2023

စစ်ကောင်စီရွေးကောက်ပွဲဖြစ်မြောက်ရေး ကြိုးပမ်းနေသူတွေကို အရေးယူမယ်လို့ KNU သထုံခရိုင် ပြော

သထုံ၊ ဇန်နဝါရီ(၂၁) ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) ထိန်းချုပ်နယ်မြေ သထုံခရိုင်အတွင်းမှာ စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသူတွေကို ထိရောက်စွာအ ရေးယူမယ်လို့ KNU သထုံခရိုင်က သတိပေးလိုက်ပါတယ်။ အာဏာသိမ်း စစ်ကောင်စီဟာ ၂၀၂၃ ခုနှစ်အတွင်း အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့အတွက် ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်နေ့ကစပြီး မွန်ပြည်နယ်ရဲ့ ကျိုက်ထို၊ပေါင်၊ ချောင်ဆုံး၊…

ကြာအင်းဆိပ်ကြီးမှာ စစ်ကောင်စီတပ် ဒေသခံနေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီးတန်ဖိုးရှိပစ္စည်းတွေ ယူ ဆောင်သွား

ကြာအင်းဆိပ်ကြီး၊ ဇန်နဝါရီ(၂၁)ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၆)နယ်မြေ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း စစ် ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဟာ ဒေသခံပြည်သူလူထုရဲ့ နေအိမ်အဆောက်အဦးပစ္စည်းတွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး ရွှေငွေလက်ဝတ်ရတနာနဲ့ ပစ္စည်းတွေကို ယူဆောင်သွားခဲ့တယ်လို့ KNLA ပူးပေါင်းအဖွဲ့ဖြစ်တဲ့ နဂါးနီစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ(၄)ရက်နေ့က ကြာအင်းဆိပ်ကြီးမြို့အနီးရှိ စစ်ကောင်စီရဲ့ တပ်ရင်းဌာနချုပ်စခန်းတွေကို KNLA ပူးပေါင်းအဖွဲ့တွေက တစ်ပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတဲ့နောက် စစ်ကောင်စီတပ်ဟာ ကြာအင်းဆိပ်ကြီးမြို့အနီးရှိ ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးပြီး…

မန္တလေး သံဃသမဂ္ဂ ဆရာတော်နှစ်ပါး ဖမ်းဆီးခံရပြီး သတင်းအစအန ပျောက်နေ

မန္တလေး – ဇန်နဝါရီ(၂၀) မန္တလေး သံဃသမဂ္ဂ ဆရာတော်နှစ်ပါးဖြစ်တဲ့ အရှင်စန္ဒိမာနဲ့ အရှင်အာစာရတို့ကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားတာ အချိန်ကြာမြင့်နေပြီဖြစ်ပေမယ့် လက်ရှိအချိန်ထိ ဘယ်နေရာကို ပို့ ဆောင်ထားတယ်ဆိုတာ မသိရသေးဘဲ သတင်းအစအန ပျောက်နေတယ်လို့ သံဃသမဂ္ဂ ဦးဆောင်ဆရာတော် က မိန့်ပါတယ်။ သံဃာတော်နှစ်ပါးဖြစ်တဲ့ အရှင်စန္ဒိမာကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ က ဖမ်းဆီးသွားခဲ့တာဖြစ်ပြီး အရှင်အာစာရကိုတော့…

(Breaking News)လမိုင်း မော့ကနင်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး ပစ်သတ်ခံရ ၊ သေနတ် ၃ လက် သိမ်းဆည်းရမိ

လမိုင်း၊ ဇန်နဝါရီ ၂၀ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မော့ကနင်ရွာသစ်၊ အမြောက်တပ်အနီးလမ်းမှာ ဇန်နဝါရီ ၂၀ ရက်နေ့ မနက်ပိုင်းက ကျောင်းပို့ပြီး ပြန်လာတဲ့ စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရတာကြောင့် ၅ ဦး သေဆုံးသွားတယ်လို့ ရေးပြောက်ကျားတပ်ဖွဲ့(YGF) က သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒီနေ့ မနက် ၉ နာရီလောက်မှာ စစ်ကောင်စီ အမှတ်(၃၁၇) အမြောက်တပ်ကနေ…

