2023

လောင်းလုံးသကျက်တောရဲစခန်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေစွန့်ခွာ

လောင်းလုံး၊ ဇန်နဝါရီ(၁၅) တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ သကျက်တောကျေးရွာရှိ သကျက်တောရဲကင်းစခန်းကို ဇန်နဝါရီ ၁၄ ရက်နေ့မနက်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စွန့်ခွာသွားပြီလို့ ဒေသခံတွေနဲ့ လောင်းလုံး PDF က သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်နဲ့ ရဲအင်အား ၁၅ ဦးလောက်ရှိတဲ့ ရဲကင်းစခန်းကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်နေ့ မနက်ပိုင်းမှာ ရေးလမ်းကနေ တပ်အင်အား ၂၀…

လူဦးရေစာရင်းကောက်ယူရေးအဖွဲ့တွေ တိုက်ခိုက်ခံနေရတယ်လို့ စစ်ကောင်စီထုတ်ပြန်

မော်လမြိုင်၊ ဇန်နဝါရီ(၁၅) လာမယ့် အထွေထွေရွေးကောက်ပွဲအတွက် မြေပြင်လူဦးရေစာရင်း လိုက်လံကောက်ယူနေတဲ့ အဖွဲ့တွေဟာ ၇ ကြိမ်ထက်မနည်း နှောင့်ယှက်ဖျက်ဆီးတိုက်ခိုက်ခံထားရတယ်လို့ ဇန်နဝါရီ ၁၄ ရက်နေ့ထုတ် စစ်ကောင်စီဝါဒဖြန့်သတင်းစာတွေမှာ ဖော်ပြပါတယ်။ စစ်ကောင်စီကျင်းပဖို့ကြိုးပမ်းနေတဲ့ အထွေထွေရွေးကောက်ပွဲအတွက် လူဦးရေစာရင်းတွေ မှန်ကန်စေဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူတဲ့လုပ်ငန်းတွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ဇန်နဝါရီ ၉ ရက်နေ့ကစပြီး လိုက်လံကောက်ယူနေတာပါ။ မြေပြင်လူဦးရေစာရင်း စတင်ကောက်ယူတဲ့ ဇန်နဝါရီ…

အမေရိကန်နဲ့ ဂျပန်တို့ကြား စစ်ရေးဆိုင်ရာကိစ္စရပ်တွေတိုးမြှင့်ဖို့ သမ္မတဘိုင်ဒန် ခိုင်ခိုင်မာမာကတိပြု

ဝါရှင်တန်၊ ဒီဇင်ဘာ(၁၅) အမေရိကန်အနေနဲ့ ဂျပန်နိုင်ငံရဲ့စစ်ရေး၊ ကာကွယ်ရေးတိုးမြှင့်မှုကိုကြိုဆိုပြီး ပြည့်ပြည့်၀၀ခိုင်ခိုင်မာ ကတိကဝတ်တွေ ပြုထားတယ်လို့ သမ္မတဂျိုးဘိုင်းဒန်က ပြောကြားလိုက်ပါတယ်။ G-7 အင်အားကြီးနိုင်ငံတွေကို လေ့လာရေးခရီးသွားရောက်နေတဲ့ ဂျပန်ဝန်ကြီးချုပ် ကီရှီဒါဟာ ဝါရှင်တန်ကို ရောက်ရှိနေတာဖြစ်ပါတယ်။ တရုတ်၊ မြောက်ကိုရီးယားနဲ့ ရုရှားတို့က ဒေသတွင်းလုံခြုံရေး ခြိမ်းခြောက်မှုတွေ မြင့်တက်လာနေတဲ့အတွက် ဂျပန်နဲ့ အမေရိကန်တို့ရဲ့ စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေချိန်မှာ ကာလရှည်ကြာ မဟာမိတ်ဆက်ဆံရေး အားကောင်းလာစေဖို့…

ဖူကူရှီးမား နျူဓာတ်ပေါင်းဖို ပေါက်ကွဲမှုမှ ရေဒီယို သတ္တိကြွရေတွေကို ဒီနှစ်ထဲမှာ စွန့်ပစ်မယ်

တိုကျို – ဇန်နဝါရီ(၁၅) ဂျပန်အစိုးရ ဖျက်ဆီးထားတဲ့ ဖူကူရှီးမား နျူကလီးယားဓာတ်ပေါင်းဖို အပိုင်းအစ မီလျံ တန်ကျော်ကို နိုင်ငံအတွင်း သတ်မှတ်ထားတဲ့ စံနှုန်းတွေအတိုင်း ပြုပြင်ပြီး ပင်လယ်ထဲ စွန့်ပစ်မယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ နျူကလီးယားပျက်စီးအပိုင်းအစတွေကို လွှတ်ထုတ်ဖို့ ဆောင်ရွက်မယ့် အဆိုပြုလွှာဟာ လုံခြုံမှု ရှိပေမယ့် အိမ်နီးချင်းနိုင်ငံတွေဘက်က စိုးရိမ်မှုတွေရှိနေတယ်လို့ အပြည်ပြည်ဆိုင်ရာ အဏုမြူ စွမ်းအင် အေဂျင်စီ(IAEA)…

