Thanlwintimes

ကိုဗစ်အတည်ပြုလူနာတွေနဲ့ ထိတွေ့ခဲ့သူတွေကို နေအိမ်မှာသာ စောင့်ကြည့်တော့မည်

မော်လမြိုင် ၊ ဒီဇင်ဘာ (၉) ကိုဗစ်-၁၉ အတည်ပြုလူနာတွေနဲ့ ထိတွေ့ခဲ့သူတွေကို ရောဂါပိုး ရှိမရှိ စစ်ဆေးတော့မှာ မဟုတ်ဘဲ နေအိမ်မှာဘဲ (၁၄) ရက် QUARANTINE နေခိုင်းတော့မယ်လို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။ မွန်ပြည်နယ်အတွင်းမှာတော့ နိုဝင်ဘာလယ်ပိုင်းကစပြီး ကိုဗစ်အတည်ပြုလူနာတွေကို ဆက်တိုက်တွေ့ရှိခဲ့ပြီး ထိတွေ့ခဲ့သူတွေက ရာနဲ့ချီ ရှိနေတာပါ။ ဒီလိုအခြေအနေတွေကြောင့် ကိုဗစ်လူနာနဲ့ ထိတွေ့ခဲ့သူတွေကို…

နယ်စပ်ရှိ မြန်မာလက်နက်ကိုင်အဖွဲ့များကို တရုတ်ထောက်ပံ့ထားတယ်လို့ အိန္ဒိယအစိုးရ စွပ်စွဲ

မော်လမြိုင် ၊ ဒီဇင်ဘာ (၈) အိန္ဒိယနှင့် မြန်မာ့နယ်စပ်ရှိ လက်နက်ကိုင် သောင်းကျန်းသူများကို တရုတ်အစိုး ရမှ ထောက်ပံ့လျှက်ရှိပြီး မကြာသေးမီကာလများအတွင်းက ထိတွေ့တိုက်ခိုက်မှုများပိုမိုဖြစ်ပွားစေကာ အသက်အန္တရာယ်များကို ခြိမ်းခြောက်ခဲ့တဲ့ ဟိမဝန္တာတစ်လျှောက် နှစ်နိုင်ငံအကြား ထိတွေ့မှုအပြီးမှာ ယခုတစ်ဖန် နောက်ထပ် ပဋိပက္ခစစ်မျက်နှာပြင် တစ်ခုဖြစ်လာအောင် တရုတ်အစိုးရမှ ကူညီပေးနေတာဖြစ်တယ်လို့ စွပ်စွဲပြောဆိုထား ပါတယ်။ ဤအခြေအနေများကို သိကျွမ်းနားလည်သူ အမည်မဖော်လိုသူ အိန္ဒိယအရာရှိများက…

Stay at home ပြင်ပမြို့နယ်တွေမှာ ဆိုင်ထိုင်စားသောက်ခွင့်ပြုဖို့ ကွင်းဆင်းစိစစ်နေ

မော်လမြိုင် ၊ ဒီဇင်ဘာ (၈) Stay at home ပြင်ပမြို့နယ်တွေမှာ ဆိုင်ထိုင်စားသောက်ခွင့်ပြုဖို့ စားသောက်ဆိုင်တွေကို သက်ဆိုင်ရာ စုပေါင်းအဖွဲ့တွေက ကွင်းဆင်းစိစစ်နေပါတယ်။ ကိုဗစ်-၁၉ ကူးစက်မှု မြင့်တက်ခဲ့ချိန်မှာ စားသောက်ဆိုင်တွေ အပါအဝင် အခြား လူစုလူဝေးဖြစ်မယ့်နေရာတွေကို ပိတ်ထားဖို့ အစိုးရက ညွှန်ကြားထားတာပါ။ အခုလို စားသောက်ဆိုင်တွေကို ပိတ်ထားရတာ ကြာမြှင့်နေပြီးဖြစ်တာကြောင့် စီးပွားရေးထိခိုက်မှုတွေ ရှိလာသလို ဝန်ထမ်းတွေလည်း…

