Thanlwintimes

အသေခံဒရုန်း အစုအပြုံလိုက် ထုတ်လုပ်ဖို့ မြောက်ကိုရီးယား ခေါင်းဆောင် ညွှန်ကြား

ဆိုးလ်၊ နိုဝင်ဘာ ၁၅ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်က အသေခံဒရုန်း စမ်းသပ်မှု တစ်ခုကို ဦးဆောင်ပြုလုပ်ခဲ့ပြီး အစုလိုက်အပြုံလိုက် ထုတ်လုပ်ဖို့ ညွှန်ကြားခဲ့ကြောင်း နိုင်ငံပိုင် သတင်းဌာနက နိုဝင်ဘာ ၁၅ ရက်မှာ ဖော်ပြခဲ့ပါတယ်။ ဝေဟင်ထဲက လက်နက်တွေ ဖြစ်တဲ့ အဲဒီလို ဒရုန်းတွေကို ကမ္ဘာတဝန်းမှာ မိတ်ဆက်လိုက်ရင် စစ်ရေးသီအိုရီကို ခေတ်နဲ့ ညီအောင် လုပ်ဆောင်ဖို့…

အာဏာသိမ်းမှုအတွင်း သတင်းသမား ၂၀၀ ကျော် ဖမ်းဆီးခံရ

မော်လမြိုင် ၊ နိုဝင်ဘာ ၁၅ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ အခုနှစ် အောက်တိုဘာလအထိ နိုင်ငံတဝန်းမှာ သတင်းသမား ၂၁၅ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ လွတ်လပ်စွာထုတ်ဖော်ပြောခွင့်အရေး လှုပ်ရှားနေတဲ့ အသံအဖွဲ့က နိုဝင်ဘာ ၁၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အသံအဖွဲ့ရဲ့ စာရင်းတွေအရ ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသား ၁၈၉ ဦးနဲ့ အမျိုးသမီး ၂၆…

နောင်ချိုမြို့ ထပ်မံဗုံးကြဲခံရ

နောင်ချို၊ နိုဝင်ဘာ ၁၅ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ကို စစ်ကောင်စီတပ် လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံ လေးဦး ထိခိုက်ဒဏ်ရာရရှိတယ်လို့ တအင်းတပ်မတော် TNLA က နိုဝင်ဘာ ၁၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်နေ့ ည ၆ နာရီခွဲအချိန်ခန့်မှာ နောင်ချိုမြို့ကို စစ်ကောင်စီက ဂျက်ဖိုတာ တိုက်ခိုက်ရေးလေယာဉ်နဲ့ ပေါင်…

မြန်မာနိုင်ငံမှာ ဖက်ဒရယ်လစ်ဇင်ကို အခြေခံတဲ့ ဖွဲ့စည်းပုံအသစ်တစ်ခု ပေါ်ပေါက်လာတော့မလား။

“လက်ရှိကျွန်တော်တို့ နိုင်ငံမှာဖြစ်ပျက်နေတဲ့ ဖြစ်တည်နေတဲ့ ပုံမှန်အနေအထားမဟုတ်တဲ့ နိုင်ငံရေး အခင်းအကျင်းအရကတော့ ဒီအတွေ့အကြုံတွေကို အခြေခံပြီးတော့ နောက်ထပ်တွေ့ဆုံဆွေးနွေးရေးတွေက အများကြီး ရှိမှာပါ။ တွေ့ဆုံဆွေးနွေးပွဲပေါ်လာဖို့ ကျွန်တော်တို့ ဆက်ကြိုးစားရမှာပါ” – ဗိုလ်မှူးကြီး စောကျော်ညွန့် ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက်နဲ့ ၆ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပ‌ဒေနဲ့ ဖက်ဒရယ်စနစ်ဆိုင်ရာ ဆွေးနွေးပွဲကို အိန္ဒိယရဲ့ကမ္ဘာ့ရေးရာကောင်စီ ICWA ပံ့ပိုးကူညီမှုနဲ့…

စစ်အာဏာသိမ်း (၁၃၈၃) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၉၄၅) ဦးအထိရှိလာ

မော်လမြိုင်၊ နိုဝင်ဘာ ၁၅ AAPP ရဲ့ နိုဝင်ဘာ ၁၆ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၃၈၃) ရက်အတွင်း ပြည်သူ (၅၉၄၅) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၆၇၆) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၅၅၄) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

ဖွဲ့စည်းပုံနဲ့ဖက်ဒရယ်အရေး အားလုံးပါဝင်နိုင်အောင် ကြိုးပမ်းသွားမယ်လို့ အပစ်ရပ်အဖွဲ့ပြော

