2023

သံဖြူဇရပ်ထင်းရှူးရဲကင်းစခန်း တိုက်ခိုက်ခံရပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်

သံဖြူဇရပ်၊ ဇန်နဝါရီ(၁၉) မွန်ပြည်နယ်၊သံဖြူဇရပ်မြို့နယ်၊ထင်းရှူးကျေးရွာရှိ ရဲကင်းစခန်းကို ဇန်နဝါရီ ၁၈ ရက်နေ့မနက် ၆ နာရီခွဲအချိန်လောက်မှာ ရေးပြောက်ကျားတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ပြီးနောက် နှစ်ဖက်တိုက်ပွဲ ပြင်း ထန်ခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ထင်းရှူးကျေးရွာမှာရှိတဲ့ စစ်ကောင်စီရဲကင်းစခန်းကို ရေးပြောက်ကျားတပ်ဖွဲ့က လက်နက်ကြီး၊ လက် နက်ငယ်တွေနဲ့ လာရောက်တိုက်ခိုက်ပြီးနောက် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တာပါ။ အဲပစ်ခတ်မှုမှာ ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီအမှတ်(၃၁၅) အမြောက်တပ်က…

တနင်္သာရီမြို့နယ်ထဲက NUG ထိန်းချုပ်နယ်မြေမှာ ဘောလုံးပြိုင်ပွဲပြုလုပ်

တနင်္သာရီ – ဇန်နဝါရီ(၁၈) တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်ထဲက အမျိုးသားညီညွတ်ရေးအစိုးရ ထိန်းချုပ်နယ်မြေအတွင်း ရပ်ကျေးပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်ပြီး ဒီနေ့ ဇန်နဝါရီလ(၁၈) ရက်နေ့မှာ ဘောလုံး ပြိုင်ပွဲ ပြုလုပ်ခဲ့တယ်လို့ ကာကွယ်ရေဝန်ကြီးဌာနက ဖော်ပြထားပါတယ်။ ရပ်ကျေးပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က ဦးဆောင်တဲ့ ဘောလုံးပွဲမှာ ကျေးရွာအသီးသီးက ဘောလုံး အသင်း(၇) သင်းပါဝင်ယှဉ်ပြိုင်ခဲ့ကြတယ်လို့ သိရပါတယ်။ သတင်း – သံလွင်တိုင်းမ်

တရုတ်နိုင်ငံရဲ့လူဦးရေ ဆယ်စုနှစ်ခြောက်ခုကျော်အတွင်း ပထမဆုံးအကြိမ်လျော့ကျ

ဘေဂျင်း၊ ဇန်နဝါရီ(၁၈) ကမ္ဘာပေါ်မှာ လူဦးရေအများဆုံးဖြစ်တဲ့ တရုတ်နိုင်ငံဟာ ဆယ်စုနှစ်ခြောက်ခုကျော်အတွင်း ပထမဆုံးကြိမ်အဖြစ် လူဦးရေကျဆင်းသွားခဲ့ကြောင်း တရားဝင်အချက်အလက်တွေက ဖော်ပြခဲ့ပါတယ်။ ဘေဂျင်းရဲ့ အမျိုးသားစာရင်းအင်းဗျူရိုက အင်္ဂါနေ့မှာပြောကြားချက်အရ ၂၀၂၂ နှစ်ကုန်မှာ နိုင်ငံ့လူဦးရေဟာ (၁၄၁၁.၇၅) သန်းဖြစ်ပြီး အဲဒီအရေအတွက်ဟာ ၂၀၂၁ နှစ်ကုန်ထက် (ဝ.၈၅) သန်း လျော့ကျသွားခဲ့တာလို့ ပြောကြားထားတာပါ။ တရုတ်နိုင်ငံဟာ လုပ်သားအင်အားအသက်အရွယ်တွေနဲ့ အတူ စံချိန်တင်နိမ့်ပါးသွားတာကို တွေ့မြင်ရပြီး…

တရုတ်နိုင်ငံသား တရားခံကို ပြန်လွှတ်ပေးဖို့ ဘတ်သန်းချီငွေတောင်းခဲ့တဲ့ ထိုင်းအရာရှိတွေ တရားစွဲခံရ

