2023

ကော့ဘိန်းနယ်မြေရဲစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့ မီးရှို့ဖျက်ဆီး

ကော့ကိရိတ်၊ ဇန်နဝါရီ(၁၇) ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာရှိ ကော့ဘိန်းနယ်မြေရဲစခန်းကို ဇန်နဝါရီ ၁၆ ရက်နေ့ နေ့လည်ပိုင်းမှာ KNLA ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်အင်အား ၂၀ လောက်နေထိုင်တဲ့ ကော့ဘိန်းနယ်မြေရဲစခန်းကို နေ့လည် ၁ နာ ရီခွဲအချိန်လောက်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်တွေက ဝင်ရောက်စီးနင်းခဲ့တာပါ။…

ပခုက္ကူမြို့နယ် ကန်တော်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် တိုက်ခံရ သုံးဦးသေဆုံး

ပခုက္ကူ – ဇန်နဝါရီ(၁၆) မကွေးတိုင်း ပခုက္ကူမြို့နယ် ကန်တော်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို အီနာဂါဗုံးသီးနဲ့ တိုက်ခိုက်ခဲ့တာကြောင့် သုံးဦးသေဆုံးပြီး လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင် ပ.က.ဖ က သံလွင်တိုင်းမ် ကိုပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ မနက်အစောပိုင်မှာ ဒရုန်းနဲ့ အီနာဂါဗုံးသီးချပြီး တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ကို မနက်(၈) နာရီကနေ ညနေ(၃) နာရီလောက်ထိ အီနာဂါဗုံးသီး…

ကြာအင်းဆိပ်ကြီးမှာ စစ်ရှောင် (၁၆၀၀၀) ကျော်အတွက် ဆေးဝါးနဲ့ ရိက္ခာလိုအပ်နေ

ကြာအင်းဆိပ်ကြီး – ဇန်နဝါရီ(၁၆) ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေအတွက် ဆေးဝါးနဲ့ ရိက္ခာတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ကြာအင်းဆိပ်ကြီးမှာ ဖြစ်ပွာခဲ့တဲ့ တိုက်ပွဲတွေကြောင့် ကျေးရွာပေါင်း (၂၀) ကျော်က ဒေသခံ (၁၆၀၀၀) ကျော်ထွက်ပြေးတိမ်းရှောင်နေရတာပါ။ စစ်ရှောင်တွေထဲမှာ အသက်(၅) နှစ်အောက်…

စစ်ကောင်စီ ကယားပြည်နယ်နေ့ ကျင်းပချိန် ဒရုန်းနဲ့တိုက်ခိုက်ခံရ လုံခြုံရေးတစ်ဦးသေ

လွိုင်ကော် – ဇန်နဝါရီ(၁၆) ကယားပြည်နယ်၊လွိုင်ကော်မြို့မှာ စစ်ကောင်စီ ကယားပြည်နယ်နေ့ အထိမ်းအမှတ်ပွဲ ပြုလုပ်နေစဉ် ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး လုံခြုံရေးတစ်ဦးသေဆုံးကာ အနည်းဆုံး (၈) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ် သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ(၁၅) ရက်နေ့က ကျရောက်တဲ့ (၇၁) နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်း အမှတ်ပွဲကို လွိုင်ကော်မြို့ ပြည်နယ်ခန်းမမှာ စစ်ကောင်စီက ကျင်းပခဲ့တာပါ။ ဒီဖြစ်စည်နဲ့ပတ်သက်ပြီး စစ်ကောင်စီက…

မွန်ပြည်နယ် နယ်လုံဝန်ကြီးဟောင်း ဦးဝင်းနိုင်ဦး အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်ခံရ