တရုတ်ကမ်းခြေစောင့် သင်္ဘော စောင့်ကြည့်ဖို့ အင်ဒိုစစ်သင်္ဘောစေလွှတ်

ဂျကာတာ – ဇန်နဝါရီ(၁၅) သံယဇာတပေါများတဲ့ အင်ဒိုနီးရှား ရေကြောင်းဧရိယာမှာ လှုပ်ရှားနေတဲ့ တရုတ်ကမ်းခြေစောင့် သင်္ဘောကို စောင့်ကြည့်ဖို့ မြောက်နက်တူနာပင်လယ်မှာ စစ်သင်္ဘောတစ်စင်း ဖြန့်ကျက်ထား တယ်လို့ အင်ဒိုနီးရှားရေတပ်ဦးစီးချုပ်က ပြောပါတယ်။ ခြေရာခံ အချက်အလက်တွေရ အဲဒီသင်္ဘောဟာ တူနာလုပ်ငန်းစုရဲ့ ဓာတ်ငွေ့တွင်းနဲ့ ဗီယက်နမ် နိုင်ငံ ချင်းမ်ဆောင်ရေနံနဲ့ သဘာဝဓာတ်ငွေ့မြေအနီး ပင်လယ်ထဲမှာ ပြီးခဲ့ပြီး ဒီဇင်ဘာလ(၃၀) တည်းက ရွက်လွှင့်နေတာဖြစ်တယ်လို့…

ကျိုက်ထိုကင်မွန်းချောင်းမှာ ဆယ်အိမ်မှူးအပါအဝင် ၂ ဦး ပစ်သတ်ခံရ

ကျိုက်ထို၊ ဇန်နဝါရီ(၁၅) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာရှိ ကဒက်ချောင်းတံတားအနီး ဈေးဆိုင်တန်းမှာ ဇန်နဝါရီ ၁၃ ရက်နေ့ညက ဆယ်အိမ်မှူးအပါအဝင် ၂ ဦး သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီနေ့ ည ၈ နာရီလောက်က ကဒက်ချောင်းတံတားထိပ်နေ ဆယ်အိမ်မှူးဦးပေါ်ထွန်းနေအိမ်ကို လက် နက်ကိုင်သူ ၄ ဦး ရောက်လာပြီးနောက် ဦးပေါ်ထွန်းနဲ့စကားထိုင်ပြောနေတဲ့…

သထုံခရိုင်မှာ လက်နက်ကြီး ထိမှန်တာကြောင့် ဒေသခံ ၁ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရ

သထုံ -ဇန်နဝါရီ(၁၄) ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) ထိန်းချုပ်နယ်မြေ သထုံခရိုင်ထဲမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက်နေ့ကနေ ဇန်ဝါရီ ၁၄ ရက်နေ့အထိ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ ၁ ဦး သေဆုံးပြီး ၁၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ တပ်မဟာ(၁)ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ စစ်ကောင်စီတပ်မ(၄၄) လက်အောက်ခံ တပ်ရင်းတွေဟာ ပြီးခဲ့တဲ့…

ထောင်ထွက်တွေကို လစာ တစ်သိန်းရှစ်သောင်းပေးပြီး ပျူစောထီးလုပ်ဖို့ စစ်တပ်ခေါ်ယူ

ပခုက္ကူ – ဇန်နဝါရီ(၁၄) မကွေးတိုင်း ပခုက္ကူမြို့မှာ လူသတ်မှု၊မူးယစ်ဆေးဝါးမှုတွေနဲ့ ထောက်ထွက်တွေကို စစ်ကောင်စီ က လစာ တစ်သိန်းရှစ်သောင်းပေးပြီး စစ်တပ်လက်အောက်ခံပျူစောထီး လုပ်ဖို့ ခေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပျူစောထီးအဖြစ် ခေါ်ယူသူတွေဟာ စစ်ကောင်စီလွတ်ငြိမ်းနဲ့ ပါလာတဲ့ မူးယစ်ဆေးဝါးမှု၊ လူသတ်မှု၊ခိုးမှုနဲ့ ထောင်ကထွက်လာသူတွေကို ဦးစားပေးခေါ်ယူနေတာပါ။ ပြည်သူနဲ့ မပူးပေါင်းဘဲ စစ်တပ်လက်အောက်ခံ လုပ်နေတဲ့ ပျူစောထီးတွေကို အပြစ်ပေး…