2023

လွိုင်ကော်လေဆိပ်ကိုပြေးဆွဲနေတဲ့ လေကြောင်းလိုင်းတွေ ရက်အကန့်အသတ်မရှိရပ်ဆိုင်း

လွိုင်ကော်၊ ဇန်နဝါရီ(၁၂) ကယားပြည်နယ်၊ လွိုင်ကော်လေဆိပ်ကို ပြေးဆွဲနေတဲ့ ပြည်တွင်းလေကြောင်းလိုင်းတွေဟာ ဇန်နဝါရီ ၄ ရက်နေ့ကစပြီး ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်တယ်လို့ လေကြောင်းလိုင်းတွေကနေ သိရပါတယ်။ လွိုင်ကော်လေဆိပ်ကိုတော့ မြန်မာအမျိုးသားလေကြောင်းလိုင်း MNA နဲ့ Air KBZ လေကြောင်းလိုင်းတွေ ပြေးဆွဲခဲ့တာဖြစ်ပါတယ်။ လေယာဉ်ပြေးဆွဲမှုတွေကို လတ်တလော လုံခြုံရေးအခြေအနေကြောင့် ရပ်နားလိုက်တာဖြစ်ကြောင်းနဲ့ ဘယ်နေ့ပြန်ဖွင့်မယ်ဆိုတာ တိတိကျကျပြောမရသေးဘူးလို့ Air KBZ လက်မှတ်အရောင်းဌာနက…

အပစ်ရပ်ကြေညာထားတဲ့ စစ်ကောင်စီက EAO ဌာနချုပ်နဲ့ တပ်စခန်းတွေအပေါ် လေကြောင်းတိုက် ခိုက်မှုတွေ လုပ်လာ

ဖားကန့်၊ ဇန်နဝါရီ(၁၂) အာဏာသိမ်းစစ်ကောင်စီက ၂၀၂၃ တစ်နှစ်တာအတွင်း အပစ်ခတ်ရပ်စဲတယ်လို့ ကြေညာထားပေမယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAO) ဌာနချုပ်တွေနဲ့ တပ်စခန်းနေရာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်နေ့ ညနေ ၄ နာရီလောက်မှာ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က ကချင်လွတ် မြောက်ရေးတပ်မတော် (KIA) တပ်မဟာ (၉) ထဲက…

ပေါင်မြို့နယ်မှာ ကုန်တင်ရထားမိုင်းဆွဲခံရ၊ ရထားခရီးစဉ် ပုံမှန်အတိုင်းပြေးဆွဲပေးမယ်လို့ဆို

ပေါင်၊ ဇန်နဝါရီ(၁၂) မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ရွာတန်းရှည်ကျေးရွာဘူတာအနီး ရန်ကုန်-မော်လမြိုင် ရထားလမ်းပေါ်မှာ ဇန်နဝါရီ ၁၀ ရက်နေ့ ည ၇ နာရီလောက်မှာ ကုန်တင်ရထား မိုင်းဆွဲခံလိုက်ရပေမယ့် ရထားခရီးစဉ်ပုံမှန်အတိုင်း ပြေးဆွဲပေးသွားမယ်လို့ မော်လမြိုင်ဘူတာတာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ သထုံဘူတာကနေ မော်လမြိုင်ဘူတာကို မောင်းနှင်းလာတဲ့ ကုန်တင်ရထားဟာ ရွာတန်းရှည်ကျေးရွာဘူတာအနီး ရထားလမ်းမိုင်တိုင်အမှတ်၊ ၄၆၈(၂၁/၂၄)ကြားအရောက်မှာ မိုင်းဆွဲခံလိုက်ရတာ ဖြစ်ပါတယ်။ ကုန်တင်ရထား…

ရေးမြို့နယ်ရှိ နှစ်ကရင်နယ်မြေရဲစခန်း မီးရှို့ဖျက်ဆီးခံရ

ရေး – ဇန်နဝါရီ(၁၁) မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့ရှိ၊ စစ်ကောင်စီ နှစ်ကရင်နယ်မြေရဲစခန်းကို ဒီကနေ့ ဇန်နဝါရီ ၁၁ ရက်နေ့ မနက် ၁ နာရီအချိန်လာက်မှာ ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ရေးပြောက်ကျားတပ်ဖွဲ့(YGF)က ထုတ်ပြန်ပါတယ်။ အဲဒီနယ်မြေရဲစခန်းမှာ စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေ လာရောက်နေထိုင်နေတယ်ဆိုတဲ့ သတင်းအရ ရေးပြောက်ကျားတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့တာပါ။ ရဲစခန်းဝင်ရောက် စီးနင်းစဉ် စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ မရှိတော့အတွက်…

