2023

အမြင့်ဈေးရှိနေတဲ့ ပြည်တွင်းစက်သုံးဆီဈေးနှုန်း ထပ်တက်လာ

မော်လမြိုင်၊ ဇန်နဝါရီ(၁၈) အမြင့်ဈေးမှာပဲဆက်ရှိနေတဲ့ ပြည်တွင်းစက်သုံးဆီဈေးနှုန်းဟာ ကမ္ဘာ့ရေနံဈေးနှုန်းနဲ့ ပြည်တွင်းဒေါ်လာဈေးနှုန်း ပြန်လည်မြင့်တက်လာတာကြောင့် ဈေးနှုန်းထပ်တက်လာတယ်လို့ စက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကမ္ဘာ့ရေနံဈေးနှုန်းဟာ ပြီးခဲ့တဲ့ဇန်နဝါရီပထမပတ်က ရေနံစိမ်းတစ်စည်ကို အမေရိကန် ဒေါ်လာ (၇၄) ဝန်းကျင်ကနေ လက်ရှိမှာတော့ ဒေါ်လာ (၈၀) ဝန်းကျင်ထိ ဈေးနှုန်းပြန်လည်မြင့်တက်လာတာ ဖြစ်ပါတယ်။ ဒေါ်လာဈေးနှုန်းကလည်း ပြင်ပဈေးကွက်မှာ တစ်ဒေါ်လာကို ကျပ် ၂၈၅၀ ကနေ…

မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ ဆက်ဆံရေးရုံးဒရုန်းနဲ့ တိုက်ခိုက်ခံရ

မော်လမြိုင်၊ ဇန်နဝါရီ(၁၈) မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ပငလမ်းခွဲ၊ ဝယ်သွန်ချောင်ကျေးရွာအနီးရှိ မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ ဆက်ဆံရေးရုံးဟာ ဇန်နဝါရီ ၁၆ ရက်နေ့ ည ၈ နာရီလောက်မှာ ဒရုန်းနဲ့တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ရဲ့ သံဖြူဇရပ်မြို့နယ်ဆက်ဆံရေးရုံးကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဒရုန်းနဲ့ လာရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒရုန်းနဲ့တိုက်ခိုက်ခံရတာကြောင့် မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရတာ မရှိပေမယ့် ရုံးအဆောက်အဦးတချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့…

CDM ဝန်ထမ်းတွေကို ပစ်မှတ်ထားစောင့်ကြည့်ဖို့ စစ်ကောင်စီညွှန်ကြား၊ CDM အရေးပါမှုကို ကြောက်တာလို့ ဝေဖန်

ရန်ကုန်၊ ဇန်နဝါရီ(၁၈) စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်းအကြမ်းမဖက်အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်သူတွေထဲ အမည်ပျက် Black List စာရင်းသွင်းခံထားရတဲ့ ဝန်ထမ်းတွေကို ပြည်ပထွက်ခွာခွင့် မရှိစေရေး ပစ်မှတ်ထားစောင့်ကြည့်ဖို့ စစ်ကောင်စီက ညွှန်ကြားလာပါတယ်။ ပြည်ပထွက်ခွာခွင့် တားမြစ်ခံထားရတဲ့ CDM တွေ လေဆိပ်မှာတားဆီးမှုတွေ ရာနဲ့ချီရှိလာနေတဲ့အ တွက် CDM ရဲ့ အန္တရာယ်က ကြီးမားလာနိုင်တာကြောင့် သေချာစောင့်ကြည့်ပြီး ထူးခြားမှုရှိရင်တင်ပြဖို့…

သံဖြူဇရပ်-ဘုရားသုံးဆူလမ်းအသုံးပြုခွင့် စစ်ကောင်စီတပ်ပိတ်ပင်

သံဖြုဇရပ်၊ ဇန်နဝါရီ(၁၈) ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်ကိုဆက်သွယ်ထားတဲ့ သံဖြူဇရပ်-ဘုရားသုံးဆူကားလမ်း အသုံးပြုခွင့်ကို ဒီနေ့ဇန်နဝါရီ ၁၇ ရက်နေ့ကစပြီး စစ်ကောင်စီအနန်းကွင်းဗျူဟာတပ်စခန်းက ကန့်သတ်ပိတ်ပင်ထားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူကားလမ်းကို ၈ ရက်တာ မသွားလာကြဖို့ ကရင်အမျိုးသားအစည်းအရုံး KNU အသိပေးစာထုတ်ပြန်ပြီးနောက် စစ်ကောင်စီတပ်က သံဖြူဇရပ်-ဘုရားသုံးဆူကားလမ်းအသုံးပြုခွင့်ကို ထပ်မံပိတ်ပင်လာတာ ဖြစ်ပါတယ်။ စစ်ကောင်စီအနန်းကွင်းဗျူဟာတပ်စခန်းကနေ သံဖြူဇရပ်-ဘုရားသုံးဆူကားလမ်းမှာ ဖြတ်သန်းသွား…

