Thanlwintimes

KNU နယ်မြေမှာ စစ်ကောင်စီတိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦးသေဆုံး လေးဦးဒဏ်ရာရ

ကျောက်ကြီး၊ နိုဝင်ဘာ ၁၄ ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေဖြစ်တဲ့ ကျောက်ကြီးနဲ့မုန်းမြို့နယ်တို့မှာ စစ်ကောင်စီတပ်ရဲ့ ဒရုန်းနဲ့လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားတစ်ဦး သေ ဆုံးပြီး လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။ နိုဝင်ဘာ ၁၃ ရက်နေ့က ကျောက်ကြီးအခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၂၆၄ ခြေလျင်တပ်ရင်းကနေ တိုက်ပွဲမရှိဘဲ ကျောက်ကုန်းကျေးရွာထဲ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အသက် ၆…

သထုံမှာ PDF စွပ်စွဲချက်နဲ့ လူငယ်နှစ်ဦး ဖမ်းဆီးခံရပြန်

သထုံ၊ နိုဝင်ဘာ ၁၄ မွန်ပြည်နယ် သထုံမြို့နယ် ပေါ်တော်မူကျေးရွာရှိ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ ဆိုင်ကယ်စီးနင်းလာတဲ့ လူငယ်နှစ်ဦးဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်း ဆီးခံလိုက်ရတယ်လို့ ရဲစခန်းနဲ့နီးစပ်သူတွေထံကနေ သိရပါတယ်။ နိုဝင်ဘာ ၁၃ ရက်နေ့ နေ့လည် ၂ နာရီအချိန်ခန့်မှာ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ပူးပေါင်းတပ်ဖွဲ့တွေ ပိတ်ဆို့စစ်ဆေးနေစဉ် ဘီးလင်းမြို့နယ်ကနေ သထုံမြို့နယ်ထဲ ဆိုင်ကယ်မောင်းနှင်းလာတဲ့ လူငယ်…

အမ်းအခြေစိုက် တပ်ရင်း၊ တပ်စခန်းရှစ်ခုကို AA သိမ်းယူ

အမ်း၊ နိုဝင်ဘာ ၁၄ ရခိုင်ပြည်နယ် အမ်းမြို့နယ်ရှိ စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်က တပ် ရင်းတွေအပါအဝင် တပ်စခန်းရှစ်ခုကို အပြီးသတ်သိမ်းပိုက်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA က အာရက္ခဒေသ စစ်ဆင်ရေးတစ်နှစ်ပြည့်တဲ့ နိုဝင်ဘာ ၁၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အမ်းမြို့နယ်အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ ခမရ ၃၇၃၊ အမြောက်တပ်ရင်း ၃၇၄၊ လျှပ် စစ်အလုပ်ရုံတပ်ခွဲ (လလစ…

စစ်အာဏာသိမ်း (၁၃၈၂) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၉၄၅) ဦးအထိရှိလာ

မော်လမြိုင်၊ နိုဝင်ဘာ ၁၄ AAPP ရဲ့ နိုဝင်ဘာ ၁၃ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၃၈၂) ရက်အတွင်း ပြည်သူ (၅၉၄၅) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၆၇၄) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၅၅၄) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

မွန်ပြည်နယ်မှာ စစ်ကောင်စီကောက်ယူခဲ့တဲ့ သန်းခေါင် စာရင်း မှန်ကန်တိကျမှုမရှိဘူးလို့ NRFF ပြော

မော်လမြိုင် ၊ နိုဝင်ဘာ ၁၄ မွန်ပြည်နယ်မှာ စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်ယူမှုဟာ ပြည်သူတွေကိုဖိအားပေးကောက်ယူခဲ့တဲ့အတွက် မှန်ကန်တိကျမှုမရှိဘူးလို့ ရာမညဖက်ဒရယ်အင်အားစုသစ် NRFF က ပြောပါတယ်။ သန်းခေါင်စာရင်းကောက်ယူခဲ့တဲ့ လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး နိုဝင်ဘာ ၁၃ ရက်နေ့မှာ NRFF ကနေထုတ်ပြန်တဲ့ “ကျည်ဆံများကြားက ၂၀၂၄ သန်းခေါင်စာရင်း – မွန်ပြည်မှ ပဲ့တင်သံ ”ဆိုတဲ့ စစ် တမ်းကနေ သိရပါတယ်။…

