Thanlwintimes

စစ်အာဏာသိမ်းပြီးနောက် အခြေခံ စားသောက်ကုန်စျေးနှုန်းတွေ မြင့်တက်

မော်လမြိုင် ၊ ဖေဖော်ဝါရီ (၁၈) ဖေဖော်ဝါရီလ (၁)ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝှမ်းမှာ စစ်အစိုးရ ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်မှုတွေ ရှိလာတဲ့အတွက် အခြေခံစာသောက်ကုန်စျေးနှုန်းတွေ မြင့်တက်လာနေပါတယ်။ အခုလို ဆန္ဒဖော်ထုတ်မှုတွေနေရာအနှံ့ ရှိလာတဲ့အတွက် ပြည်သူတချို့က စိုးရိမ်စိတ်တွေ မြင့်တက်ပြီး စားသောက်ကုန်တွေကို ဝယ်ယူစုဆောင်းခဲ့ကြတာပါ။ အခုလို အခြေအနေတွေကြောင့် စားသောက်ကုန်တချို့ဟာ စျေးကွက်မှာ ပြတ်လတ်သွားပြီး သယ်ယူပို့ဆောင်ရေး အခက်အခဲတွေကြောင့် စျေနှုန်းတွေ…

စစ်အာဏာသိမ်းပြီးနောက် ရာဘာ စျေးကွက်ပျက်

မော်လမြိုင် ၊ ဖေဖော်ဝါရီ (၁၈) စစ်အာဏာသိမ်းပြီးနောက် ဘဏ်လုပ်ငန်းတချို့ ရပ်တန့်ခဲ့လို ငွေကြေးစီးဆင်းမှု ပြတ်တောက်ပြီး ရာဘာစျေးကွက်မှာ အရောင်းအဝယ် မရှိတော့ဘူးလို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။ အာဏာသိမ်းစစ်အစိုးရကို ဆန့်ကျင်တဲ့ “ရုံးမတက်နဲ့ ရုန်းထွက်”လှုပ်ရှားမှုတွေမှာ ဘဏ်ဝန်ထမ်းတွေ ပါဝင်ခဲ့လို့ ပုဂ္ဂလိက ဘဏ်လုပ်ငန်းတွေ ရပ်နားထားရပါတယ်။ အခုလို အခြေအနေတွေကြောင့် လက်ထဲမှာ ငွေကြေးပြတ်တောက်နေတဲ့အတွက် ရာဘာ အရောင်းအဝယ် မလုပ်နေဘူးလို့…

ရုံးတက်နေတဲ့ ဝန်ထမ်းတွေ CDM မှာ ပါဝင်ပေးဖို့ လူငယ်တွေ ထိုင်သပိတ်လုပ်ပြီး တောင်းဆို

မော်လမြိုင် ၊ ဖေဖော်ဝါရီ (၁၈) ရုံးတက်နေတဲ့ ဝန်ထမ်းတွေ CDM မှာ ပါဝင်ပေးဖို့ မော်လမြိုင်မြို့က လူငယ်တွေဟာ ကမ်းနားလမ်း မြန်မာ့စီးပွားရေးဘဏ်ရှေ့မှာ ထိုင်သပိတ်လုပ်ပြီး တောင်းဆိုနေပါတယ်။ အာဏာသိမ်းစစ်အစိုးရကို ဆန့်ကျင်တဲ့ “ရုံးမတက်နဲ့ ရုန်းထွက်”လှုပ်ရှားမှုကို နိုင်ငံတဝှမ်းက ဌာနဆိုင်ရာဝန်ထမ်းတွေအပြင် ပုဂ္ဂလိက ဝန်ထမ်းတွေက ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေပါတယ်။ မွန်ပြည်နယ်မှာတော့ ပုဂ္ဂလိက ဘဏ်ဝန်ထမ်း အများစုက CDM…

