သံလွင်တိုင်းမ်

၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်အတွက် ကျိုက်မရောမြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကုမ္ပဏီ(၆)ခု မှ တာဝန်ယူဆောင်ရွက်မည်

ကျိုက်မရော စက်တင်ဘာ ၁၉ ကျိုက်မရောမြို့နယ်တွင် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်အတွက် မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများ မိတ်ဆက် ခြင်းအခမ်းအနားကို ပြုလုပ်ခဲ့ပြီး တင်ဒါအောင်ကုမ္ပဏီ(၆)ခုက တာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်း ရှင်းလင်း ပွဲမှ သိရသည်။

Southern Myanmar Football Club မှ မော်လမြိုင်မြို့တွင် အိမ်ကွင်းပွဲစဉ်များအဖြစ် အခြေချလက်ခံကစားရန် စီစဉ်

မော်လမြိုင်၊ စက်တင်ဘာ ၂၂ မွန်ပြည်နယ် နှင့် တနင်္သာရီတိုင်းဒေသကြီးအခြေစိုက် Southern Mayanmar ဘောလုံးအသင်းမှ မော်လမြိုင်မြို့ရှိ ရာမည အားကစားကွင်း(ယခင် မြင်းပြိုင်ကွင်း) ကျောင်းသားအားကစားကွင်းအား ပြန်လည် ပြုပြင်ကာ အိမ်ကွင်းပွဲစဉ်များအတွက် အခြေချနိုင်အောင် စီစဉ်နေပြီဖြစ်ကြောင်းသိရသည်။

မုဒုံတွင် ဗြောက်အိုး၊ မီးရှုးမီးပန်း ရောင်းဝယ်ပစ်ဖောက်ခြင်းအားတားမြစ်

မုဒုံ၊ စက်တင်ဘာ ၁၉ မုဒုံမြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာများတွင် ဗြောက်အိုး၊ မီးရှုးမီးပန်း ရောင်းဝယ်ပစ်ဖောက်ခြင်းအား တား မြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တရားဝင်အမိန့်ထုတ်ပြန်လိုက်သည်။<!--more--> “အဓိကမဖြစ်သင့်မဖြစ်ထိုက်တာတွေ မဖြစ်ဖို့ကြိုတင်ကာကွယ်တဲ့သဘောပါ။ နယ်မြေ လုံခြုံရေးအရ သိပ်အရေးကြီးတဲ့အတွက် ဒီအမိန့်ကိုထုတ်ရခြင်းဖြစ်တယ်။ ယိုးဒယားဘက်ကလာတဲ့ မီးရှူး၊ မီးပန်းတွေကသေနတ်သံထက်ကို ပိုကျယ်တယ်။ မီးပန်းလွှတ်သံလား သေနတ်သံလားထင်ယောင်ထင်မှားဖြစ်စေတယ်။ ဒါကိုဖျက်ဆီးရေးသမားများ၊ အကြမ်းဖက်သမားများက အခွင့်အရေးတစ်ရပ်လိုအသုံးချပြီး ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများပြုလုပ်လာနိင်တယ်”ဟု မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်ထင်ကသံလွင်တိုင်းမ်ကိုပြောသည်။…

အိမ်ထောင်စုစာရင်းပြုလုပ်ရာ၌ ပိုင်ဆိုင်မှုစာချုပ်တောင်းခံနေ၍ ပြည်သူ့အချို့အခက်တွေ့နေဟုဆို

ပေါင်၊ စက်တင်ဘာ၂၀ ပေါင်မြို့နယ်တွင် အိမ်ထောင်စုစာရင်းပြုလုပ်ရာ၌ ပိုင်ဆိုင်မှုစာချုပ်များတောင်းခံနေခြင်းကြောင့် အိမ်ထောင်စုစာရင်းပြုလုပ်သူ ပြည်သူအချို့အခက်တွေ့နေကြောင်း သိရသည်။

သံဖြူဇရပ်တွင် မှိုနှင့် မှိုမျိုးစေ့ထုတ်လုပ်ခြင်းလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းနေ

သံဖြူဇရပ်၊ စက်တင်ဘာ ၁၉ သံဖြူဇရပ်မြို့တွင် မှိုနှင့် မှိုမျိုးစေ့ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများ အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

