သံလွင်တိုင်းမ်

ပေါင်မြို့တွင်ကျောင်းသား ၁၀၀၀ကျော်ကို နိုင်ငံသားစီစစ်ရေးကတ်ပြားထုတ်ပေးရန်အသင့်ဖြစ်နေ

ပေါင်၊ ဇူလိုင် ၂၈ ရက်တစ်ရာ သစ္စာစီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ မွန်ပြည်နယ်လဝက ဌာနက ပြုလုပ်ပေးနေပြီး ဦးစားပေးအဆင့်ဖြင့် စာသင်ကျောင်းများမှ ကျောင်းသားများအားပြုလုပ်ပေးနေခဲ့ရာ လူဦးရေ (၁၀၀၀)ကျော်အား ထုတ်ပေးရန်စီစစ်ပြီးဖြစ်သည်ဟုသိရသည်။

ကျေးရွာမီးလင်းရေးကော်မတီများမှ လေလွင့်ယူနစ်အတွက် ပြည်သူထံမှကောက်ခံ၍ ငွေပေးသွင်းနေရ

ပေါင်၊ ဇူလိုင် ၂၅ မြန်မာ့လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ မှတ်သားပေးသော မီတာယူနစ်သတ်မှတ်ချက်အရ ကျေးရွာမီးလင်းရေးကော်မတီများက ငွေကျေးပေးသွင်းနေကြရပြီး ဓာတ်အားလေလွင့်ပျောက်ဆုံးမှုအတွက် ပါ တွက်ချက်ပေးသွင်းရပြိး ထိုငွေများကို မီးသုံစွဲသူပြည်သူများထံမှအချိုးကျတွက်ချက်ကောက် ခံပေးနေရကြောင်း မီးလင်းရေးကော်မတီများထံမှ သိရသည်။

ပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့သော်လည်း ခရုဖျက်နေဆဲဖြစ်သောကြောင့် လယ်သမားများအခက်တွေ့

ပေါင်၊ ဇူလိုင် ၂၅ မြို့နယ်စိုက်ပျိုးရေးဌာနက ယခုနှစ်မိုးစပါးရာသီအတွက် ခရုနှင့်ပတ်သက်သော ပညာပေးမှု (၃၄) ကြိမ် ပြုလုပ်ခဲ့သည်ဟု သိရသော်လည်း ပေါင်မြို့နယ်ရှိ ကျေးရွာအချို့တွင် စပါးပျိုးခင်းများအား ခရုဖျက်ဆီးခံရသဖြင့် မျိုးစပါးအခက်အခဲဖြစ်နေကြောင်း သဲကုန်း၊ ညောင်ကုန်းကြီး၊ ထန်းပင်ချောင်လေးကျေးရွာ တို့မှ လယ်သမား များထံမှ သိရသည်။

ဇင်းကျိုက်မြို့ရှိ နေအိမ်တစ်ခုသို့ ချေတစ်ကောင်ဝင်ရောက်

ပေါင်၊ ဇူလိုင် ၂၈ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့ရှိ နေအိမ်တစ်ခုအတွင်းသို့ ချေတစ်ကောင်ဝင်ရောက် လာခဲ့ပြီး လက်ရှိအချိန်တွင် အဆိုပါနေအိမ်တွင်ပင် ထိန်းသိမ်းထားကြောင်း သတင်းရရှိသည်။

မွန်ပြည်နယ်တွင်မျက်မမြင်များအားကူညီရန် အရပ်ဘက်ကော်မတီတစ်ခုဖွဲ့စည်း

မော်လမြိုင်၊ ဇူလိုင် ၂၇ မျက်မမြင်များအရေး ကူညီမှုပြုလုပ်ပေးနိုင်ရန် မွန်ပြည်နယ်အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ မျက်မမြင်ရေးရာအရပ်ဘက်ကော်မတီတစ်ခုကို ဇူလိုင်၂၇ရက်နေ့က လူပုဂ္ဂိုလ်(၅)ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

ကျိုက်ထီးရိုးက အခန်းပိုတွေ တစ်လအတွင်း ဖျက်ရမည့်ကိစ္စအပေါ် ပိုင်ရှင်အသနားခံစာတင်ထားရာတွင် ပြည်ထောင်စုမှ ဆုံးဖြတ်မည့်အပေါ် ပြည်နယ်အစိုးရလိုက်နာမည်