အာဏာသိမ်းပြီးနောက် ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းတွေ ရပ်

မော်လမြိုင် ၊ ဖေဖော်ဝါရီ (၁၇) စစ်တပ် အာဏာသိမ်းပြီးနောက်မှာ ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းတွေကို ရပ်ဆိုင်းထားရတယ်လို့ ကျန်းမာရေးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။ NLD အစိုးရ ခေါင်းဆောင်တွေကို တပ်ကဖမ်းဆီးထိန်းသိမ်းပြီး အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ (၁)ရက်နေ့ကနေ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ညွှန်ကြားချက်တစ်စုံတစ်ရာ မရှိတဲ့အတွက် လုပ်ငန်းတွေ ရပ်ဆိုင်းထားတယ်လို့ ဆိုပါတယ်။ “အခုက…

CDM ကြောင့် ဘဏ်တွေပိတ်လို့ လုပ်ငန်းရှင်တွေ အခက်တွေ့

မော်လမြိုင် ၊ ဖေဖော်ဝါရီ (၁၇) CDM ‌ကြောင့် ပုဂ္ဂလိကဘဏ်အများစု ပိတ်ထားပြီးနောက် ငွေကြေးစီးဆင်းမှု ပြတ်တောက်ပြီး လုပ်ငန်းရှင်တချို့ အခက်အခဲတွေ ရင်ဆိုင်လာရပါတယ်။ အာဏာသိမ်းစစ်အစိုးရလက်အောက် အလုပ်မလုပ်တဲ့ “ရုံးမတက်နဲ့ ရုန်းထွက်”လှုပ်ရှားမှုမှာ ပုဂ္ဂလိကဘဏ်ဝန်ထမ်းတွေအပြင် အခြားဌာနဆိုင်ရာ ဝန်ထမ်းတွေလည်း ပါဝင်လာတာ ဖြစ်ပါတယ်။ ပြည်နယ်အတွင်းမှာတော့ ပုဂ္ဂလိကဘဏ်တွေဖြစ်တဲ့ ကမ္ဘောဇဘဏ်ခွဲ၊ ဧရာဝတီဘဏ်ခွဲ၊ ရိုးမဘဏ်ခွဲ၊ မြန်မာ့ရှေ့ဆောင်ဘဏ်ခွဲ၊ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်ခွဲ၊ သမဝါယမဘဏ်ခွဲ၊…

CDM မှာထွေအုပ်ဝန်ထမ်းတွေ ပါဝင်မှု အားနည်း

မော်လမြိုင် ၊ ဖေဖော်ဝါရီ (၁၆) အာဏာသိမ်း စစ်အစိုးရကို ဆန့်ကျင်တဲ့ “ရုံးမတက်နဲ့ ရုန်းထွက်” လှုပ်ရှားမှုတွေမှာ ထွေအုပ်ဝန်ထမ်းတွေ ပူးပေါင်းပါဝင်မှု အားနည်းနေတယ်လို့ ဆန္ဒဖော်ထုတ်နေသူတွေက ပြောပါတယ်။ စစ်အစိုးရဆန့်ကျင်တဲ့ လှုပ်ရှားမှုအနေနဲ့ civil disobedience movement လို့ ခေါ်တဲ့ ရုံးမတက်တဲ့ လှုပ်ရှားမှုကို နိုင်ငံတဝှမ်းမှာ ဝန်ထမ်းတွေက ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားနေတာ ဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုမှာ…

CDM ဝန်ထမ်းတွေကို ဖိအားပေး ထွက်ခိုင်းတဲ့ ရထား ပြည်သူတွေ ပိတ်ဆို့ဆန္ဒပြလို့ နောက်ပြန်ဆုတ်ရ

မော်လမြိုင် ၊ ဖေဖော်ဝါရီ (၁၆) CDM လုပ်နေတဲ့ မြန်မာ့မီးရထားဝန်ထမ်းတချို့ကို ဖိအားပေးပြီး ထွက်ခိုင်းခဲ့တဲ့ မော်လမြိုင်-ရန်ကုန် အစုန်ရထားကို ပြည်သူတွေက ပိတ်ဆို့ပြီး ဆန္ဒဖော်ထုတ်ခဲ့လို့ ရထားနောက်ပြန်ဆုတ်ခဲ့ရပါတယ်။ မော်လမြိုင်မြို့မှာ တာဝန်ကျတဲ့ မီးရထားဝန်ထမ်းအများစုဟာ စစ်အစိုးရကို ဆန့်ကျင်တဲ့ “ရုံးမတက်နဲ့ ရုန်းထွက်”လှုပ်ရှားမှုတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်နေပြီး ပြည်သူတွေနဲ့အတူ လမ်းပေါ်ထွက် ဆန္ဒဖော်ထုတ်နေတာလည်း ဖြစ်ပါတယ်။ ဒီကနေ့မနက်ပိုင်းမှာတော့ မီးရထားဝန်ထမ်းတချို့ကို…

