Thanlwintimes

အချုပ်သားတွေ အစုလိုက် အပြုံလိုက် ကိုဗစ်-၁၉ ကူးစက်ခံရ

မော်လမြိုင် ၊ ဇန်နဝါရီ (၂၂) မွန်ပြည်နယ်မှာ ပထမဆုံးအကြိမ်အဖြင့် အချုပ်သားတွေ အစုလုံအပြုံလိုက် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုး ကူးစက်ခံခဲ့ရပါတယ်။ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့ မနေ့ညပိုင်း သတင်းထုတ်ပြန်ချက်တွေအရ အတည်ပြု လူနာ (၆၅) ဦး တွေ့ရှိခဲ့ပြီး (၃၄)ဦးဟာ အချုပ်သားတွေ ဖြစ်ပါတယ်။ ရေးမြို့မစခန်းမှာ အချုပ်ကျနေသူတွေကို RDT Test Kids နဲ့ စစ်ဆေးရာမှတဆင့်…

အာလီဘာဘာရဲ့ CEO ဂျက်မားဟာ ပထမဆုံးအကြိမ်အဖြစ် လူမြင်ကွင်းရှေ့ ပြန်လည်ထွက်ပေါ်

မော်လမြိုင် ၊ ဇန်နဝါရီ (၂၁) တရုတ် စည်းမျဉ်းကွပ်ကဲရေးအာဏာပိုင်အဖွဲ့ရဲ့ ဖြိုခွင်းခံရပြီးနောက် အာလီဘာဘာရဲ့ ဂျက်မားဟာ ပထမဆုံးအကြိမ်အဖြစ် လူမြင်ကွင်းရှေ့ ထွက်ပေါ်လာခဲ့ပါတယ်။ တရုတ်အင်တာနက်ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ အလီဘာဘာကို တည်ထောင်သူ ဘီလျံနာသူဌေးကြီး ဂျက်မားဟာ နှစ်လကျော်ကြာ လူမြင်ကွင်းက ပျောက်နေခဲ့ပြီး သူနဲ့ပတ်သက်တဲ့ ထင်ကြေးတွေ အမျိုးမျိုး ထွက်ပေါ်နေတဲ့အပေါ် အဆုံးသတ်လိုက်တဲ့ အနေနဲ့ ဗုဒ္ဓဟူးနေ့မှာ အွန်လိုင်းဗီဒီယိုကနေ လူမြင်ကွင်းရှေ့ ပြန်လည်ရောက်ရှိလာတာ…

မီးလောင်မှုကြောင့် လူ(၁) ဦး​ သေဆုံးပြီး ကျပ်သိန်းပေါင်း (၂၅၀၀)ကျော် ဆုံးရှုံးခဲ့

မော်လမြိုင် ၊ ဇန်နဝါရီ (၂၁) မွန်ပြည်နယ်မှာ ၂၀၂၀ ခုနှစ်အတွင်း မီးလောင်မှုတွေကြောင့် လူ(၁) ဦးသေဆုံးပြီး ကျပ်သိန်းပေါင်း (၂၅၀၀)ကျော် ပျက်စီး ဆုံးရှုံးခဲ့ပါတယ်။ တစ်နှစ်တာအတွင်းမှာ မီးလောင်မှု ( ၉၈) ကြိမ် ဖြစ်ပွားခဲ့ပြီး အများဆုံးက ပေါ့ဆမီးတွေကြောင့် ဖြစ်ပါတယ်။ ရေးမြို့နယ် နဲ့ မော်လမြိုင်မြို့နယ်က မီးလောင်မှု အများဆုံးဖြစ်ပွားခဲ့ပြီး ပြည်နယ်တဝှမ်းမှာ အိမ်ခြေ…

ကန့်ကွက်လွှာအပေါ် အကောင်းဆုံး ချေပသွားမယ်လို့ ဒေါက်တာအောင်နိုင်ဦး တုန့်ပြန်

မော်လမြိုင် ၊ ဇန်နဝါရီ (၂၁) ရွေးကောက်ခံ ကိုယ်စားလှယ်အဖြစ် ပယ်ဖျက်ပေးဖို့ ပြိုင်ဘက်ပါတီ NLD ရဲ့ ကန့်ကွက်လွှာအပေါ် အကောင်းဆုံး ချေပသွားမယ်လို့ မွန်ညီညွတ်ရေးပါတီ ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးက တုန့်ပြန်လိုက်ပါတယ်။ ရွေးကောက်ပွဲ မဲဆွယ်အသုံးစရိတ်တင်ပြရာမှာ မသမာမှုတွေ ပြုလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့အတူ အချက် (၁၅)ချက်နဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ NLD ကိုယ်စားလှယ်လောင်း ဦးမင်းကျော်လွင်က…

ဖျက်သိမ်းလိုက်တဲ့ ထားဝယ်စီမံကိန်းစာချုပ်ကို ပြန်လည်ပြင်ဆင်ဖို့ ထိုင်းဝန်ကြီးချုပ် လုပ်ဆောင်

မော်လမြိုင် ၊ ဇန်နဝါရီ (၁၈) ဝန်ကြီးချုပ် ပရာရွတ်သည် ဖျက်သိမ်းလိုက်တဲ့ ထားဝယ်စီမံကိန်း စာချုပ်ကို ပြင်ဆင်ရန် စတင်လုပ်ဆောင်နေပါတယ်။ ထိုင်းနိုင်ငံရဲ့ စတော့အိတ်ချိန်း စာရင်းတွင် လက်တလော နှောင့်နှေးမှု ရှိခဲ့တဲ့ အီတာလျံ ထိုင်းဖွံ့ဖြိုးတိုးတက်မှု (ITD) ရဲ့ လုပ်ပိုင်ခွင့်များရပ်စဲမှု ရှိနေသော်လည်း ထိုင်းနိုင်ငံဟာ ထားဝယ် ဖွံ့ဖြိုးရေးစီမံကိန်းတွင် ဆက်လက် တည်ရှိနေဆဲ ဖြစ်တယ်လို့ ဝန်ကြီးချုပ်…

