Thanlwintimes

မြန်မာ့အရေး နိုင်ငံတကာရဲ့ ချဉ်းကပ်မှုပုံစံ ပြောင်းလဲသင့်ပြီလို့ အကဲခတ်တွေပြော

မော်လမြိုင် ၊ ဒီဇင်ဘာ ၄ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အာဏာသိမ်းမှုအကျိုးဆက်တွေအပေါ် နိုင်ငံတကာရဲ့ ကြိုးပမ်းဆောင် ရွက်မှုတွေဟာ သိသာတဲ့ပြောင်းလဲမှု မရှိတဲ့အတွက် ထိရောက်မှုမရှိဘူးလို့ နိုင်ငံရေးအကဲခတ်တွေက ပြောပါတယ်။ ကမ္ဘာ့အင်အားကြီးနိုင်ငံ အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုတွေဟာ ဒီမိုကရေစီလိုလားတဲ့ တိုင်းပြည်ဖြစ်ပေမယ့် မြန်မာ့အရေးနဲ့ပတ်သက်ပြီး စကားလုံးအရ ထောက်ခံရုံကလွဲရင် ထိရောက်တဲ့ လုပ်ဆောင်ချက် မရှိသေးဘူးလို့ ဆိုပါတယ်။ အလားတူ ကုလသမဂ္ဂအပါအဝင် အာဆီယံကလည်း…

မွန်ပြည်နယ် GDP မြင့်မားလာဖို့ စစ်ကောင်စီမျှော်လင့်နေ

မော်လမြိုင် ၊ ဒီဇင်ဘာ ၄ မွန်ပြည်နယ်မှာ ပြည်တွင်းအသားတင် ကုန်ထုတ်လုပ်မှုတန်ဖိုး GDP မြင့်မားလာရေးနဲ့ ဒေသအ တွင်းရှိ စီးပွားရေးကဏ္ဍကြီးသုံးခု ထုတ်လုပ်မှုတိုးတက်အောင် ဆောင်ရွက်ရမယ်လို့ စစ်ကောင်စီခန့် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ကြွေးကြော်ပါတယ်။ မွန်ပြည်နယ် စစ်ကောင်စီဟာ ဒီဇင်ဘာ ၂ ရက်နေ့က မော်လမြိုင်မြို့ရှိ ပြည်နယ်အစိုးရရုံးမှာ ၂၀၂၄ -၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် စီမံကိန်းရည်မှန်းချက်များ ပြည့်မီကျော်လွန်ရေး၊…

ထားဝယ်တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ထက်မနည်း ထိခိုက်သေဆုံးနိုင်

ထားဝယ်၊ ဒီဇင်ဘာ ၄ တနင်္သာရီတိုင်း ထားဝယ်မြို့နယ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်စခန်းနှစ်ခုနဲ့ စစ်ကူလာတဲ့ စစ် ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ထက်မနည်း ထိခိုက်သေ ဆုံးနိုင်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။ ဒီဇင်ဘာ ၃ ရက်နေ့ မနက် ၆ နာရီအချိန်ခန့်မှာ စစ်ကောင်စီရဲ့ ဘုရားမဲစစ်ဆေးရေးဂိတ်၊ ဟာလီကွေ့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းနှစ်ခုကို…

ဖာပွန်ကိုစစ်ကူပို့ဖို့ စစ်ကောင်စီ အပြင်းအထန်ကြိုးပမ်းနေ

ဖာပွန်၊ ဒီဇင်ဘာ ၄ ကရင်ပြည်နယ် ဖာပွန်ဒေသမှာ အခြေစိုက်တဲ့ စစ်တပ်စခန်းတွေထံ စစ်ကောင်စီဘက်က စစ်ကူပို့ဖို့ ကြိုးပမ်းလာတဲ့အတွက် တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတယ်လို့ KNU တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ် မှူးကြီးစောကလယ်ဒိုက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဖာပွန်မြို့အနီးမှာ အခြေစိုက်တဲ့ စစ်ကောင်စီတပ်ရဲ့ သက်တမ်းရင့်စခန်းတွေဖြစ်ကြတဲ့ ခေါပုတ်၊ ကူးဆိပ်၊ မထောစခန်းတို့ကို ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ…

ကွပ်မျက်မခံရစေဖို့ ဗီယက်နမ် အမျိုးသမီးလုပ်ငန်းရှင် သူဌေးကြီး ကန်ဒေါ်လာ ၉ ဘီလီယံ ပေးလျော်ရမယ်