မော်လမြိုင်၊ ဇူလိုင် ၁၆ ကျိုက်ထီးရိုးတောင်ပေါ်က ရိုးရိုးလေးဟိုတယ်ရှိအခန်းပိုများအား တလအတွင်းဖျက်ရမည့်ကိစ္စအပေါ် ပိုင်ရှင်က အသနားခံစာတင်ထားသည့်အတွက် ပြည်ထောင်စုအဆင့်မှ ဆုံးဖြတ်ချက်အတိုင်း ပြည်နယ်အစိုးရကလိုက်နာ သွားမည်ဟု မွန်ပြည်နယ်အစိုးရရုံးမှသိရသည်။

မုဒုံဗျိုင်းနှစ်ကောင်မုဒ်ဦးအား အသစ်ပြန်လည် တည်ဆောက်မည်

မုဒုံ ဇူလိုင် ၂၇ မုဒုံမြို့နယ်၊ မြိုင်ကုန်းကျေးရွာရှိ ကမ္ဘာ့အကြီးဆုံးအတောင်(၄၀၀)ပြည့်လျောင်းတော်မူဘုရားကြီးနှင့် တည်ဆောက်ဆဲအတောင်(၆၀၀)ပြည်လျောင်းတော်မူဘုရားကြီးအဝင်လမ်းဝရှိ ဗျိုင်းနှစ်ကောင်မုဒ်ဦးအား အသစ်တည်ဆောက်ရန်အတွက် ဖြိုချခြင်းများကို ဇူလိုင်လ(၂၄)ရက်နေ့ မနက်ပိုင်းမှ စတင်ကာဆောင်ရွက်နေကြောင်းသိရှိရသည်။

ရေးမြို့နေပြည်သူများအနေဖြင့် ဆေးရုံနှင့်ပတ်သက်ပြီး အကြံပြုချက်များ ဆေးရုံအုပ်ထံ တိုက်ရိုက်ပြောကြားနိုင်

ရေး ၊ ဇူလိုင် ၂၇ ရေးမြို့ပြည်သူ့ဆေးရုံနှင့်ပတ်သက်၍ အကြံပြုချက်များရှိပါက ဆေးရုံအုပ်ထံ တိုက်ရိုက်ပြောကြားနိုင် ကြောင်း ရေးမြို့ပြည်သူ့ဆေးရုံကြီးမှဆေးရုံအုပ် ဒေါက်တာမေစန်းချိုက သံလွင်တိုင်းမ်သို့ ပြောသည်။

ပေါင်မြို့နယ် အားကစားရုံကို ပြန်လည်ပြင်ဆင်တည်ဆောက်ရန် လျှောက်ထား

ပေါင်၊ ဇူလိုင် ၂၇ ပေါင်မြို့နယ်၊ ပေါင်းရပ်ကွက်ရှိ ကာလအတန်ကြာအသုံးပြုခြင်းမရှိခဲ့သဖြင့် ဆွေးမြေ့နေသော မြို့နယ်အားကစားရုံအား အသစ်ပြန်လည်တည်ဆောက်ရန် ခွင့်ပြုချက်တင်ထားကြောင်း ပေါင်မြို့နယ် အား/ကာ ဌာနမှ သိရသည်။

ပြင်ပပညာရှင်(သို့) လွှတ်တော်ကိုယ်စားလှယ်ထဲမှကိုယ်စားလှယ်အား မွန်ပြည်နယ်ဝန်ကြီးချုပ်မှ ပူးတွဲတာဝန် ယူထားသည့် ဌာန(၂)ခုကို ပြန်လွှဲရန်စီစဉ်

မော်လမြိုင်၊ ဇူလိုင် ၂၅ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦးမှ ပူးတွဲတာဝန်ယူထားသည့် ဌာန(၂)ကို ပြင်ပပညာရှင်(သို့) ကိုယ်စားလှယ်ထဲမှ ကိုယ်စားလှယ်အား တာဝန်များကိုပြန်လည်လွှဲအပ်သွားမည်ဟု ပြည်နယ်အစိုးရရုံးမှ သိရ သည်။