖောက်တဲ့ အတွက် ဖယ်ထုတ်လိုက်တာဖြစ်တယ်လို့ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ…

ဘရားဇီး အမေဇုန် အပူပိုင်း မိုးသစ်တောပြုန်းတီးမှု စံချိန်တင် မြင့် တက်

ဘန်ကောက် – ဧပြီ(၁၀) ‌ဘရာဇီးနိုင်ငံ အာကာသသုတေသနဌာန National Institute for Space Research (INPE).ရဲ့ အသစ်ထုတ်ပြန်တဲ့ အစီရင်ခံစာ အရ အမေဇုံ မိုးသစ်တောတွေရဲ့ သစ်တောပြုန်းတီးမှုနှုန်းထားမှာ ၂၀၂၂ ခုနှစ် ပထမ ၃ လပတ်အတွင်း အမြင့်ဆုံး စံချိန် ဖြစ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဇန်နဝါရီလနဲ့မတ်လအကြားမှာ သစ်တော စတုရန်းကီလိုမီတာ ၉၄၁.၃၄ဟာ…

အင်ဒို-ပစိဖိတ်ဒေသတွင်းလုံခြုံရေးအတွက် ဂျပန်နဲ့ဖိလစ်ပိုင် နှစ်ဘက်နှစ်ရပ်လုံခြုံရေးဆိုင်ရာဆွေးနွေးပွဲ ပြုလုပ်

ဘန်ကောက်- ဧပြီ(၁၀) အင်ဒို-ပစိဖိတ်ဒေသတွင်း လုံခြုံရေးအခြေအနေပေါ်အလေးထားရမယ့် အရေးကိစ္စအဖြစ် ဖော်ပြဖို့ ဂျပန်နဲ့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ကာကွယ်ရေးဝန်ကြီးတို့ ရဲ့ ပထမဆုံး နှစ်ဘက်နှစ်ရပ်လုံခြုံရေးဆွေး နွေးပွဲကို ပြုလုပ်ခဲ့ပါတယ်။ ဆွေးနွေးပွဲပြီး ထုတ်ပြန်မယ့် ပူးတွဲကြေညာချက်မှာ နှစ်နိုင်ငံလုံခြုံရေးပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့ ဝန်ကြီးတွေသဘောတူနိုင်တယ်လို့ ဂျပန်အစိုးရသတင်းရင်းမြစ်တွေက ပြောပါတယ်။ ဂျပန်နိုင်ငံနိုင်ငံခြားရေးဝန်ကြီး ယိုရှီမာဆာ ဟာရာရှီ၊ ကာကွယ်ရေးဝန်ကြီး နော့ဘ်ဘူဝေါ် ကီရှီ နဲ့…

အမေရိကန် ပဲ့ထိန်းဒုံးတွေကို မူးယစ်ဆေးဝါးနဲ့အလဲအလှယ်လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရာကူဇာ ခေါင်းဆောင်ဖမ်းဆီးခံရ

ဘန်ကောက် ၊ ဧပြီ (၉) ဟီရိုရင်းနဲ့ စိတ်ကြွဆေးတွေကို မှောင်ခိုကူးသန်းပြီး မြန်မာနဲ့ သီရီလင်္ကာနိုင်ငံက လက်နက်ကိုင် အဖွဲ့တွေအတွက် အမေရိကန်ထုတ် ပဲ့ထိန်း ဒုံးကျည်တွေလဲလှယ်ဖို့ ပြုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက် နဲ့ ဂျပန်ရာကူဇာနဲ့ ထိုင်းနိုင်ငံသားသုံးယောက်ကို အမေရိကန်ပြည်ထောင်စုက ဖမ်းဆီးလိုက်ပါတယ်။ အမေရိကန်တရားမျှတမှုဦးစီးဌာနဲ့ ပြောဆိုချက်တွေအရတော့ အဲ့ဒီ လူသုံးယောက်ဟာ မူးယစ်ဆေးဝါး နဲ့ လက်နက်မှောင်ခိုမှုနဲ့ငွေကြေးခဝါချမှုတွေကြောင့် နယူးယောက်မြို့ထဲမှာ ဖမ်းဆီးခံခဲ့ရတာပါ။…

သမီးရင်းကို လိင်ဝန်ဆောင်မှု ပြုဖို့ စေခိုင်းတဲ့အမျိုးသမီးဖမ်းဆီးခံထားရ

ဘန်ကောက်- ဧပြီ(၉) ဆယ်ကျော်သက် မိန်းကလေးတွေကိုငွေကြေးနဲ့ လိင်ဝန်ဆောင်မှုပေးဖို့ဖြားယောင်းတဲ့ အမျိုးသမီး (၃)ယောက်ကို ဖမ်းဆီးထားပြီး အဲ့ဒီအမျိုးသမီးတွေထဲက တစ်ယောက်ဟာ ဖြားယောင်းခံထားရတဲ့ မိန်းကလေးငယ်တစ်ယောက်ရဲ့ မိခင်ပါတယ်လို့ သိရပါတယ်။ ဆာရာပူရီနဲ့ချင်းရိုင်းမြို့က အဆောက်အအုံသုံးခုမှာ မိန်းကလေးငယ်တွေကို ပြည့်တန်ဆာအနေနဲ့ ခေါ်ထားတဲ့အဖွဲ့ကို လူကုန်ကူးမှုတာဆီးနှိမ်နင်းရေးဌာနခွဲက ရဲတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ဖမ်းဆီး ချိန်မှာ သူတို့ကိုဖမ်းမိခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ဖမ်းဆီးခံရတဲ့ အမျိုးသမီးတွေဟာ ပြည့်တန်ဆာမိန်းကလေးတွေကို ဖောက်သည်တွေနဲ့ အဓိက ချိတ်…

စစ်ခေါင်းဆောင်နဲ့တွေ့ဆုံခဲ့တဲ့ ဩစ‌တြေးလျသံအမတ်ရဲ့ လုပ်ရပ်လက်ခံ နိုင်စရာမရှိ

ဘန်ကောက်_ ဧပြီ(၉) အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့တဲ့မြန်မာနိုင်ငံဆိုင်ရာဩစ‌တြေးလျသံအမတ်ရဲ့လုပ်ရပ်ဟာ စစ်ရာဇဝတ်မှုတွေကျူးလွန်တဲ့ အာဏာရှင်တွေကို အများယုံကြည်လက်ခံလာအောင် အားဖြည့်ဆောင် ရွက်ပေးတာဖြစ်တယ်လို့လူ့အခွင့်အရေးစောင့်ကြည်ရေးအဖွဲ့HRW က ပြောပါတယ်။ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့အရပ်သားအစိုးရကို စစ်တပ်ကအင်အားသုံး အာဏာသိမ်းခဲ့ပြီးနောက်မှာတော့နိုင်ငံတကာရဲ့အဆက်အဆံမခံရတဲ့အခြေအနေတွေနဲ့ရင်ဆိုင်နေရပြီး ဆန္ဒထုတ်ဖော်တဲ့ပြည်သူတွေကိုလည်း သေစေလောက်တဲ့အထိအင်အားသုံးဖြိုခွင်းနေမှုတွေရပ်တန့်ဖို့ လည်း နိုင်ငံတကာကတောင်းဆိုထားပါတယ်။ “ဒီတွေ့ဆုံမှုက လက်ရှိအစိုးရကိုတရားဝင်ဖြစ်အောင်လုပ်တာဖြစ်တယ်လို့တော ဩစ‌တြေးလျအစိုးရ အနေနဲ့မယူဆပါဘူး” လို့ ဩစတြေးလျနိုင်ငံခြားရေးဦးစီးဌာနမှ ကတ်ရီနာ ကော်ပါ က လွှတ်တော်ကော် မတီတစ်ခုမှပြောပါတယ်။…

G-20 က ရုရှားကို ဖယ်ရှားဖို့ အမေရိကန်နဲ့ အနောက်မဟာမိတ်နိုင်ငံတွေ တောင်းဆို

ဘန်ကောက်_ဧပြီ(၈) ယူကရိန်းနိုင်ငံကို ကျူးကျော်စစ်ဆင်နွှဲခဲ့တဲ့ ရုရှားနိုင်ငံကို ထိပ်သီးစက်မှုနိုင်ငံ(၂၀) G-20 အဖွဲ့ကနေ ဖယ်ရှားဖို့ အမေရိကန်နိုင်ငံနဲ့ အနောက်အုပ်စုမဟာမိတ်နိုင်ငံတွေက တောင်းဆိုလိုက်ပါတယ်။ G-20 အုပ်စု ရဲ့အလှည့်ကျဥက္ကဌ နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားကတော့ ဒီကိစ္စကိုလေ့လာဆန်းစစ်တာတွေ လုပ်ဆောင်ပြီးရင် သူတို့ရဲ့ ရပ်တည်ချက်ကို ထုတ်ဖော်သွားမယ်လို့ မနေ့ကပြောခဲ့ပါတယ်။ “လောလောဆယ်တော့ ကျနော်တို့က ဒါကို စုံစမ်းနေပါတယ်။ အမှန်ကတော့ G-20 ရဲ့ ဥက္ကဋ္ဌအနေနဲ့…