2023

ကျိုက်ထိုမြို့နယ် ကြံ့ခိုင်ရေးပါတီစည်းရုံးရေးမှူး ပစ်သတ်ခံရ

ကျိုက်ထို၊ ဇန်နဝါရီ(၂၀)မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ပျဉ်းကတိုးကုန်းကျေးရွာမှာ ဇန်နဝါရီ ၁၉ ရက်နေ့ မနက် ၁၁ နာရီက မြို့နယ်ကြံ့ခိုင်ရေးပါတီ စည်းရုံးရေးမှူး ဦးအောင်ထွေးခိုင် သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မရမ်းချောင်းကျေးရွာနေ ကြံ့ခိုင်ရေးပါတီစည်းရုံးရေးမှူး ဦးအောင်ထွေးခိုင်ဟာ သူပိုင်တဲ့ပျဉ်းကတိုးကုန်းကျေးရွာရှိရော်ဘာခြံမှာ သေနတ်နဲ့ပစ်ခတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် အသက် ၅၆ နှစ်အရွယ် ဦးအောင်ထွေးခိုင်ဟာ ဦးခေါင်းကျည်ဖောက်ဝင်ဒဏ်ရာရရှိပြီး…

စစ်အာဏာသိမ်း (၇၁၈) ရက်အတွင်း သတ်ဖြတ်ခံရသူ ၂၇၅၀ ဦးအထိရှိလာ

မော်လမြိုင်၊ ဇန်နဝါရီ(၂၀) AAPP ရဲ့ ဇန်နဝါရီ(၁၉)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၇၁၈)ရက်အတွင်း ပြည်သူ (၂၇၅၀)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၇၃၈၇ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၃၇၅၀) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ…

စစ်ကောင်စီလက်ထက် တရားမဝင်ကုန်သွယ်မှုပိုတိုးလာ

နေပြည်တော်၊ ဇန်နဝါရီ (၂၀) အာဏာသိမ်းစစ်ကောင်စီ လက်ထက်မှာ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနဲ့ပြည်နယ်တွေအတွင်း တရားမဝင်ကုန်သွယ်မှုပိုတိုးလာတယ်လို့ ဒုတိယစစ်ခေါင်းဆောင်က ဝန်ခံလိုက်ပါတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီ ၁၈ ရက်နေ့ နေပြည်တော်မှာပြုလုပ်တဲ့ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦး ဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဝန်ခံပြောဆိုသွားခဲ့တာပါ။ တရားမဝင်ကုန်သွယ်မှုတွေကို အတိုင်းအတာတစ်ခုအထိ တားဆီးစစ်ဆေးပြီး ဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်နေပေမယ့် အရင်နှစ်ကာလတူတွေနဲ့ နှိုင်းယှဉ်လိုက်ရင်…

ပုလောမြို့နယ်ရှပ်ပုံရွာကို စစ်ကောင်စီတပ်မီးရှို့

ပုလော၊ ဇန်နဝါရီ(၂၀)တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာကို ဇန်နဝါရီ ၁၉ ရက်နေ့ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ရှပ်ပုံရွာမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တို့ကြား နှစ်ဖက်တိုက်ပွဲဖြစ်ပြီးနောက် တပ်အင်အားထပ်တိုးလာတဲ့ စစ်ကောင်စီတပ်က အဲဒီနေ့မှာရွာဖျားရပ်ကွက် လူမရှိတဲ့နေ အိမ်တွေကနေစပြီး မီးရှို့ဖျက်ဆီးနေတာပါ။ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေတာကြောင့် လတ်တလောမှာ နေအိမ် ၉ လုံး…

မွန်ပြည်နယ်ရဲ့ စီးပွားရေးလုပ်ငန်း ၅၀ ရာခိုင်နှုန်းသာ လည်ပတ်နိုင်တော့

မော်လမြိုင်၊ ဇန်နဝါရီ(၂၀) မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းမှုနဲ့အတူ အထွေထွေအကျပ်အတည်းကြောင့် ၂ နှစ်အတွင်း စီးပွား ရေးလုပ်ငန်း ၅၀ ရာခိုင်နှုန်းလောက်သာ လုပ်ငန်းလည်ပတ်နိုင်တော့တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စီးပွားရေးလုပ်ငန်းတွေဟာ စစ်တပ်အာဏာသိမ်းထားတဲ့ ၂ နှစ်နီးပါးကာလအတွင်း မြန်မာ့ငွေကြေး တန်ဖိုးကျဆင်းပြီး ကုန်ကြမ်းပစ္စည်းဈေးနှုန်းအဆမတန် မြင့်တက်လာတာ၊ လျှပ်စစ်မီး မမှန်တာ၊ လောင်စာဆီဈေးနှုန်းအပြင် အထွေထွေကုန်ကျစရိတ်ကြီးမြင့်မှုကြောင့် လုပ်ငန်းတွေဆက်လက် လည် ပတ်ဖို့…