ဘန်ကောက် – ဇန်နဝါရီ(၁၈) ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ကောင်စစ်ဝန်ချုပ်ဟောင်းတစ်ဦးရဲ့ အိမ်မှ တရုတ်နိုင်ငံသားတစ်ဦး ကိုလွှတ်ပေးဖို့အတွက် ဘတ်ငွေမီလျံချီအလဲအလှယ်လုပ်ဖို့ တောင်းဆိုခဲ့တဲ့ ရဲအရာရှိနဲ့ အထူး စုံစမ်း စစ်ဆေးရေးဦးစီးဌာနအရာရှိ (၁၄) ဦးကို တရားစွဲဆိုခဲ့ပါတယ်။ ဆာထွန်ခရိုင်ခွဲ၊ Nauaru (နဝါရူ) Republic ရှိ ကောင်စစ်ဝန်ချုပ်ဟောင်းတစ်ဦးရဲ့ နေအိမ်မှာ ရှိနေတဲ့ တရုတ်နိုင်ငံသားတစ်ဦးကို သံသယ ရှိတယ်လို့ဆိုပြီး ငွေညှစ်ခဲ့တယ်လို့…

ယူကရိန်းနျူကလီးယားစက်ရုံ ဘေးကင်းဖို့ ကုလစောင့်ကြည့် ရေးအဖွဲ့ မျှော်လင့်

ကိယက် – ဇန်နဝါရီ(၁၈) ရုရှားထိန်းချုပ်ထားတဲ့ ဇာပိုရီဇီဇီယာ နျူစက်ရုံတစ်ဝိုက် ဘေးကင်းရေးဇုန် သဘောတူညီချက် အတွက် တိုးတက်မှုရှိဖို့ မျှော်လင့်တယ်လို့ ကုလသမဂ္ဂနျူကလီးယားစောင့်ကြည့်ရေးအဖွဲ့ အကြီး အကဲ ကပြောပါတယ်။ ယူကရိန်းကို ကျူးကျော်ပြီး မကြာခင်မှာပဲ ရုရှားတပ်ဖွဲ့တွေဟာ ဥရောပ အကြီးဆုံး နျူစက်ရုံကို သိမ်းပိုက်ခဲ့ပြီး မကြာသေးခင်လတွေအတွက် အဲဒီစက်ရုံဟာ မကြာခဏ တိုက်ခိုက်ခံရကာ မီးလောင်ကျွမ်းမှုတွေကြောင့် နျူကလီးယားဘေးအန္တရာယ် စိုးရိမ်မှုတွေ…

စစ်ကောင်စီကို လေပိုင်နက်သုံးစွဲခွင့်မပြုဖို့ အိမ်နီးချင်းနိုင်ငံတွေထံ NUG တောင်းဆို

မော်လမြိုင် – ဇန်နဝါရီ(၁၈) မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ စစ်အုပ်စုရဲ့ ဆိုးရွားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အတွက် လေပိုင်နက်အသုံးပြုခွင့်မပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက တောင်းဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ(၁၀) ရက်နဲ့ (၁၁) ရက်တွေမှာ ချင်းအမျိုးသားတပ်ဦး ဗဟိုဌာနချုပ်ကို စစ်ကောင်စီတပ်တွေက ဂျက်တိုက်လေယာဉ်တွေနဲ့ တိုက်ခိုက်ခဲ့ချိန်မှာ အိမ်နီးချင်း အိန္ဒိယနိုင်ငံ လေပိုင်နက်ကို ကျူးကျော်အသုံးပြုခဲ့တာတွေရှိတယ်လို့ သိရပါတယ်။ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ…

တော်လှန်ရေးရဲဘော်တွေနဲ့အတူ မြေပြင်မှာ NUG ခေါင်းဆောင်တွေ တသားတည်းရှိနေတယ်လို့ ဆို

မော်လမြိုင် – ဇန်နဝါရီ(၁၈) အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ခေါင်းဆောင်တွေဟာ တော်လှန်ရေးရဲဘော်တွေနဲ့အတူ မြေ ပြင်မှာ တသားတည်းရှိနေပြီး စစ်မြေပြင်လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ စစ်ဒေသကြီး အလိုက်ပြင်ဆင်ဆောင်ရွက်နေတယ်လို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောပါတယ်။ တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၃) စစ်ဒေသခွဲရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ် ကြောင်း မွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနားမှာ ဝန်ကြီးချုပ်က အခုလိုပြောခဲ့တာပါ။ တိုင်းရင်းသားမဟာမိတ်တော်လှန်ရေးအဖွဲ့တွေနဲ့ NUG တို့ ညီညွတ်စွာ ပေါင်းစပ်ညှိနှိုင်း…

စစ်အာဏာသိမ်း (၇၁၆) ရက်အတွင်း သတ်ဖြတ်ခံရသူ ၂၇၄၇ ဦးအထိရှိလာ

မော်လမြိုင်၊ ဇန်နဝါရီ(၁၈) AAPP ရဲ့ ဇန်နဝါရီ(၁၇)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၇၁၆)ရက်အတွင်း ပြည်သူ (၂၇၄၇)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၇၃၆၄ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၃၇၅၀) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ…