December 2023

မြိုင်မှာ စစ်ကောင်စီထောက်ပို့စစ်ကြောင်း မိုင်းဆွဲခံရ ထိခိုက်သေဆုံးရှိနိုင်

မြိုင် – ဒီဇင်ဘာ ၂၀ မကွေးတိုင်း၊မြိုင်မြို့နယ်မှာ စစ်ကောင်စီရဲ့ ထောက်ပို့စစ်ကြောင်းကို တော်လှန်ရေးအင်အားစု တွေ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ၁၀ ဦးဝန်းကျင်ထိခိုက်သေဆုံးခဲ့တယ်လို့ မြိုင် ပကဖ က သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၉ ရက်နေ့က တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲဒီစစ်ကြောင်းဟာ တော်လှန်ရေး တပ်တွေ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် ဒုတပ်ရင်းမှူးသေဆုံးခဲ့တဲ့အတွက် တွင်းမ ပျူစောထီးကျေး ရွာမှာ နားပြီး…

လောက်ကိုင်မြို့အနီး စစ်ကောင်စီနဲ့ MNDAA တို့ တိုက်ပွဲ ပြန်လည်ဖြစ်ပွားနေ

လောက်ကိုင် ၊ ဒီဇင်ဘာ ၂၀ တရုတ်ကြားဝင်ညှိနှိုင်း‌ပေးမှုကြောင့် စစ်ကောင်စီနဲ့ MNDAA တို့ ကိုးကန့်‌ဒေသအတွင်း တစ်ပတ်ကျော်ကြာ တိုက်ပွဲရပ်တန့်ခဲ့ရာကနေ အခုရက်ပိုင်းအတွင်း နှစ်ဖက်တပ်တွေ လောက်ကိုင်မြို့ရှိ လောက်ရှမ့်ထန်တကြောမှာ တိုက်ပွဲပြန်လည် ဖြစ်ပွားလာခဲ့တယ်လို့ MNDAA က ထုတ်ပြန်ပါတယ်။ ဒီဇင်ဘာ ၁၈ ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီက ကိုးကန့်ဒေသ လောက်ကွမ်ရင်ရှမ် (တရုတ်ဘုံကျောင်း) နဲ့ဖီဖာရွှေနေရာကနေပြီး MNDAA…

သထုံမြို့နယ်မှာ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌတစ်ဦး ဖမ်းဆီးခံရ

သထုံ၊ ဒီဇင်ဘာ ၂၀ မွန်ပြည်နယ်၊ သထုံမြို့နယ်အခြေစိုက် ရှင်သန်ခြင်းတွဲလက် လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဒေါ်ချောစုစုထွေးကို စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်မ်းကို ပြောပါတယ်။ ဒေါ်ချောစုစုထွေးကို စစ်ကောင်စီတပ်ကနေ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၆ ရက်နေ့ မနက်ပိုင်းက သထုံမြို့နယ် သုဓမ္မဝတီမြို့သစ်ရှိ နေအိမ်မှာ ဝင်ရောက်ဖမ်းဆီးခဲ့တာပါ။ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌဖြစ်တဲ့ ဒေါ်ချောစုစုထွေးဟာ “အရင်တုန်းက ပရဟိတ အတူတူလုပ်ခဲ့ဖူးတဲ့…

စစ်အာဏာသိမ်း (၁၀၅၂) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၂၆၀) ဦးအထိရှိလာ

မော်လမြိုင်၊ ဒီဇင်ဘာ(၂၀) AAPP ရဲ့ ဒီဇင်ဘာ(၁၉)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၀၅၂) ရက်အတွင်း ပြည်သူ (၄၂၆၀) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၅၅၇၃) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၇၉၇) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး…

ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေး ရပ်တန့်မှုကြောင့် ဘက်ပေါင်းစုံထိခိုက်မှုနဲ့ကြုံရနိုင်

မော်လမြိုင်၊ ဒီဇင်ဘာ ၂၀ ကုန်သွယ်ရေးလမ်းမပေါ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထိုင်း-မြန်မာနှစ်နိုင်ငံ နယ်စပ်ကုန် သွယ်ရေး လုံးဝနီးပါးရပ်တန့်သွားတဲ့အတွက် အခြေခံစားသောက်ကုန်ရှားပါးမှုအပါအဝင် ဘက်ပေါင်းစုံထိခိုက်မှုနဲ့ ကြုံရနိုင်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက သုံးသပ်ပါတယ်။ ထိုင်း-မြန်မာနှစ်နိုင်ငံရဲ့ ကုန်သွယ်ရေးအတွက် အဓိကလမ်းပိုင်းဖြစ်တဲ့ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် အာရှလမ်းမကြီးမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်နေ့ကစလို့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေတာပါ။ အဲဒီတိုက်ပွဲတွေကြောင့်…

မွန်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေကို မိုးရွာချိန်ခဏဖားအော်တာလို့ မွန်ပြည်သစ်ဥက္ကဌဝေဖန်