ကိုဗစ်-၁၉ ကြောင့် အိမ်တွင်းလက်မှုလုပ်ငန်းတစ်ချို့ ရပ်နားခဲ့ရ

မော်လမြိုင် ၊ ဒီဇင်ဘာ (၈) ကိုဗစ်-၁၉ ကြောင့် မော်လမြိုင်က လက်မှုလုပ်ငန်းတစ်ခုဖြစ်တဲ့ အိုးလုပ်ငန်း အများစု ရပ်နားလိုက်ရတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။ မုပွန်ရပ်ကွက် အိုးလုပ်ငန်းကနေ စဥ့်အိုး၊ ငပိအိုး၊ ငရုပ်ဆုံ၊ ပန်းအိုး၊ ဆီမီးခွက်နဲ့ ဆွမ်းအိုး စသဖြင့် မြေအိုးအမျိုးအမျိုးကို ထုတ်လုပ် ရောင်းချနေတာ ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ဖြစ်ပွားချိန်မှာ နယ်မြေဖြတ်ကျော်သွားလာခွင့်တွေကို ကန့်သတ်လိုက်တဲ့အတွက်…

ထိုင်းခရီးသွားလုပ်ငန်း ယခင်အတိုင်း ပြန်ဖြစ်ဖို့ (၄)နှစ်နီးပါး အချိန်ယူရမယ်လို့ ထိုင်းဘဏ္ဍာရေးဝန်ကြီးပြော

မော်လမြိုင် ၊ ဒီဇင်ဘာ (၇) ခရီးသွားလုပ်ငန်းကို အဓိက မှီခိုရတဲ့ ထိုင်းနိုင်ငံရဲ့စီးပွားရေးက နောက်နှစ်အတွင်းမှာ လာရောက်လည် ပတ်သူဧည့်သည်ပေါင်း ၈ သန်းအထိ လက်ခံရရှိဖို့ရန် လိုအပ်ပြီး ကိုဗစ်ကာလမတိုင်မီအထိ ရှိခဲ့တဲ့ နိုင်ငံတကာ ခရီးသွားဧည့်သည်ဝင်ရောက်မှုနှုန်း သန်းပေါင်း ၄၀ ကို ပြည့်မီဖို့ရန်အတွက် ပြန်လည် ထူထောင်ရေး အစီအစဥ်ဟာ ၂၀၂၄ခုနှစ်အထိ ကြာမြင့်နိုင်မယ်လို့ ထိုင်းဘဏ္ဍာရေးဝန်ကြီးက ဒီဇင်ဘာလ…

ကိုဗစ်-၁၉ ထိန်းချုပ်နိုင်ရေးအတွက် မလိုအပ်ရင် အိမ်အပြင်မထွက်ဖို့ ကျန်းမာရေးဌာန မေတ္တာရပ်ခံ

မော်လမြိုင် ၊ ဒီဇင်ဘာ (၇) မွန်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့အတွက် မလိုအပ်ရင် အိမ်အပြင်မထွက်ကြဖို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက မေတ္တာရပ်ခံလိုက်ပါတယ်။ မွန်ပြည်နယ်အတွင်းမှာတော့ ကိုဗစ်-၁၉ ကူးစက်မှုဟာ နိုဝင်ဘာလအတွင်း ဆက်တိုက်မြင့်တက်လာပြီးနောက် လက်ရှိအချိန်ထိ ကူးစက်ခံရသူ (၁၆၄၀)ကျော် ရှိပြီး ဖြစ်ပါတယ်။ ဒေသတွင်း ကူးစက်မှုတွေ ပိုမို များပြားလာပြီးတဲ့နောက် Quarantine centre တွေကို…

ကိုဗစ်-၁၉ကြောင့် မွန်ပြည်နယ် ဆန်စပါးလုပ်ငန်း (၂၀)ရာခိုင်နှုန်း ထိခိုက်ခဲ့

မော်လမြိုင် ၊ ဒီဇင်ဘာ (၇) ကိုဗစ်-၁၉ကြောင့် မွန်ပြည်နယ်မှာ ဆန်စပါးထုတ်လုပ်မှု (၂၀)ရာခိုင်နှုန်းကျော် ထိခိုက်ခဲ့တယ်လို့ မွန်ပြည်နယ် ဆန်စက်အသင်းများ ဥက္ကဌက ပြောပါတယ်။ မွန်ပြည်နယ်မှာတော့ စပါးဧက (၇)သိန်းကျော် စိုက်ပျိုးပြီး နှစ်စဉ် စပါးတင်းပေါင်း (၄၃၀)ကျော်ကို ထုတ်လုပ်နေတာပါ။ ယခုနှစ်မှာတော့ ကိုဗစ်-၁၉ အခြေအနေတွေကြောင့် လုပ်သားရှားပါးမှု ပြဿနာတွေကို ရင်ဆိုင်နေရတဲ့အတွက် ဆန်စပါးထုတ်လုပ်မှုဟာ​ နှောင့်နှေးနေတာပါ။ ဒါ့အပြင်…