အကျင့်ပျက်ခြစားမှုစွပ်စွဲချက်ကြောင့် ဗီယက်နမ်သမ္မတ နုတ်ထွက်စာတင်

ဟနွိုင်း၊ ဇန်နဝါရီ(၂၀) ဗီယက်နမ်သမ္မတ Nguyen Xuan Phuc (ငုယင်ဆွမ်ဖု)ဟာ သူ့ရဲ့လက်အောက်ရှိ အရာရှိတွေရဲ့ ဥပဒေချိုးဖောက်မှုတွေနဲ့ အမှားအယွင်းတွေကျူးလွန်ကြောင်းတွေ့ရှိပြီးတဲ့နောက်မှာ ရာထူးမှနုတ်ထွက်ခဲ့ပါတယ်။ သူနုတ်ထွက်စာတင်တဲ့အကြောင်း ကွန်မြူနစ်ပါတီဗဟိုကော်မတီရဲ့အပြောကို ကိုးကားပြီး ဗီယက်နမ်သတင်းအေဂျင်စီက ဖော်ပြခဲ့တာပါ။ “ပါတီနဲ့ပြည်သူတွေရှေ့မှာ သူ့ရဲ့တာဝန်ဝတ္တရားတွေကို အပြည့်အဝသိရှိပြီး ရာထူးကနုတ်ထွက်ဖို့၊ အလုပ်က ထွက်ပြီး အငြိမ်းစားယူဖို့ လျှောက်လွှာတင်ခဲ့ပါတယ်” လို့ ဆိုပါတယ်။ အသက် ၆၈ နှစ်ရှိဝန်ကြီးချုပ်ဟောင်းဟာ…

“သူတို့ရဲ့အာဏာ ဆက်တည်မြဲဖို့လုပ်ဆောင်ခြင်းဟာ ပြည်သူလူထုအများစုရဲ့ဆန္ဒကို သွေဖယ်လုပ်ဆောင်ခြင်းသာဖြစ်တဲ့အတွက် အခုထက်ပိုပြီးပြည်သူတွေရဲ့ တုံ့ပြန်မှုကပြင်းထန်လာဖို့ပဲရှိပါတယ်”

သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းနဲ့ ဆက်သွယ်မေးမြန်းချက်။ အာဏာသိမ်း စစ်ကောင်စီဟာ သူတို့ကျင်းပဖို့ ကြိုးပမ်းနေတဲ့ လာမယ့်ရွေးကောက်ပွဲအတွက် မြေပြင်လူဦးရေ စာရင်းတွေကို ပြီးခဲ့တဲ့ဇန်နဝါရီ ၉ ရက်နေ့ကစပြီး ဇန်နဝါရီ ၃၁ ရက်နေ့အထိ သုံးပတ်အကြာ တစ်အိမ်တက် ဆင်း လိုက်လံကောက်ယူနေတာ ဖြစ်ပါတယ်။ ဒါကြောင့်စစ်ကောင်စီရဲ့ မြေပြင်လူဦးရေစာရင်း ကောက်ယူမှု အပေါ် ဘယ်လိုမြင်ပါသလဲ။ လူဦးရေစာရင်း ကောက်…

ခရီးသွားဧည့်သည်တွေ အကြိုက်တွေ့တဲ့ ဖူးခက်မှာ အလုပ်သမားရှားပါးနေ

ဖူးခက် – ဇန်နဝါရီ(၂၀) ကမ္ဘာလှည့်ခရီးသည်တွေ အကြိုက်တွေ့တဲ့ ထိုင်းနိုင်ငံ ဖူးခက်နဲ့ ချင်းမိုင် တို့မှာ ဧည့်ကြိုဝန်ဆောင် မှု လုပ်ငန်းတွေအတွက် အလုပ်သမား ပြတ်လပ်မှုတွေရှိနေတယ်လို့ သိရပါတယ်။ ထိုင်းအလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် မစ္စတာ ဘွန်ချော့ရဲ့ ပြောဆိုချက်အရ ဖူးခက်မှာ ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ်တဲ့ ကဏ္ဍတွေအတွက် အလုပ်သမား (၃၆၀၀) ကျော် ချက်ချင်းလိုအပ်နေတယ်လို့ ဆိုပါတယ်။ အလုပ်သမားဝန်ကြီဂဌာနက…

အမေရိကန် တင့်ကားတွေ ယူကရိန်းကိုပေးပို့ရင် ဂျာမန် ကလည်း သူ့ရဲ့တင့်ကားတွေ ပေးပို့မယ် လို့ဆို

ဘာလင် – ဇန်နဝါရီ(၂၀) အမေရိကန်က သူတို့ရဲ့ ကိုယ်ပိုင်တင့်ကားတွေ စေလွှတ်ဖို့ သဘောတူရင် ယူကရိန်းနိုင်ငံ ကာကွယ်ရေးအကူအညီပေးဖို့ ဂျာမန်လုပ် တင့်ကားတွေ စေလွှတ်ပေးမယ်လို့ ဂျာမန်အစိုးရ သတင်းရင်းမြစ်တစ်ခုက ရိုက်တာကိုပြောပါတယ်။ ဂျာမန်အဓိပတိ အိုလဖ်စကော့ခ်ဟ မကြာခင်က အမည်မဖော်တဲ့ ပြဌာန်းချက်နဲ့ ပတ်သက်ပြီး နောက်ကွယ်မှာ အကြိမ်ပေါင်းများစွာ အလေးပေးပြောကြားနေတာဖြစ်တယ်လို့ သတင်းရင်းမြစ် ကဆိုခဲ့တာပါ။ ယူကရိန်းနိုင်ငံအတွက် နောက်ထပ်လက်နက်တွေ ပေးအပ်ဖို့…