2023

PDF ထောက်ပံ့တယ်လို့စွပ်စွဲပြီးအွန်လိုင်းဆယ်လီ အလင်းသခင်ကို ထောင်ဆယ်နှစ်ချမှတ်

မူဆယ် – ဇန်နဝါရီ(၁၃) ရှမ်းပြည်နယ် မူဆယ်ခရိုင် မူဆယ်မြို့မှာ နေထိုင်တဲ့ အွန်လိုင်းဆယ်လီ ကိုကျော်ရဲထွေး(ခ) အလင်း သခင်ကို ဒီနေ့ ဇန်နဝါရီလ(၁၃) ရက်နေ့မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ စစ်ကောင်စီ က အလုပ်နဲ့ ထောင်ဒဏ် (၁၀) နှစ်ချမှတ်လိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ကိုကျော်ရဲထွေး(ခ) အလင်းသခင်ကို စစ်ကောင်စီဖမ်းဆီးချိန်မှာအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ ဖမ်းဆီးခဲ့တာမဟုတ်ဘဲ…

ဖာပွန်ခရိုင် လေးဝါးရွာ ဗုံးကြဲခံရတာကြောင့် ကလေးငယ် တစ်ဦး အပါအဝင် ၅ ဦး သေဆုံး

ဖာပွန် – ဇန်နဝါရီ(၁၃) ကရင်အမျိုးသားအစည်းအရုံး KNU ဖာပွန်ခရိုင် တပ်မဟာ(၅)ထိန်းချုပ်နယ်မြေထဲက လေးဝါးကျေးရွာ လေယာဉ်နဲ့ ဗုံးကြဲခံရတာကြောင့် အသက်(၂)နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ဒေသခံ(၅)ဦး သေဆုံးပြီး စာသင်ကျောင်း၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်းနဲ့ နေအိမ်အဆောက်အဦးတွေ အများအပြား ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ (၁၂)ရက်နေ့ မွန်းလွဲ(၂)နာရီကျော်အချိန်က KNU ဖာပွန်ခရိုင် လူသောမြို့နယ်…

နန်းဖဲ-ဘောလခဲ-ထူးချောင်းလမ်း ကို အသုံးမပြုဖို့ KNDF အသိပေး

ဖရူဆို – ဇန်နဝါရီ(၁၃) ကယားပြည်နယ် ဖရူဆိုမြို့နယ်က နန်းဖဲ – ဘောလခဲ နဲ့ ထူးချောင်းလမ်းတွေကို အသုံးပြုပြီး ခရီးသွားလာတာနဲ့ ကူးသန်းရောင်းဝယ် တာတွေမလုပ်ဖို့ ကရင်နီအမျိုးသားများ ကာကွယ်ရေး တပ် KNDF က သတိပေးထားပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ(၁၂) ရက်နေ့စပြီး ရက်အကန့်အသတ်မရှိ ယာယီပိတ်ထားမှာဖြစ်တယ်လို့ KNDF တပ်ရင်း- ၁၆ က သတင်းထုတ်ပြန်ထားတာပါ။…

အီရန်ဆန္ဒပြပွဲများကြောင့် အနည်းဆုံးသတင်းသမား ၃၀ ထက်မနည်း ထောင်ချခံရ

တီဟီရန်၊ ဇန်နဝါရီ(၁၃) မာရှာအမ်မီနီသေဆုံးမှုကြောင့် အီရန်နိုင်ငံမှာဖြစ်ပေါ်ခဲ့တဲ့ ဆန္ဒပြပွဲတွေနဲ့ဆက်စပ်လို့ အနည်းဆုံးသတင်းသမား အယောက် (၃၀) ဟာ ထောင်ထဲမှာရှိနေသေးတယ်လို့ တီဟီရန် သတင်းထောက်များအသင်းက ပြောပါတယ်။ အမျိုးသမီးတွေအတွက် သတ်မှတ်ထားတဲ့ အီရန်ဝတ်စားဆင်ယင်မှုဥပဒေကို ဖောက်ဖျက်တဲ့ စွပ်စွဲချက်နဲ့ အမ်မီနီကို စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီးနောက် အဲဒီမိန်းကလေးသေဆုံးမှုနဲ့ ပတ်သက်လို့ စက်တင်ဘာ ၁၆ ရက်ကလို့လေးလကြာဆန္ဒပြမှုတွေ နိုင်ငံတွင်းမှာ ဖြစ်ပွားခဲ့တာပါ။ စက်တင်ဘာလလယ်ကတည်းက သတင်းသမား…

အဝတ်လဲခန်းထဲ လျှို့ဝှက်ကင်မရာတပ်ပြီး ရိုက်ထားတဲ့ရုပ်သံဖိုင်တွေ တွစ်တာမှာ ပျံ့နှံ့နေလို့ H&M Malaysia က တိုင်ချက်ဖွင့်

