သံလွင်တိုင်းမ်

ချောင်းဆုံ AMDP ပါတီ၏ တောင်းဆိုချက်များအပေါ် ပါတီဗဟိုမှ တွေ့ဆုံညှိုနှိုင်းပြီ

မော်လမြိုင်၊ နိုဝင်ဘာ ၁၀ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေပါတီ(ချောင်းဆုံ) ၏ သဘောထားထုတ်ပြန်ကြေညာချက် ထွက်ပေါ်လာပြီးနောက်ပိုင်း မကြာမီကာလမှာပင် ပါတီဗဟိုမှ ၎င်းတို့ပါတီဝင်များ၏တောင်းဆိုချက် များကို ညှိုနှိုင်းဆွေးနွေးလိုသည့်အတွက် နိုဝင်ဘာလ (၁၀) ရက်နေ့က ပါတီဗဟို အတွင်းရေးမှူး ဦးနိုင်စံတင်၏ မွန်ဒေသလုံး

အကြိမ် (၉ဝ) ပြည့် မုဒုံ မသိုးသင်္ကန်း ယက်ခတ်ယှဉ်ပြိုင်ပွဲ အထူးစည်းကားစွာ ကျင်းပမည်

မုဒုံ၊ နိုဝင်ဘာ ၉ တန်ဆောင်မုန်းလရောက်တိုင်း အစဉ်လာမပျက် ကျင်းပလာခဲ့သည့် မုဒုံမြို့ မသိုးသင်္ကန်း ယက်ခတ်ယှဉ်ပြိုင်ခြင်းကို ယခုနှစ်တွင် အထူးစည်ကားသိုက်မြိုက်စွာ ပြုလုပ်ကျင်းပရန် စီစဉ်လျက်ရှိကြောင်း ပြိုင်ပွဲကြီးကြပ်ရေးကော်မတီထံမှ သိရှိရသည်။

ရန်ကုန်မှ မော်လမြိုင်သို့ ပြေးဆွဲမည့် လျှပ်စစ်ရထားအတွက် ရထားလမ်းကြောင်း အခက်အခဲရှိဟု ဝန်ကြီးပြော

မော်လမြိုင်၊နိုဝင်ဘာ ၁ဝ ရန်ကုန်နှင့် မော်လမြိုင်ခရီးကို အချိန်တစ်နာရီသာ ပြေးဆွဲမည့် လျှပ်စစ်ရထားစီမံကိန်းကို အကောင်အထည် ဖော်ဖြစ်ပါက ရထားလမ်းကြောင်း အခက်အခဲများနှင့် ရင်ဆိုင်ရနိုင်ကြောင်း မွန်ပြည်နယ် စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင် ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက သံလွင်တိုင်းမ်သို့ ပြောသည်။

အမည်မသိ ပိုးကောင်၏ အမွေးအမျှင် လွင့်ကျထိမိပြီး စာသင်ကြားမှု အခက်အခဲဖြစ်

သံဖြူဇရပ်၊ နိုဝင်ဘာ ၇ သံဖြူဇရပ်မြို့ ဝဲကလီကျေးရွာအုပ်စု အိုင်ရှည်ကျေးရွာ အစိုးရမူလတန်းလွန်ကျောင်းရှေ့ ညောင်ပင်ကြီးအပေါ်မှ အမည်မသိ ပိုးကောင်များ၏ အမွှေးအမြှင်များ လွင့်ကျရာမှ ထိမိသည့် ကျောင်းသူ ကျောင်းသားများနှင့် ဆရာ ဆရာမ ယားယံအနာ ဖြစ်နေကြောင်း ကျောင်းအုပ်ထံမှ သိရသည်။

လာမည့်နွေရာသီတွင် ရေရှားပါးသည့်ကျေးရွာများသို့ ရေလှူဒါန်းရန် လူငယ်များငွေစု

မုဒုံ၊ နိုဝင်ဘာ ၉ လာမည့်နွေရာသီတွင် ရေရှားပါးပြီး၊ သောက်ရေ အခက်အခဲ ဖြစ်နိင်မည့် ကျေးရွာများသို့ သောက်ရေလှူဒါန်းနိုင်ရန်အတွက် မုဒုံမြို့၊ မြို့မ (၂) ရပ်ကွက်မှ အခြေခံအလုပ်သမားများက ငွေများ စတင်စုဆောင်းနေကြောင်း အဆိုပါလူငယ်အလုပ်သမားများထံမှ သိရှိရသည်။