ရဲတွေစွန့်ခွာသွားတဲ့ သကျက်တောရဲစခန်း မီးရှို့ဖျက်ဆီးခံရ

လောင်းလုံး၊ ဇန်နဝါရီ(၁၈) တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ သကျက်တောကျေးရွာရှိ စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေ စွန့်ခွာ သွားတဲ့ ရဲကင်းစခန်းကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ (LLPDF) ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေ စွန့်ခွာသွားတဲ့ အဲဒီရဲကင်းစခန်းကို မနေ့ ဇန်နဝါရီ ၁၆ ရက်နေ့ ည ၁၂ နာရီဝန်းကျင်လောက်မှာ LLPDF နဲ့အထူးပြောက်ကျားတပ်ဖွဲ့ ပူးပေါင်းအဖွဲ့က မီးရှို့ဖျက်ဆီးခဲ့တာပါ။…

နိုင်ငံတဝန်းမှာ မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်ပေါင်း ၅၀,၀၀၀ နီးပါးအထိ ရှိလာ

မော်လမြိုင် – ဇန်နဝါရီ(၁၇) နိုင်ငံတဝန်းမှာ စစ်တပ် အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် မေလကနေ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့အထိ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်ပေါင်း ၄၈,၄၆၃ လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ Data for Myanmar က ဇန်နဝါရီ ၁၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ နေအိမ်အလုံးပေါင်း…

ညာလက်နဲ့ စစ်အာဏာရှင်စနစ်တိုက်ဖျက်ပြီး ဘယ်လက်နဲ့ လူထုကိုကာကွယ်မယ်လို့ NUG ဆို

မော်လမြိုင် – ဇန်နဝါရီ(၁၇) အမျိုးသားညီညွတ်ရေးအစိုးရဟာ ပြည်သူလူထုရဲ့ အကျိုးစီးပွားအပေါ်မှာ အခြေခံပြီး နွေဦး တော်လှန်ရေးကို ဦးဆောင်နေတဲ့အတွက် ညာဘက်လက်နဲ့ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး မူကိုကိုင်ဆွဲကာ ဘယ်ဘက်လက်နဲ့ လူထုအသက်အိုးအိမ်စည်းစိမ်ကာကွယ်ရေးမူကို ကိုင်စွဲ ထားတယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။ ဒီနေ့ ဇန်နဝါရီလ (၁၇) ရက်မနက်ပိုင်းမှာ ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၂၀၂၃ ခုနှစ်အတွင်း (၃)…

ပုလောမှာ စစ်ကောင်စီတပ်စွဲထားတဲ့နေရာ တိုက်ခိုက်ခံရ ၄ ဦးသေဆုံး၊ လက်နက်တွေပါ သိမ်းခံရ

ပုလော၊ ဇန်နဝါရီလ(၁၇) တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီပျူစခန်းကို ဇန်နဝါရီလ ၁၆ ရက်နေ့ နေ့လည်ပိုင်းက တိုက်ခိုက်ခံခဲ့ရလို့ ၄ ဦးသေဆုံးပြီး လက်နက်တွေပါ သိမ်း ဆည်းရမိခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း(၁) ပြန်ကြားရေးတာဝန်ရှိသူကပြောပါတယ်။ အဲဒီနေ့ ၁ နာရီခန့်မှာ ရှပ်ပုံရွာမှာအင်အား ၃၀ ခန့်နဲ့ တပ်စွဲထားတဲ့ စစ်ကောင်စီ ပျူစခန်းကို မြိတ်ခရိုင်တပ်ရင်း (၁)နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက…

ကလေးတွေရဲ့ ကျောင်းသုံးစာအုပ်တွေကိုပါ စစ်တပ်ဖျက်ဆီး PDF လုပ်တာလို့ ဝါဒဖြန့် အမှန်/အမှား

မင်္ဂလာပါရှင့်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ “ဒီပဲယင်းမြိုနယ် မန်ကျည်းစောက်ရွာစာသင် ကျောင်းရှိ ကျောင်းသုံးစာအုပ်များကို အကြမ်းဖက်ပဒက်များက ရေမျှောဖျက်ဆီး” ဆိုတဲ့ ဓာတ်ပုံပါ အကြောင်းအရာကို စိစစ်ပေးသွားမှာ…