ကွာလာလမ်ပူ – ဇန်နဝါရီ(၁၃) H&M Malaysia က ကွာလာလမ်ပူမှာရှိတဲ့ အရောင်းဆိုင်တစ်ခုရဲ့ အဝတ်လဲခန်းအတွင်း လူမသိ အောင် တပ်ဆင်းထားတဲ့ ကင်မရာက ဗီဒီယိုဖိုင်တွေ အွန်လိုင်းမှာ ရောင်းချနေတယ်လို့ ထုတ်ဖော် ပြောဆိုပြီးနောက် ရဲတပ်ဖွဲ့မှာ တိုင်ချက်ဖွင့်ခဲ့ပါတယ်။ အွန်လိုင်းမှာ ရုပ်သံဖိုင်တွေ ထွက်ပေါ်လာပြီးနောက်မှာတော့ သက်ဆိုင်ရာ H&M ဆိုင်ခွဲ အရောင်း မန်နေဂျာက တိုင်ချက်ဖွင့်ခဲ့တာပါ။ “ကျွန်ုပ်တို့…

နိုင်ငံတကာဝေဖန်မှုတွေ ရှိနေတဲ့တရုတ်က သူတို့ရဲ့ ကိုဗစ်အစီရင်ခံမှု ရပ်ဆိုင်း

ပေကျင်း – ဇန်နဝါရီ(၁၃) တရုတ်နိုင်ငံဟာ သူတို့ရဲ့ နေ့စဉ် ကိုဗစ်အရေအတွက် အစီရင်ခံစာကို သုံးရက်ကြာ အပ်ဒိတ် မလုပ်ဘဲ သတင်းအချက်အလက် ချန်လှပ်ထားတဲ့အတွက် ရောဂါဖြစ်ပွားမှုရဲ့ အကျိုးသက် ရောက်မှု အမှန်ကိုဖုံးကွယ်ထားတယ်ဆိုပြီး စိုးရိမ်မှုတွေ ရှိနေပါတယ်။ နေ့စဉ် ကိုဗစ်အခြေအနေ အပ်ဒိတ်ကို ဖော်ပြတဲ့ အပြင်းအထန်ဖျားနာလူနာတွေနဲ့ သေဆုံးမှု အရေအတွက်စာရင်းကို တရုတ်က ပြီးခဲ့တဲ့ ဇန်နဝါရီ(၉) ရက်က…

နတ်မောက်မှာ မဲစာရင်းကောက်ဖို့ ဖိအားပေးနေတဲ့ မူလတန်းကျောင်းအုပ် ရှင်းလင်းခံရ

နတ်မောက် – ဇန်နဝါရီ(၁၃) မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ ပညာရေးဝန်ထမ်းတွေကို စစ်ကောင်စီအလိုကျ မဲစာရင်း ကောက်ယူဖို့ ဖိအားပေးနေတဲ့ မူလတန်းကျောင်းအုပ် ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ မကွေးပြောက်ကျားတပ်က သတင်းထုတ်ပြန်ထားပါတယ်။ နတ်မောက်မြို့နယ် ဖျောက်ဆိတ်ကုန်း(အ.မ.က) ကျောင်းအုပ် ဦးဝင်းခိုင် ကို မကွေးပြောက်ကျား တပ်နဲ့ ဒေါင်းစစ်သည် ပြောက်ကျားတပ်(နတ်မောက်) တို့ ပူး ပေါင်းပြီး ဇန်နဝါရီလ(၁၂) ရက်က ပစ်ခတ်ရှင်းလင်းခဲ့တာပါ။…

လှိုင်မြို့နယ်က အမိုးနီးယားဓာတ်ငွေ့ယိုစိမ့်ပျံ့နှံ့မှု ဖြစ်စဉ်ကြောင့် ဒေသခံ ၅၀ခန့် ဆေးရုံတင်ထားရ

ရန်ကုန်၊ ဇန်နဝါရီ(၁၃) ရန်ကုန်မြို့ လှိုင်မြို့နယ်၊ (၁၆)ရပ်ကွက် အုတ်ကျင်းမှတ်တိုင်အနီးရှိ မိုးရေသန့်စက်ရုံမှ စက်ရုံသုံး အမိုးနီးယား ဓာတ်ငွေ့အိုး ချွတ်ယွင်းပြီး အနီးဝန်းကျင်ရပ်ကွက်တွေဆီ ဓာတ်ငွေ့ပျံ့နှံ့ခဲ့တာကြောင့် ရပ်ကွက်နေပြည်သူ (၅၀)ခန့် မူးဝေအော့အန်တာတွေ ဖြစ်ပွားခဲ့လို့ အနီးဆုံးဆေးရုံတွေဆီကို အရေးပေါ်ပို့ဆောင်ခဲ့ရပြီး အခြေအနေ စောင့်ကြည့်နေရဆဲ ဖြစ်တယ်လို့သိရပါတယ်။ “ သေတဲ့လူတော့မရှိပါဘူး။ ကျွန်မတို့ တိုက်က အသက်ကြီးပိုင်း အဘွားတစ်ယောက် အသက်ရှုရပ်မလိုဖြစ်တယ်။ ကလေးတစ်ယောက်…