ကျောက်ကြီးမှာလက်နက်ကြီးထိမှန်တာကြောင့် ဒေသခံ ၁ ဦး ဒဏ်ရာရပြီး ၂၀၀၀ ကျော်ထွက်ပြေးနေရ

ကျောက်ကြီး၊ ဇန်နဝါရီ(၂၀) ကရင်အမျိုးသားအစည်းအရုံး KNU ကျောက်ကြီးမြို့နယ်ထဲမှာ ဇန်နဝါရီလ လဝက်အတွင်း စစ်ကောင် စီတပ်က ကျေးရွာတွေထဲကို လက်နက်ကြီးပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံ(၁)ဦး ဒဏ်ရာရရှိခဲ့ပြီး ပြည်သူ လူထု(၂၀၀၀)ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ KNU ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။ ဇန်နဝါရီ(၃)ရက်နေ့ကနေ (၁၇)ရက်နေ့အထိ (၁၅)ရက်အတွင်း KNU ညောင်လေးပင်ခရိုင် တပ်မဟာ(၃) ကျောက်ကြီးမြို့နယ်မှာ စစ်ကောင်စီတပ်က အရပ်သားပြည်သူလူထုနေထိုင်ရာ ကျေးရွာပေါင်း(၈)ရွာထဲကို လက်နက်ကြီးအလုံးပေါင်း…

ဘီးလင်းမှာ စစ်ကောင်စီတပ်၊ ရဲစခန်းနဲ့ထွေအုပ်ရုံး တစ်နေ့တည်းတိုက်ခိုက်ခံရ

ဘီးလင်း၊ ဇန်နဝါရီ(၂၀) မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီအခြေစိုက်တပ်ရင်း ၂ ရင်း အပါအဝင် မြို့မရဲစခန်းနဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးကို ဇန်နဝါရီ ၁၈ ရက်နေ့က ဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ သိမ်းငှက်တော်လှန်ရေးတပ်ဖွဲ့ (HRS)က ထုတ်ပြန်ပါတယ်။ အဲဒီနေ့ မနက် ၁၁ နာရီလောက်မှာ ဘီးလင်းမြို့ရှိ မြို့နယ်ထွေအုပ်ရုံးနဲ့ ဘီးလင်းမြို့မရဲစခန်းကို KNLA တပ်ရင်းနဲ့ သိမ်းငှက်တော်လှန်ရေးတပ်ဖွဲ့ (HRS) ပူးပေါင်းအဖွဲ့က ဒရုန်းမှာလက်နက်ကြီး…

အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုအပေါ် ပင်မတော်လှန်ရေးအင်အားစုရဲ့ အခန်းကဏ္ဍ ဆိုတဲ့ စာတမ်းထုတ်ဝေ

မော်လမြိုင် – ဇန်နဝါရီ(၁၉) မြန်မာ့နွေဦးတော်လှန်ရေးရဲ့ အဓိက တွန်းအားတစ်ခုဖြစ်တဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေး လှုပ်ရှား မှု (CDM) မှာ အစိုးရဌာနပေါင်းစုံက ဝန်ထမ်းတွေ ပါဝင်လာဖို့ လှုံဆော်တိုက်တွန်းမှုတွေ အများအပြားရှိခဲ့ပါတယ်။ အစိုးရဝန်ထမ်းတွေ အလုပ်ကထွက်လိုက်ရင် စစ်ကောင်စီရဲ့ အုပ်ချုပ်မှု ယန္တရားကို ရပ်တန့်စေ နိုင်တယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ NUG က CDM လှုပ်ရှားမှုမှာပါဝင်တဲ့ အစိုးရဝန်ထမ်းတွေကို ငွေကြေးထောက်ပံ့ပေးမယ်လို့…

မန်းရွှေစက်တော်ဘုရားပွဲမသွားဖို့ PRA Magway သတိပေး

မင်းဘူး – ဇန်နဝါရီ(၁၉) ကျိုက်ထီးရိုးဘုရားမှာ စစ်ကောင်စီက ပြည်သူတွေကို ပစ်ခတ်ခဲ့တဲ့ အခြေအနေမျိုး မဖြစ်စေချင် တာကြောင့် မန်းရွေစက်တော်ဘုရားပွဲကို မသွားကြဖို့ မကွေးတိုင်းအခြေစိုက် လက်နက်ကိုင်တပ် PRA Magway က ပြည်သူတွေကို သတိပေးခဲ့ပါတယ်။ လာမယ့် ဇန်နဝါရီ(၂၅) ရက်ကစပြီး ဧပြီလလည်ပိုင်းအထိ မန်းရွေစက်တော်ဘုရားပွဲပြုလုပ် သွား မယ်လို့ စစ်ကောင်စီက ကြေငြာထားပြီးပြည်သူတွေ လုံခြုံရေးသတိရှိကြဖို့ PRA…