မုဒုံ၊ ဇန်နဝါရီ ၁၆ မွန်ပြည်နယ်၊ မုဒုံမြို့၊ မြို့မ(၃)ရပ်ကွက်၊ ဦးစံဖေလမ်းနေ ပြည်နယ်လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီးဟောင်း ဗိုလ်မှူးကြီး (ငြိမ်း) ဦးဝင်းနိုင်ဦးဟာ ဇန်နဝါရီ ၁၅ ရက်နေ့ ညက အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်ခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီနေ့ ည ၆ နာရီခွဲအချိန်လောက်မှာ နေအိမ်ပြန်လာတဲ့ ဝန်ကြီးဟောင်း ဗိုလ်မှူးကြီး (ငြိမ်း)…

သရက်နဲ့ မင်းတုန်းမြို့မှာ လူဦးရေစာရင်းကောက်နေတဲ့ လ.ဝ.က ရုံးတွေတိုက်ခိုက်ခံရ

သရက် – ဇန်နဝါရီ(၁၆) မကွေးတိုင်း သရက်မြို့နဲ့ မင်းတုန်းမြို့က လ.ဝ.က ရုံးတွေနဲ့ ကံမ မြောက်ဘက်အဝင် စစ်ဆေး ရေးဂိတ် တို့ကို ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့က (၃) ရက်အတွင်း တိုက်ခိုက်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ(၁၃) ရက်နေ့က သရက်မြို့ လ.ဝ.က ရုံး၊ (၁၄) ရက်နေ့မှာ မင်းတုန်းမြို့ လ.ဝ.က ရုံး တို့ကိုဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး (၁၅)…

ကြာအင်းဆိပ်ကြီးတိုက်ပွဲမှာ အရပ်သားတွေကို လူသားဒိုင်းအဖြစ် ဖမ်ဆီးအသုံးပြုခံနေရ

ကြာအင်းဆိပ်ကြီး၊ ဇန်နဝါရီ(၁၅) ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ထဲမှာ အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး အရပ်သားတွေအပေါ် စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးအသုံးပြုတာတွေ ရှိနေတယ်လို့ ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ KNU တပ်မဟာ(၆)နယ်မြေ ကြာအင်းဆိပ်ကြီးမြို့နယ်ထဲ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ အရပ်သားတွေကိုဖမ်းဆီးပြီး ပေါ်တာနဲ့လူသားဒိုင်းအဖြစ် အသုံးပြုလာတာကြောင့် တော်လှန်ရေးအင်အားစုတွေက အရပ်သားပြည်သူတွေနဲ့ ကျေးရွာနေအိမ်တွေကို…

မွန်ပြည်နယ်မှာ ရော်ဘာအထွက်နှုန်း ၃ ပုံ ၁ ပုံထက်မနည်းကျဆင်းလာ

မော်လမြိုင်၊ ဇန်နဝါရီ(၁၅) မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် သွင်းအားစုဓာတ်မြေသြဇာတွေ မထည့်နိုင်တော့တာ၊ လက်ရှိကာလဟာ အရွက်ကြွေကာလဖြစ်တာကြောင့် ရော်ဘာအထွက်နှုန်း ၃ ပုံ ၁ ပုံထက်မနည်း ကျဆင်းလာတယ်လို့ ရော်ဘာစိုက်တောင်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ရော်ဘာစိုက်တောင်သူတွေဟာ စစ်တပ်အာဏာသိမ်းထားတဲ့ကာလအတွင်း သွင်းအားစုဓာတ်မြေသြဇာအပါအဝင် ဆက်စပ်ပစ္စည်းတွေ ဈေးနှုန်း (၄)ဆနီးပါးမြင့်တက်လာတာ၊ အလုပ်သမားစရိတ်နဲ့ အထွေ ထွေကုန်ကျစရိတ်ကြီးမြင့်မှုဒဏ်ကို အလူးအလဲခံစားနေရတာပါ။ တဖက်မှာတော့ ရော်ဘာစိုက်တောင်သူတွေဟာ စစ်ကောင်စီရဲ့ညထွက်ရအမိန့်တွေကြောင့်…