CDM ကြောင့် ပုဂ္ဂလိက ဘဏ်အများစု ပိတ်ထား

မော်လမြိုင် ၊ ဖေဖော်ဝါရီ (၁၆) အာဏာသိမ်းစစ်အစိုးရလက်အောက် အလုပ်မလုပ်တဲ့ “ရုံးမတက်နဲ့ ရုန်းထွက်”လှုပ်ရှားမှုမှာ ဘဏ်ဝန်ထမ်းအများစု ပါဝင်ခဲ့လို့ ပုဂ္ဂလိက ဘဏ်တွေ ပိတ်ထားပါတယ်။ စစ်အစိုးရဆန့်ကျင်တဲ့ လှုပ်ရှားမှုအနေနဲ့ civil disobedience movement လို့ ခေါ်တဲ့ ရုံးမတက်တဲ့ လှုပ်ရှားမှုကို နိုင်ငံတဝှမ်းမှာ ဝန်ထမ်းတွေက ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားနေတာ ဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုမှာ ပုဂ္ဂလိကဘဏ်ဝန်ထမ်း အများစုပါဝင်ခဲ့လို့…

အတ္ထရံမြစ်ရေတင် စီမံကိန်းကနေ သောက်သုံးရေသန့်တွေ ဖြန့်ဝေ

မော်လမြိုင် ၊ ဖေဖော်ဝါရီ (၁၅) အတ္ထရံမြစ်ရေတင်စီမံကိန်းကနေ သောက်သုံးရေသန့်တွေအား မော်လမြိုင်မြို့ပေါ်ရပ်ကွက်တွေကို ဖြန့်ဖြူးပေးနေပြီးလို့ မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးတင်ကိုကိုက ပြောပါတယ်။ မွန်ပြည်နယ် အစိုးရအဖွဲ့ဟာ မော်လမြိုင်မြို့ရဲ့ ရေရှားပါးမှု ပြဿနာကို ဖြေရှင်းဖို့အတွက် ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်မှာ ငွေကျပ်သန်း ၈,၅၀၀ ကျော်သုံးစွဲပြီး အတ္တရံမြစ်ရေတင် စီမံကိန်းကို အကောင်ထည်ဖော်ဆောင်ရွက်ခဲ့တာပါ။ လက်ရှိမှာတော့ အတ္တရံမြစ်ရေတင်စီမံကိန်းဟာ ရာနှုန်းပြည့်နီးပါး ပြီးစီးနေပြီဖြစ်လို့…

ရုံးမတက်ဘဲ ရုန်းထွက်ဖို့ မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်းတွေကို တိုက်တွန်း

မော်လမြိုင် ၊ ဖေဖော်ဝါရီ (၁၅) အာဏာသိမ်းစစ်အစိုးရလက်အောက်မှာ ရုံးမတက်ဘဲ ရုန်းထွက်ဖို့ မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်းတွေကို မော်လမြိုင်က ဆန္ဒဖော်ထုတ်သူတွေက တိုက်တွန်းလိုက်ပါတယ်။ စစ်အစိုးရဆန့်ကျင်တဲ့ လှုပ်ရှားမှုအနေနဲ့ civil disobedience movement လို့ ခေါ်တဲ့ ရုံးမတက်တဲ့ လှုပ်ရှားမှုကို နိုင်ငံတဝှမ်းမှာ ဝန်ထမ်းတွေက ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားနေတာ ဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုမှာ မြန်မာ့စီးပွားရေးဘဏ်က ဝန်ထမ်းတွေလည်း ပါဝင်လာဖို့အတွက် မော်လမြိုင်မြို့က…