ဟနွိုင်း၊ ဒီဇင်ဘာ ၃ ဗီယက်နမ် အမျိုးသမီးလုပ်ငန်းရှင် သူဌေးကြီး ထရူအွန် မိုင်လန်အနေနဲ့ ချမှတ်ခံထားရတဲ့ သေဒဏ်အတိုင်း အပြစ်ပေးမခံလိုပါက အစိုးရထံ အမေရိကန်ဒေါ်လာ ၉ ဘီလီယံ ပေးလျော်ရမယ်လို့ တရားရုံးက ဆုံးဖြတ်ထားပါတယ်။ ကမ္ဘာ့အကြီးမားဆုံး ဘဏ်လိမ်လည်မှုကို နောက်ကွယ်က ကြိုးကိုင်ခဲ့တဲ့အတွက် အသက် ၆၈ နှစ်အရွယ် သူဌေးမကြီးဟာ ဧပြီလက သေဒဏ်ချမှတ်ခံခဲ့ရပါတယ်။ ဒါက ဗီယက်နမ်မှာ…

တောင်တရုတ်ပင်လယ်ထဲ ရုရှားရေငုပ်သင်္ဘော ရောက်ရှိမှု ဖိလစ်ပိုင်သမ္မတ စိုးရိမ်

မနီလာ၊ ဒီဇင်ဘာ ၃ တောင်တရုတ်ပင်လယ်ရှိ နိုင်ငံပိုင် အထူးစီးပွားရေးဇုန်ထဲသို့ ရုရှား ရေငုပ်သင်္ဘော ရောက်ရှိနေမှုဟာ အလွန်စိုးရိမ်စရာကောင်းတဲ့ ကိစ္စ ဖြစ်တယ်လို့ ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက ဒီဇင်ဘာ ၂ ရက်မှာ ပြောကြားလိုက်ပါတယ်။ ကီလိုအဆင့် ရုရှား ရေငုပ်သင်္ဘော တစ်စီးကို နိုဝင်ဘာ ၂၈ ရက်တုန်းက အော်စီဒန်ရှယ် မင်ဒိုရိုဒေသ အနောက်ဖက်…

ဆီဆိုင်မှာ စစ်တပ်ဒရုန်းဗုံးကြဲမှုကြောင့် သားအမိနှစ်ဦးသေဆုံး

ဆီဆိုင်၊ ဒီဇင်ဘာ ၃ ရှမ်းပြည်နယ် ဆီဆိုင်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ်တွေရဲ့ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်တာကြောင့် ပြောင်းချိုးနေတဲ့ သားအမိနှစ်ဦး သေဆုံးခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA က သတင်းထုတ်ပြန်ပါတယ်။ မနေ့ ဒီဇင်ဘာ ၂ ရက်နေ့ မနက် ၁၀ နာရီအချိန်ခန့်က ဆီဆိုင်မြို့နယ် နောင်ရင်းကျေးရွာနေ မိသားစုသုံးဦးဟာ သူတို့ရဲ့ ပြောင်းခြံထဲမှာ ပြောင်းချိုးနေချိန် စစ်ကောင်စီနဲ့ လက်အောက်ခံ…

ရှမ်းမြောက်မှာ တစ်လအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃၈ ဦး သေဆုံး

နောင်ချို၊ ဒီဇင်ဘာ ၃ ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့နယ်တွေမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ တစ်လအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃၈ ဦး သေဆုံးပြီး ၇၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီဇင်ဘာ ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ရှမ်းမြောက်က နောင်ချို၊ မိုးကုတ်၊ မိုင်းငေါ့၊ ကွတ်ခိုင်နဲ့ ကျောက်မဲမြို့နယ်တွေမှာ…

ရေးမှာစစ်ကောင်စီကားနှစ်စီး ကြားဖြတ်တိုက်ခိုက်ခံရ၊ ထိခိုက်သေဆုံးမှုရှိ

ရေး၊ ဒီဇင်ဘာ ၃ မွန်ပြည်နယ် ရေးမြို့နယ် စုံနံသာကျေးရွာအနီး အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးပေါ်မှာ စစ်ကောင်စီကားနှစ်စီး ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ ရေးဘီ လူးအဖွဲ့ခေါင်းဆောင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒီနေ့ ဒီဇင်ဘာ ၃ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်မှာ ရေးအခြေစိုက် အမှတ် ၃၄၃ ခြေမြန်တပ်ရင်းကနေ အမှတ် ၁၉…

စစ်အာဏာသိမ်း (၁၄၀၁) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၀၀၀) ဦးအထိရှိလာ

မော်လမြိုင်၊ ဒီဇင်ဘာ၃ AAPP ရဲ့ ဒီဇင်ဘာ ၂ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၄၀၁) ရက်အတွင်း ပြည်သူ (၆၀၀၀) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၇၅၁) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၅၆၂) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…