ပေါ်တူဂီ တောင်ပံကစားသမား ဖီးလစ်ကို အငှားစာချုပ်နဲ့ ချဲလ်ဆီးအသင်း ခေါ်ယူ

မော်လမြိုင်၊ ဇန်နဝါရီ၊ (၁၁) ပရီးမီးယားလိဂ်ကလပ်အသင်း ချဲလ်ဆီးအသင်းဟာ ပေါ်တူဂီနဲ့ အက်သလက်တီကိုမက်ဒရစ်အသင်း တောင်ပံကစားသမား ဖီးလစ်ကို အခုရာသီကုန်အထိ အငှားစာချုပ်နဲ့ ခေါ်ယူလိုက်ပြီလို့ ဗြိတိန်သတင်းတွေမှာ ဖော်ပြနေကြပါတယ်။ အသက် ၂၃ နှစ်အရွယ် တောင်ပံကစားသမား ဖီးလစ်ကို ချဲလ်ဆီးအသင်းက ပေါင် ၉ သန်းကျော် အငှားစာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ စာချုပ်ပါအချက်အလက်တွေအရ ချဲလ်ဆီးအသင်းဟာ ဖီးလစ်အတွက် လုပ်ခလစာ…

အစိုးရနဲ့ တော်လှန်ရေးအင်အားစုတွေ အပြန်အလှန်ယုံကြည်မှုရှိဖို့ အလေးထားတယ်လို့ NUG ပြော

မော်လမြိုင် – ဇန်နဝါရီ(၁၁) အမျိုးသားညီညွတ်ရေးအစိုးရဟာ နွေဦးတော်လှန်ရေးမှာ နိုင်ငံရေး စစ်ရေး တပ်ဦးကနေ ဦးဆောင်နေတယ်ဆိုပေမယ့် တော်လှန်ရေး/ သပိတ်အင်အားစု အသီးသီးရဲ့ ယုံကြည်မှု မရရင် ရှေ့ဆက်လို့ မရတဲ့အတွက် အစိုးရနဲ့ သက်ဆိုင်ရာ အင်အားစုတွေကြား အပြန်အလှန်ယုံကြည်မှု ရှိရေး အထူးအလေးထားတယ်လို့ NUG ယာယီသမ္မတက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ (၁၀) ရက်နေ့က အွန်လိုင်းကတစ်ဆင့်…

ဂျနီဗာကွန်ဖရင့်အပြီး IMF ကိုယ်စားလှယ်အဖွဲ့နဲ့ ပါကစ္စတန်ဘဏ္ဍာရေးဝန်ကြီး တွေ့ဆုံမယ်

အစ္စလာမာဘတ်၊ ဇန်နဝါရီ(၁၁) နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ကိုယ်စားလှယ်အဖွဲ့ဟာ ပါကစ္စတန်ရဲ့ ကယ်ဆယ်ရေးအစီအစဉ်ကို ပြန်လည်စတင်ဖို့ လုပ်ဆောင်နေစဉ်အတွင် ပါကစ္စတန်ဘဏ္ဍာရေးဝန်ကြီးနဲ့ ဂျီနီဗာကွန်ဖရင့်အပြီး သီးခြား တွေ့ ဆုံမယ်လို့ ဆိုပါတယ်။ IMF ရဲ့ အရင်နှစ် နိုဝင်ဘာလမှာ ထုတ်ပေးမယ့်ဒေါ်လာ ၁.၁ ဘီလီယံကို အခုထိ ထုတ်ပေးဖို့အတည်မပြု သေးတာကြောင့် ပါကစ္စတန်ဟာ နိုင်ငံခြားအရန်ငွေကို သွင်းကုန်မှတဆင့်ကာမိစေဖို့ လုပ်ဆောင်နေရတာပါ။…

ထိုင်း လျှပ်စစ်ကားမူဝါဒကော်မတီက ကားဘက်ထရီထုတ်လုပ်သူတွေနဲ့ တွေ့ဆုံမယ်

ဘန်ကောက် – ဇန်နဝါရီ(၁၁) ထိုင်းနိုင်ငံ လျှပ်စစ်ကာမူဝါဒ ကော်မတီက နိုင်ငံအတွင်း လျှပ်စစ်ယာဉ်တွေ အစားထိုး သုံးစွဲနိုင်ဖို့ အတွက် လျှပ်စစ်ကား ဘက်ထရီထုတ်လုပ်သူတွေကို ထောက်ပံ့ပေးဖို့ လာမယ့် (၂၃) ရက်နေ့ မှာ တွေ့ဆုံဆွေးနွေးသွားမယ်လို့ သိရပါတယ်။ မော်တော်ယာဉ်ကိုယ်ထည်တွေမှာ တပ်ဆင်အသုံးပြု့မယ့် ဘက်ထရီနဲ့ အစားထိုးသုံးစွဲမယ့် ဘက်ထရီ ကုန်ကြမ်းပစ္စည်းတွေနဲ့ မော်ကျူလာ ဘက်ထရီတွေ ထုတ်လုပ်ဖို့အတွက် ထောက်ပံ့ကြေး…