Radio Than Lwin Times(10/1)
Youtube Link Sound Cloud Link
Youtube Link Sound Cloud Link
https://youtu.be/Pt8J6EM1sYo
နယူးဒေလီ၊ ဇန်နဝါရီ(၁၂) ဒေသတွင်းမှာစစ်ရေးပြင်ဆင်မှုတွေ အရှိန်အဟုန်မြင့်လာပြီး တရုတ်နဲ့နှစ်နိုင်ငံအကြားမပြေလည်မှုတွေ သုံးနှစ် ကြာရောက်လာချိန်မှာ အိန္ဒိယအစိုးရအနေနဲ့ ရွေ့လျားနိုင်တဲ့ လေကြောင်းကာကွယ်ရေးပဲ့ထိန်းဒုံးတွေကို ဝယ်ယူသွားဖို့ စီစဉ်နေပြီလို့ ဆိုပါတယ်။ဒီပဲ့ထိန်းဒုံးတွေကိုတော့ တရုတ်နဲ့ အငြင်းပွားနေတဲ့ နယ်စပ်ဒေသမှာထားရှိသွားမယ်လို့လည်း ပြောကြားလိုက် တာပါ။တပ်သားတွေ ပစ်ခတ်နိုင်တဲ့ တာတိုပစ်ပဲ့ထိန်းဒုံးဝယ်ယူမှုတွေကို အိန္ဒိယနိုင်ငံရဲ့ ကာကွယ်ရေးဝန်ကြီးမှ ထုတ်ပြန်ချက်တစ်ခုထုတ်ပြီး ရှင်းလင်းပြောကြားခဲ့တာပါ။ “လတ်တလောမြောက်ပိုင်းနယ်စပ်အခြေအနေကို ကြည့်မယ်ဆိုရင် လူကိုယ်တိုင်သယ်ပြီးပစ်နိုင်တဲ့ လေ ကြောင်းကာကွယ်ရေး ပဲ့ထိန်းဒုံးတပ်ဆင်နိုင်ရေးကို…
လန်ဒန် – ဇန်နဝါရီ(၁၂) ဗြိတိန်ဝန်ကြီးချုပ် ရီရှီဆူနက်နဲ့ ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါတို့ရဲ့ လန်ဒန်တွေ့ဆုံမှုမှာ နှစ်နိုင်ငံ အရေးကြီးတဲ့ ကာကွယ်ရေးသဘောတူညီချက်သစ်ကို လက်မှတ်ထိုးမှာဖြစ်တယ်လို့ ဒေါင်းနင်း လမ်း(ဝန်ကြီးချုပ်ရုံး) ပြောပါတယ်။ လန်ဒန် သမိုင်းဝင်မျှော်ဟင်မှာ လက်မှတ်ရေးထိုးမယ့် ဗြိတိန်က ဂျပန်မှာ တပ်ဖြန့်ခွင့်ပြုတဲ့ သဘောတူညီချက်ဟာ ရာစုနှစ်တစ်ခုကျော်တွင်း နှစ်နိုင်ငံရဲ့ အထင်ရှားဆုံး ကာကွယ်ရေး သဘောတူညီချက်ဖြစ်ခဲ့တာပါ။ နှစ်နိုင်ငံခေါင်းဆောင်တွေဟာ G-7…
မြဝတီ – ဇန်နဝါရီ(၁၂) ကိုဗစ်ကြောင့် (၃) နှစ်ကြာ ပိတ်ထားခဲ့ရတဲ့ ထိုင်း – မြန်မာအမှတ်(၁) ချစ်ကြည်ရေးတံတား နယ်စပ် ဂိတ်ကို ဒီနေ့ ဇန်နဝါရီလ (၁၂) ရက် မနက်ပိုင်းက နှစ်နိုင်ငံတာဝန်ရှိသူတွေ ဖွင့်လှစ်ခဲ့ ကြပါတယ်။ ထိုင်း – မြန်မာနယ်စပ် မြဝတီမြို့နဲ့ မဲဆောက်မြို့ကို ဆက်သွယ်ထားတဲ့ အမှတ်(၁) ချစ်ကြည်ရေး တံတားကို…
လောင်းလုံး၊ ဇန်နဝါရီ(၁၂) တနင်္သရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ဟင်းချိုတောကျေးရွာမှာ ဇန်နဝါရီ ၁၁ ရက်နေ့ မနက် ၅ နာရီလောက်က စစ်ကောင်စီနဲ့ပျူစောထီးအဖွဲ့တွေ ရောက်ရှိလာပြီးနောက် နေအိမ် ၅ လုံးကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တပ်အင်အား ၂၀ ကျော်ပါတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးအဖွဲ့တွေဟာ ဟင်းချိုတောရွာကို လှေနဲ့ရောက်ရှိလာပြီးနောက် ဒေသခံနေအိမ် ၅ လုံးကို…
ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) အတွင်းရေးမှူး(၂) မာဝီနဲ့ဆက်သွယ်မေးမြန်းချက်။ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF)ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ကို ရရာလက်နက်စွဲကိုင်ပြီး တော်လှန်ခဲ့တဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတစ်ခုဖြစ်ပြီး အခုအခါမှာတော့ လူထုထောက်ခံနဲ့အတူ တပ်အင်အား ပိုမိုကြီးထွားလာသလို ကယားပြည် နယ်ရဲ့ နေရာအများစုကိုလည်း ထိန်းချုပ်လာနိုင်ပြီးဖြစ်ပါတယ်။ ဒါကြောင့် ကရင်နီအမျိုး သားကာကွယ်ရေးတပ် (KNDF) ရဲ့ ရှေ့ဆက်ဆောင်ရွက်သွားမယ့် အစီအစဉ်တွေ၊ ၂၀၂၃ ခုနှစ်အတွင်း ဖော်ဆောင်သွားမယ့် လုပ်ငန်းစဉ်တွေ၊…
ဘန်ကောက် – ဇန်နဝါရီ(၁၂) မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုနဲ့ ငွေကြေးခဝါချမှုတွေကြောင့် ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံ ထားရတဲ့ ခရိုနီ ဦးထွန်းမင်းလတ်ပိုင်ဆိုင်တဲ့ တိုက်ခန်းထဲမှာ မြန်မာစစ်ခေါင်းဆောင်ရဲ့ သားသမီး တွေရဲ့ ပိုင်ဆိုင်မှုတွေကို အာဏာပိုင်တွေက တွေ့ရှိထားတယ်လို့ အမှုနဲ့ နီးစပ်သူတွေက ရိုက်တာ ကို ပြောပါတယ်။ ဘန်ကောက်မြို့မှာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက ထိုင်းနိုင်ငံသား(၃) ဦးနဲ့အတူ ဖမ်းဆီးခံခဲ့ရတဲ့ အသက် (၅၃)…
မော်လမြိုင်၊ ဇန်နဝါရီ(၁၂) AAPP ရဲ့ ဇန်နဝါရီ(၁၁)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၇၁၀)ရက်အတွင်း ပြည်သူ (၂၇၂၅)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၇၁၇၄ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၃၇၂၁) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄…
မော်လမြိုင်၊ ဇန်နဝါရီ(၁၂) ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေအတွင်းမှာ KNLA တော်လှန်ရေးတပ်ပေါင်းစုနဲ့ စစ်ကောင်စီတပ်တို့ရဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ စစ်ဘေးရှောင်အရေအတွက် အရင်ကထက် ပိုမိုများပြားလာသလို လူသားချင်းစာနာမှုအကူအညီတွေ အရေးတကြီးလိုအပ်နေတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG နဲ့ KNU ထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ(၁၉)ရက်နေ့ကစပြီး ဒီဇင်ဘာလကုန်အထိ တပ်မဟာ(၆)နယ်မြေဖြစ်တဲ့ ကော့ကရိတ်မြို့နယ် ကော့နွဲ့ကျေးရွာအတွင်း KNLA တော်လှန်ရေးတပ်ပေါင်းစုနဲ့…