မော်လမြိုင် ၊ နိုဝင်ဘာ ၁၅ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဖက်ဒရယ်စနစ်ဆိုင်ရာကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး အားလုံးပါဝင်တဲ့ တွေ့ ဆုံဆွေးနွေးမှုဖြစ်ရေး ကြိုးပမ်းသွားမယ်လို့ အပစ်ရပ်မဟာမိတ်အဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်က သံလွင်တိုင်းမ်ကို ပြောပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ အကျပ်အတည်းတွေကို ကျော်လွှားနိုင်တဲ့ စုဖွဲ့ပါဝင်မှုတွေရှိဖို့ တစ်ဆင့်ချင်း တစ်ဆင့်ချင်း ကြိုးပမ်းဆောင်ရွက်သွားဖို့ စဉ်းစားချက်တွေရှိတယ်လို့ သူကဆိုပါတယ်။ “လက်ရှိ ကျွန်တော်တို့နိုင်ငံရဲ့…

မွန်ပြည်နယ်မှာ စာသုံးဆီဖူလုံအောင် ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးဖို့ စစ်ကောင်စီညွှန်ကြား

မော်လမြိုင် ၊ နိုဝင်ဘာ ၁၅ မွန်ပြည်နယ်မှာ စာသုံးဆီဖူလုံအောင် ဆီထွက်သီးနှံတွေဖြစ်တဲ့ မြေပဲ၊ နှမ်းနဲ့ နေကြာတို့ကို တိုးချဲ့စိုက်ပျိုးဖို့ စစ်ကောင်စီခန့် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ညွှန်ကြားလာတာပါ။ ဆောင်းရာသီ ဆီထွက်သီးနှံတွေဖြစ်တဲ့ မြေပဲ၊ နှမ်းနဲ့ နေကြာတို့ တိုးချဲ့စိုက်ပျိုးရေးအတွက်ဆိုပြီး နိုဝင်ဘာ ၁၂ ရက်နေ့က မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ပြည်နယ်အစိုးရရုံးမှာ အစည်းအဝေးတစ် ရပ် ခေါ်ယူကျင်းပခဲ့ပါတယ်။…

ဖာပွန်က မထောတပ်စခန်းကို KNLA ပူးပေါင်းအဖွဲ့ စတင်တိုက်ခိုက်

ဖာပွန်၊ နိုဝင်ဘာ ၁၅ ကရင်ပြည်နယ် ဖာပွန်မြို့တောင်ဘက်ခြမ်းရှိ ဖာပွန်-ကမမောင်း ကားလမ်းပေါ်က စစ်ကောင်စီတပ်ရဲ့ မထော တပ်စခန်းကို KNLA တပ်မဟာ ၅ ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ စတင်တိုက်ခိုက်နေပြီလို့ KNU တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီးစောကလယ်ဒိုက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်ရဲ့ မထောတပ်စခန်းဟာ ဖာပွန်မြို့တောင်ဘက် ၁၀ မိုင်ခန့်အကွာ ဖာပွန်-ကတိုင်တိ-ကမမောင်း ကားလမ်းမကြီးပေါ်မှာရှိပြီး…

ယူကရိန်းစစ်ပွဲအတွင်း မြောက်ကိုရီးယားစစ်သား ချထားမှု ကျိန်းသေတုံ့ပြန်မယ်လို့ အမေရိကန် ပြော

ဘရပ်ဆဲလ်၊ နိုဝင်ဘာ ၁၄ ယူကရိန်း နယ်စပ်မှာ တိုက်ခိုက်နေတဲ့ ရုရှားစစ်သားတွေနဲ့ အတူ မြောက်ကိုရီးယားက စစ်သားတွေ ချထားမှုအတွက် ကျိန်းသေတုံ့ပြန်မှာ ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က နိုဝင်ဘာ ၁၃ ရက်က သတိပေးလိုက်ပါတယ်။ ဒေါ်နယ်ထရန့် အိမ်ဖြူတော်သို့ ရောက်ရှိလာရင် အနာဂတ်ကာလအတွက် အကူအညီပေးမယ့် အစီအစဉ် ပျက်ပြယ်နိုင်တာကြောင့် ယူကရိန်းအတွက် အကူအညီ…

စင်ကာပူအစိုးရက အရွယ်ရောက်နိုင်ငံသားတွေကို ငွေကြေးထောက်ပံ့မယ်

စင်ကာပူ၊ နိုဝင်ဘာ ၁၄ ၂၀၂၅ ခုနှစ်အတွင်း အသက် ၂၁ နှစ်နဲ့ အထက်ရှိမယ့် စင်ကာပူနိုင်ငံသား ၂ ဒသမ ၉ သန်းဟာ အခုနှစ် ဒီဇင်ဘာလအတွင်း ငွေသား စင်ကာပူ ဒေါ်လာ ၂၀၀ နဲ့ ၆၀၀ ကြား လက်ခံရရှိကြမှာ ဖြစ်ပါတယ်။ စင်ကာပူ အိမ်ထောင်စုတွေအတွက် စားဝတ်နေရေး ကုန်ကျစရိတ် ဖိအားတွေ…