Covid-19 ကာကွယ်ဆေးထိုးနိုင်ရေးအတွက် စင်ကာပူမှ အမေရိကန်ဒေါ်လာ ၅ သန်း ထည့်ဝင်မည်

မော်လမြိုင် ၊ ဒီဇင်ဘာ (၄) Covid-19 ကာကွယ်ဆေးများလုံလုံလောက်လောက်ထုတ်လုပ်နိုင်ရေးနှင့်ဆင်းရဲသောနိုင်ငံများသို့ ကာကွယ်ဆေးများ ရရှိနိုင်ရန်အတွက် ဒေါ်လာ ၅ သန်း (စင်ကာပူဒေါ်လာ ၆.၆ သန်း) ကိုကမ္ဘာလုံးဆိုင်ရာပဏာမခြေလှမ်းအတွက် စင်ကာပူ နိုင်ငံက လှူဒါန်းသွားမှာ ဖြစ်ပါတယ်။ ကြိုတင်ဈေးကွက် သဘောတူညီချက် (AMC) သည် တစ်ကမ္ဘာလုံး ကိုဗစ်-၁၉ ကာကွယ်ဆေးရရှိရေး ပံ့ပိုးမှုအစီအစဉ် (Covax) အောက်မှာရှိတဲ့ ယန္တရားတစ်ခုဖြစ်ပါတယ်။…

ရွေးကောက်ပွဲဝင်ခွင့် အာမခံငွေ ပြန်ရတဲ့ ကိုယ်စားလှယ်လောင်း (၁၀၉) ဦးသာရှိ

ဒီဇင်ဘာ ၃၊ ၂၀၂၀ မွန်ပြည်နယ်အတွင်း ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်း (၂၅၇) ဦးထဲမှာ (၁၀၉) ဦးသာ ရွေးကောက်ပွဲဝင်ခွင့် အာမခံငွေကို ပြန်လည် ထုတ်ယူခွင့် ရခဲ့ပါတယ်။ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေဟာ အမည်စာရင်းတင်သွင်းလွှာနဲ့အတူ ကော်မရှင်ကို ရွေးကောက်ပွဲဝင်ခွင့် အာမခံငွေ ကျပ် ၃ သိန်း ပေးသွင်းထားရပါတယ်။ ဒီအာမခံငွေ (၃)သိန်းကိုတော့ ရွေးကောက်ခံရတဲ့ ကိုယ်စားလှယ်တွေနဲ့အတူ…

ကိုဗစ်ကာလ မွန်ပြည်နယ်မှာ အိမ်တွင်းအကြမ်းဖက်မှု ပိုမိုမြင့်တက်ခဲ့

မော်လမြိုင် ၊ ဒီဇင်ဘာ (၄) ကိုဗစ်-၁၉ အကြပ်အတည်းကာလမှာ မွန်ပြည်နယ်အတွင်း အိမ်တွင်းအကြမ်းဖက်မှု မြင့်တက်လာပြီး ကလေးသူငယ်တွေလည်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု ပိုမိုများပြားခဲ့တယ်လို့ ဝေါလ်ဗီရှင်းမြန်မာရဲ့ ပေါင်မြို့နယ်ဒေသဖွံ့ဖြိုးရေး စီမံကိန်းမန်နေဂျာက ပြောပါတယ်။ ကိုဗစ်-၁၉ ကာလမှာ စီးပွာရေးကြပ်တည်းလာတာနဲ့အတူ အမျိုးသမီးအပေါ် အကြမ်းဖက်မှုခံရတဲ့ ဖြစ်စဉ်တွေဟာ အရင်ကထက် အဆမတ တိုးခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် သက်ငယ်မုဒိန်းဖြစ်စဉ်တွေကလည်း ပိုမိုများပြားခဲ့ပြီး…