ပိုးရှိမရှိ မစစ်ဆေးဘဲ ကွာရန်တင်းနေခိုင်းတာ အကျိုးမရှိဘူးလို့ ဝေဖန်

မော်လမြိုင် ၊ ဇန်နဝါရီ (၂၀) အခြားတိုင်းနဲ့ ပြည်နယ်က ပြန်လာသူတွေအနေနဲ့ စစ်တောင်းတံတားဂိတ်မှာ ပိုးရှိမရှိ သေချာ မစစ်ဆေးဘဲ facilities quarantine (၇)ရက်နေ နေခိုင်းတာဟာ အကျိုးမရှိဘူးလို့ ကိုဗစ်ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းစဉ်မှာ ပါဝင်သူတွေက ဝေဖန်လိုက်ပါတယ်။ မွန်ပြည်နယ်မှာတော့ ကိုဗစ်-၁၉ အတည်ပြုလူနာ တွေ့ရှိမှုဟာ ဆက်တိုက်မြင့်တက်နေပြီး တစ်ရက်ကို အတည်ပြုလူနာ အနည်းဆုံး (၃၀)ကနေ (၅၀)ဝန်းကျင်အထိ တွေ့ရှိနေတာပါ။…

မွန်ညီညွတ်ရေးပါတီ ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦး ကန့်ကွက်ခံရ

မော်လမြိုင် ၊ ဇန်နဝါရီ (၂၀) ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အတွက် ရွေးကောက်ပွဲ (၃)ဆက် အနိုင်ရထားသူ မွန်ညီညွတ်ရေးပါတီ အမတ် ဒေါက်တာအောင်နိုင်ဦးကို ရွေးကောက်ခံ ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ပေးဖို့ ရွေးကောက်ပွဲ ကော်မရှင်မှာ တိုင်ကြားခံထားရပါတယ်။ ကော်မရှင်မှာ တိုင်ကြားထားသူကတော့ ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်မှာပဲ ဝင်ရောက်ယှဉ်ပြိုင်တဲ့ လက်ရှိ မွန်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်…

စစ်အတွင်း လျော်ကြေးပေးဖို့ တောင်းဆိုချက်များကို ရုပ်သိမ်းရန် တောင်ကိုရီးယားကို ဂျပန်တိုက်တွန်း

မော်လမြိုင် ၊ ဇန်နဝါရီ (၁၉) ဒုတိယကမ္ဘာစစ်အတွင်း ကိုရီးယားအမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် အတင်းအဓမ္မလုပ်အားပေး ခိုင်းစေမှုများအတွက် လျော်ကြေးတောင်းဆိုမှုများပြုလုပ်ခဲ့ခြင်းဟာ တင်းမာနေသည့် ဆက်ဆံရေးကို ပိုမိုဆိုးရွားစေသည်ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ပြီးခဲ့တဲ့တနင်္လာနေ့မှာ ပြစ်တင် ပြောဆိုလိုက်ပါတယ်။ နိုင်ငံခြားရေး ဝန်ကြီး တိုရှိမစ်ဆူ မိုတီဂျီသည် Toshimitsu Motegi ပါလီမန်ရဲ့ သံတမန်ရေးရာ မူဝါဒမိန့်ခွန်းတွင် မကြာသေးမီက ချမှတ်လိုက်သည့် စစ်ပွဲအတွင်းလိင်ပိုင်းဆိုင်ရာ…

ကျပ်တည်းလာတဲ့ ကြိမ်ပုတီးလုပ်ငန်း

မော်လမြိုင် ၊ ဇန်နဝါရီ (၁၉) ပုတီးဆိုတာဟာ လူမျိုးမရွေး ဘာသာမရွေး အသုံးပြုကြတဲ့ ဘာသာရေးဆိုင်ရာ အသုံးအဆောင် ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ ပုတီးအမျိုးအစား အများကြီး ရှိတဲ့အထဲမှာမှ ကြိမ်ပုတီးတွေကိုတော့ မွန်ပြည်နယ် သထုံမြို့နယ်က ဇရစ်ချောင်းကျေးရွာမှာ မိရိုးဖာလာ လုပ်ငန်းအဖြစ် လုပ်ကိုင်နေကြပါတယ်။ ကြိမ်ပုတီးတွေကို မိသားစု တစ်ပိုင်တစ်နိုင်အဖြစ် လုပ်ကိုင်ကြပြီး မွန် ၊ ကရင် ၊…

ကိုဗစ်-၁၉ အတည်ပြုလူနာ သေဆုံးမှု ဆက်တိုက်မြင့်တက်ခဲ့

မော်လမြိုင် ၊ ဇန်နဝါရီ (၁၉) ဇန်နဝါရီလအတွင်းမှာတော့ မွန်ပြည်နယ်မှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူဦးရေ ဆက်တိုက်မြင့်တက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ပိုင်းအထိ ကိုဗစ်ကြောင့် သေဆုံးသူ ဦးရေ (၂၀) ဦးဝန်းကျင် ရှိခဲ့ရာမှ ဇန်နဝါရီ လလယ်ပိုင်းမှာတော့ သေဆုံးသူ ဦးရေ (၃၁) ဦးအထိ မြင့်တက်ခဲ့ပါတယ်။ သေဆုံးသူတွေမှာတော့ ရောဂါအခံ ကြီးကြီးမားမား ရှိသူတွေ မပါဝင်ဘဲ…