AMDP ပါတီ(ဗဟို)မှ မွန်ပါတီများ စည်းလုံးညီညွတ်ရေးအတွက် မွန်(၂)ပါတီအား ကမ်းလှမ်းစာပေးပို့

မော်လမြိုင်၊ နိုဝင်ဘာလ ၈ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ(ဗဟို)မှ မွန်အမျိုးသားများနှင့် မွန်ပါတီများစည်းလုံးညီညွတ်ရေးအတွက် ဆွေးနွေးပွဲများကျင်းပနိုင်ရန် မွန်အမျိုးသားပါတီနှင့် မွန်အမျိုးသမီးပါတီ တို့၏ ဥက္ကဌများထံ လိပ်မူကာ နိုဝင်ဘာလ (၇) ရက်နေ့က ကမ်းလှမ်းစာတစ်စောင် ပေးပို့ခဲ့သည်။

လမိုင်းမြို့ကျန်းမာရေးလိုအပ်ချက်များအပါအဝင် အချက် ၈ ချက်အား ကိုယ်စားလှယ်များထံတင်ပြ

ရေး ၊ နိုဝင်ဘာ ၉ ရေးမြို့နယ်၊ လမိုင်းမြို့၏ ကျန်းမာရေးဆိုင်ရာလိုအပ်ချက်များအပါအဝင် ဒေသအတွင်းလိုအပ်နေသည့်ကိစ္စရပ်များအား သက်ဆိုင်ရာအစိုးရအဖွဲ့နှင့် လွှတ် တော်ကိုယ်စားလှယ်များ ကူညီဆောင်ရွက်ပေးရေး တင်ပြထားသည်ဟုဒေသခံများက ပြောသည်။

မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့တွင် တန်ဖိုးသင့်အိမ်ရာ တိုက်ခန်းများဆောက်လုပ်ရန် ကုမ္ပဏီများကို တင်ဒါခေါ်ယူသွားမည်

မော်လမြိုင်၊ နိုဝင်ဘာ ၁၀ မွန်ပြည်အတွင်းရှိ မြို့နယ်အချို့တွင် တန်ဖိုးသင့် အိမ်ရာ တိုက်ခန်းပေါင်း ၄၆၀၀ ကျော်ကို ဆောက်လုပ်သွားရန် စီမံကိန်းရေးဆွဲပြီးနောက် အဆိုပါ အိမ်ရာ များအတွက် ကုမ္ပဏီများကိုတင်ဒါခေါ်ယူသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာမှ သတင်းရရှိသည်။

မော်လမြိုင် ခိုးဝင်ဘင်္ဂါလီများကို ထောင်ဒဏ်ချမှတ်ပြီးနောက် လွတ်မြောက်လာပါက ရခိုင်ပြည်နယ်သို့ ပြန်လည်ပို့ဆောင်မည်

မော်လမြိုင်၊နိုဝင်ဘာ ၁၀ မော်လမြိုင်မြို့ လှိုင်အဝေးပြေးယာဉ်ရပ်နားစခန်း(မြေနီကုန်း)တွင် အောက်တိုဘာလ(၁၇) ရက်နေ့က ဖမ်းဆီးရမိခဲ့သည့် ခိုးဝင်ဘင်္ဂလီ (၁၂) ဦးကို အလုပ် ကြမ်းနှင့်ထောင်ဒဏ် (၂) နှစ်စီချမှတ်ခဲ့ပြီးနောက် လွတ်မြောက်လာပါက ရခိုင်ပြည်နယ်သို့ ပြန်လည်ပို့ဆောင်သွားမည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးရုံးမှ သတင်းရရှိသည်။

သီရိမင်္ဂလာ ရပ်ကွက်တွင် လျပ်စစ်မီးမလုံလောက်မှုကြောင့် ထရန်စဖော်တစ်လုံးအမြန်လိုအပ်နေ

မော်လမြိုင်၊ နိုဝင်ဘာ ၁၀ မော်လမြိုင်မြို့၊ သီရိမင်္ဂလာရပ်ကွက်တွင် လျှပ်စစ်မီးအား မလုံလောက်သည့်အတွက် ဒေသခံပြည်သူများအခက်ခဲဖြစ်ပေါ်နေပြီး ထရန်စဖော်မာ တစ်လုံး အမြန်လိုအပ် နေကြောင်း အဆိုပါ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ သတင်းရရှိသည်။