ပေါင်တွင် ကျောင်းဆရာမတစ်ဦး ဓါးဖြင့်ခြိမ်းခြောက်လုယက်ခံရ

ပေါင်၊ စက်တင်ဘာ ၁၇ ပေါင်မြို့နယ် ကဒါမြို့သစ်တွင် အိမ်ပြန်လာသော ကျောင်းဆရာမတစ်ဦး ဓားဖြင့် ခြိမ်းခြောက် ခံရကာ ရွှေထည်ပစ္စည်းများနှင့် ငွေသားအချို့လုယူခံရကြောင်း သတင်းရရှိပါသည်။

ပြည်သူ့ကြားမှာ သမိုင်းရှာ (၃)

နိုင်စံဝင်း ကြို့ပင်ကုန်းပေါ်တော်မူကုန်းတွင် လုပ်စရာကျန်သေး၏။ ဆရာတော်သီတင်းသုံးရာ ဝါးကျောင်းကို မြေ ပြန့်အနိမ့်ပိုင်းတွင် ဆောက်ထား၏။ မြောက်ဘက်ရှိ ပေါ်တော်မူစေတီငုတ်တိုငယ်၏ တည်နေရာမှာ မြေမြင့်ပိုင်း ရှေ့နောက်တန်းနေသည်။ မြို့ဟောင်းကို ကောင်းကင်ဓါတ်ပုံမှ လေ့လာထားချက်အရ ကြို့ပင်ကုန်းတည်ရာမှာ

“လူတွေရဲ့အမြင်ကိုလည်း ပြောင်းလဲပေးဖို့ လိုအပ်တယ်”

မြန်မာ့လူ့အဖွဲ့အစည်းမှာ အမျိုးသမီးတွေအပေါ် ထားရှိတဲ့ အမြင်တွေကို ပြောင်းလဲသင့်ပြီလို့ မေ့စွမ်းရည်အဖွဲ့က ပြောလိုက်ပါတယ် ရန်ကုန် (Myanmar Now) – နိုင်ငံရေးမှာ အမျိုးသမီးများ ပိုမိုပါဝင်လာနိုင်ဖို့ သင်တန်းပေးနေသူများထဲမှာ ရန်ကုန်အခြေစိုက် မေ့စွမ်းရည်အဖွဲ့လည်း ပါဝင်

ဝံပုလွေ သားရဲတွင်းကို ဖောက်ထွက်ခြင်း

ဌေးဝင်း ဝံပုလွေဆိုတာ ကောက်ကျစ်စဉ်းလဲတယ်၊ ရက်စက်တယ်၊ သူ့အုပ်စုကလွဲလို့ အခြားအပြင်က ဝံပုလွေတောင် သိပ် လက် မခံဘူး။ စားမာန်ကြီးတယ်။ အတ္တကြီးတယ်။ အသားစား သတ္တဝါဆိုတော့ မျက်လုံးက ရဲပြီး သတ်မှ စားရတယ်လေ´ လို့ မိတ်ဆွေကြီး ကိုမြင့်ေ၀ ပြောပြတာကို ကိုစောနောင် သတိရနေတယ်။ ဒီသတ္တဝါတွေဟာ အုပ်နဲ့ကျင်းနဲ့ သူတို့ရဲ့ သားရဲ တွင်းမှာ နေတတ်ကြသတဲ့။

အဆင့်မြင့်အစိုးရဧည့်ရိပ်သာနှင့် ဥပဒေချုပ်ရုံးတည်ဆောက်မည့် စီမံကိန်းနှစ်ခုအစား ပြည်သူအကျိုးရှိ သည့် စီမံကိန်းများပြောင်းလဲဆောင်ရွက်ရန် အဆို အနိုင်ရ

မော်လမြိုင်၊ အောက်တိုဘာ ၄ ပြီးခဲ့သည့်အစိုးရလက်ထက်တွင် အတည်ပြုထားသည့် မွန်ပြည်နယ်အတွင်း တည်ဆောက် မည့် စီမံကိန်း(၂)ခုဖြစ်သော အဆင့်မြင့်အစိုးရဧည့်ရိပ်သာနှင့် ဥပဒေချုပ်ရုံးတည်ဆောက်မည့် ကုန်ကျ မည့်ငွေအား လွှတ်တော်မှပြောင်းလဲသုံးစွဲသင့်ကြောင်း အဆိုအောင်မြင်သွားကြောင်းသိရသည်။