လောင်းလုံးပစ်ခတ်မှု အရပ်သားတစ်ဦးဒဏ်ရာရ၊ နှစ်ဦးဖမ်းဆီးခံရ

လောင်းလုံး၊ နိုဝင်ဘာ ၁၄ တနင်္သာရီတိုင်း လောင်းလုံးမြို့ရှိ လောင်းလုံးမြို့မရဲစခန်း တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်အတွင်း အရပ် သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အမျိုးသမီးနှစ်ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေနဲ့ တော် လှန်ရေးတပ်ဖွဲ့တွေထံကနေ သိရပါတယ်။ စစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့ လောင်းလုံးမြို့မရဲစခန်းကို နိုဝင်ဘာ ၁၃ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်မှာ ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု မိနစ်…

ကော့သောင်းမှာ စစ်ကောင်စီ ခြေလျင်စစ်ကြောင်း မိုင်းဆွဲခံရလို့ ၆ ဦး သေဆုံး

ကော့သောင်း၊ နိုဝင်ဘာ ၁၄ တနင်္သာရီတိုင်း ကော့သောင်းမြို့နယ် မာရမ်းကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးခဲ့တယ်လို့ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်ခန့်မှာ ခမောက်ကြီး အခြေစိုက်တပ်စခန်းမှ အင်အား ၈၀ကျော်နဲ့ မာရမ်းကျေးရွာဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီခြေလျင်စစ်ကြောင်းကို…

မာနယ်ပလောဒေသမှာ နောက်ဆုံးကျန်ရှိတဲ့ စစ်တပ်စခန်းကို KNLA ပူးပေါင်းအဖွဲ့ ထိုးစစ်ဆင်နေ

လှိုင်းဘွဲ၊ နိုဝင်ဘာ ၁၄ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မာနယ်ပလောဒေသမှာ နောက်ဆုံးကျန်ရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ၉၁၃ နို့ဒေးဗျူဟာတပ်စခန်းကို KNLA တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေကနေ သိရပါတယ်။ KNU ဌာနချုပ်ဟောင်းနေရာဖြစ်တဲ့ မာနယ်ပလောဒေသအတွင်းမှာ စစ်ကောင်စီတပ်ရဲ့ ၉၁၃ နို့ဒေးဗျူဟာတပ်စခန်း၊ ကဆောဝါးလေးစခန်း၊ ဖူးလောကုန်းစခန်းအပါအဝင် တပ်စခန်းပေါင်း ၆ ခုရှိပြီး အဲဒီတပ်စခန်းတွေကို KNLA KNDO တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က…

TNLA အထူးတိုက်ခိုက်ရေး တပ်ဖွဲ့ဝင် ၁၀၀၀ ကျော် သင်တန်းဆင်း

တအောင်း၊ နိုဝင်ဘာ ၁၃ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ရဲ့ အထူးတိုက်ခိုက်ရေး စစ်သင်တန်းဆင်းပွဲကို တအာင်းပြည် ထိန်းချုပ်နယ်မြေတစ်နေရာမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တယ်လို့ TNLA က ဒီနေ့ နိုဝင်ဘာ ၁၃ ရက်နေ့ ညနေပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။ အမျိုးသား အထူးတိုက်ခိုက်ရေးသင်တန်းမှာ အမှတ်စဉ်(က)နဲ့ (ခ) ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး သင်တန်းကာလအတွင်း စစ်ဆင်ရေးနဲ့…

မြန်မာနယ်စပ်မှာ တရားမဝင် နေထိုင်တဲ့ တရုတ်နိုင်ငံသားတွေကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီး

ကန်ချာနာဘူရီ၊ နိုဝင်ဘာ ၁၃ တရုတ်နိုင်ငံသား ၁၈ ဦးနဲ့ လာအိုနိုင်ငံသူ ၂ ဦး ပါဝင်တဲ့ နိုင်ငံခြားသား အယောက် ၂၀ ကို နိုင်ငံတွင်းမှာ တရားမဝင် နေထိုင်မှုနဲ့ ဆန်ခလာဘူရီ ဒေသမှာ ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်း ရဲတပ်ဖွဲ့က နိုဝင်ဘာ ၁၂ ရက်မှာပြောကြားလိုက်ပါတယ်။ တရုတ် မှောင်ခိုးဂိုဏ်းတစ်ခုဟာ အဲဒီ ဒေသရှိ တောလမ်းကို…