ရေးချောင်းဖျား၊ ဒီဇင်ဘာ ၂၀ အာဏာသိမ်းကာလအတွင်း ပေါ်ပေါက်လာတဲ့ မွန်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေဟာ ခဏပေါ်လာတာဖြစ်ပြီး မိုးရွာချိန်ခဏဖားအော်တာလို့ ဝါရင့်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း မွန်ပြည်သစ်ပါတီဥက္ကဌ နိုင်ဟံသာက ဝေဖန်လိုက်ပါတယ်။ ဒီဇင်ဘာ ၁၇ ရက်နေ့မှာ လွတ်လပ်သော မွန်သတင်းအေဂျင်စီကနေ ထုတ်လွှင့်ခဲ့တဲ့ နိုင်ဟံသာနဲ့ လူချင်းတွေ့ ဆုံပြီးမေးမြန်းထားတဲ့ သီးသန့်အင်တာဗျုးမှာ မွန်ဘာသာနဲ့ ပြောဆိုခဲ့တာပါ။ နိုင်ဟံသာက အာဏာသိမ်းကာလအတွင်း ပေါ်ပေါက်လာတဲ့ မွန်တော်လှန်ရေးအဖွဲ့သေးသေးလေးတချို့ဟာ မွန်ပြည်သစ်ပါတီက ဘာမှမပစ်ခတ်တော့…

စစ်ပြေးဒုက္ခသည် ပိုများတာတာကြောင့် အကူအညီလုံလောက်မှု မရှိတော့ဘူလို့ KNU ပြော

ကော့ကရိတ်၊ ဒီဇင်ဘာ ၂၀ KNU ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေအတွင်း ပြင်းထန်လာတဲ့ တိုက်ပွဲတွေကြောင့် ထွက် ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေ နေ့စဉ်နဲ့အမျှ ပိုမိုများပြားလာနေပြီး စစ်ရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာ၊ ဆေးဝါးစတဲ့ လူသားချင်းစာနာမှုအကူအညီတွေ ထပ်မံလိုအပ်နေတယ်လို့ KNU-ဗဟိုက သတင်းထုတ်ပြန်ပါတယ်။ KNU တပ်မဟာ ၆ နယ်မြေထဲမှာ KNLA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့အကြား ဖြစ်ပွားလျက်ရှိတဲ့…

စစ်ကောင်စီ စော်ထစခန်းတစ်ခုလုံး ဆုတ်ခွာထွက်ပြေး

ဖာပွန်၊ ဒီဇင်ဘာ ၁၉ စစ်ကောင်စီရဲ့ မဆုတ်တမ်းစခန်းတစ်ခုဖြစ်တဲ့ ပွိုင့် ၉၃၉ မိုလိုကျိုးတပ်စခန်းကို KNLA ပူးပေါင်းတပ်တို့က တိုက် ခိုက်သိမ်းပိုက်နိုင်ခဲ့တာနဲ့ တပြိုင်နက်ထဲ သံလွင်မြစ်ကမ်းဘေးရှိ စစ်ကောင်စီရဲ့ အခြားတပ်စခန်းတစ်ခုဖြစ်တဲ့ စော်ထစခန်းက စစ်ကောင်စီတပ်ဖွဲ့တွေဟာ စခန်းဆုတ်ခွာထွက်ပြေးသွားတယ်လို့ KNLA ဌာနချုပ်က ဒီဇင်ဘာ ၁၉ ရက် ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။ ကရင်ပြည်နယ် ဖာပွန်ခရိုင်မြောက်ပိုင်း သံလွင်မြစ်ကမ်းဘေးမှာ နှစ်…

နမ့်ခမ်းမြို့ကို TNLA အလုံးစုံသိမ်းပိုက်

နမ့်ခမ်း ၊ ဒီဇင်ဘာ ၁၉ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နမ့်ခမ်းမြို့ကို ညီနောင်မဟာ မိတ်အဖွဲ့ဝင်ဖြစ်တဲ့ တအာင်းတပ်မတော် TNLA က ဒီဇင် ဘာ ၁၉ ရက်နေ့မှာ အလုံးစုံသိမ်းပိုက် ထိန်းချုပ်ထားနိုင်ပြီလို့ ဒီကနေ့ ညဦးပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။ တအာင်းတပ်မတော် TNLA က နမ့်ခမ်းမြို့ကို သိမ်းပိုက်ရရှိ‌ဖို့ ၁၀၂၇ စစ်ဆင်ရေးအတွင်း နိုဝင်ဘာ ၁၇ ရက်နေ့ကနေ…

ထီးလင်းမှာ စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊တပ်ရင်းမှူးအပါအဝင် ၃ ဦးသေဆုံး

ထီးလင်း – ဒီဇင်ဘာ ၁၉ မကွေးတိုင်း၊ထီးလင်းမြို့နယ် ရေမျက်နီစခန်းကိုရောက်ရှိနေတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးအင်အားစုက ပြောက်ကျားတိုက်ခိုက်ခဲ့တဲ့အတွက် တပ်ရင်းမှူးအပါအဝင် ၃ ဦး သေဆုံးခဲ့တယ်လို့ YRA ထီးလင်းတာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၈ ရက်နေ့က နေအိမ်တစ်လုံးထဲက ထွက်ပြီး ဆိုင်ကယ်စီးဖို့ပြင်ဆင်နေတဲ့ စစ်ကောင်စီတပ်သားသုံးဦးကို တိုက်ခိုက်ခဲ့ချိန်မှာ ၃ ဦးလုံးလဲကျသေဆုံးသွားတာဖြစ်ပြီး အဲဒီထဲ မှာ ဂန့်ဂေါမြို့အခြေစိုက်…