2022

အာဆီယံကိုယ်စားလှယ်အနေဖြင့် NLD ပါတီဝင်များကို တွေ့ဆုံနိုင်ကြောင်း မြန်မာစစ်ခေါင်းဆောင် ထုတ်ဖော်ပြောကြားဟုဆို

ဘန်ကောက်၊ ဖေဖော်ဝါရီ ၇ ကမ္ဘောဒီးယားနိုင်ငံမှ လာရောက်မည့် အာဆီယံ အထူးကိုယ်စားလှယ်၏ ခရီးစဥ်တွင် အဖယ်ရှားခံ အာဏာရပါတီမှ အဖွဲ့ဝင်များနှင့်တွေဆုံရေးအတွက် မြန်မာစစ်ခေါင်းဆောင်က သဘောတူထားပြီးဖြစ် သည်ဟု ကမ္ဘောဒီးယားအကြီးတန်းအရာရှိတစ်ဦးက ဖေဖော်ဝါရီ ၇ ရက်နေ့ တနင်္လာနေ့တွင် ပြောကြား ခဲ့သည်။ ဇန်နဝါရီလ ၆ ရက်‌‌နေ့၊ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နှင့် ဗီဒီယိုခေါ်ဆိုမှုတွင် ပြုလုပ်ခဲ့သော ထိုကတိစကားသည် ယမန်နှစ်အတွင်း…

စိန်ခေါ်မှုတွေကြားက ပြန်လည်ရုန်းထွက်လာတဲ့ ကော်သူးလေပညာရေး

ဒူးပလာယာ – ၂၀၂၂ ဇန်နဝါရီ (မော်ကွန်း) နေရောင်ခြည်တိုးမပေါက်လောက်အောင် သစ်ပင်တွေအုံ့ဆိုင်းနေတဲ့တောလမ်းလေးထဲမှာ တချို့က အဖြူနဲ့အစိမ်း၊ တချို့ကအဖြူနဲ့အပြာ၊ တချို့က ကရင်ရိုးရာဝတ်စုံတွေ ဝတ်ဆင်ထားကြတဲ့ လွယ်အိတ်ကိုယ်စီနဲ့ကလေးငယ်တွေဟာ အချင်းချင်းစနောက်ပြေးလွှားကစားရင်း စာသင်ကျောင်းဆီ ဦးတည်သွားနေကြတယ်။ ကျောင်းတက်ခေါင်းလောင်းထိုးတဲ့အခါမှာတော့ ဘောလုံးကွင်းတစ်ကွင်းစာကျယ်တဲ့ ကျောင်းရှေ့မျက်နှာစာမှာ တလူလူလွှင့်ထူထားတဲ့ ကရင့်အလံကို ဆရာတွေနဲ့ကျောင်းသားတွေဟာ တန်းစီအလေးပြုကြတယ်။ အဲဒီနောက်မှာတော့ ကော်သူးလေနိုင်ငံတော်သီချင်းကို စကောကရင်ဘာသာစကားနဲ့ ရွတ်ဆိုကြပါတော့တယ်။ ဒါဟာ ကရင်အမျိုးသားအစည်းအရုံး…

အသက် ၅ နှစ်နှင့် အထက် ကလေးများ ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်း ပိုမိုမြန်ဆန်စေဖို့ ထိုင်းဝန်ကြီးချုပ် တိုက်တွန်း

ဘန်ကောက်၊ ဖေဖော်ဝါရီ ၇ ကာကွယ်ဆေးထိုးနှံမှု ကျဆင်းလျက်ရှိသော ကလေးသူငယ်များအကြား ဗိုင်းရပ်စ်ပျံ့ပွားမှုဆက်လက်ဖြစ်ပေါ်လာခြင်း ကြောင့် ယင်းအသက်အရွယ်အုပ်စုများအတွက် ကိုဗစ် ၁၉ ကာကွယ်ဆေးထိုးနှံမှုများကို အရှိန်အဟုန်မြင့်ဆောင်ရွက်ရန် ပြည်သူ့ကျန်းမာရေး အာဏာပိုင်များကို ထိုင်းဝန်ကြီးချုပ်က တိုက်တွန်းခဲ့သည်။ ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ ထနာကွန် ဝန်ဘွန်ကွန်ချာနာ၏ တနင်္ဂ‌နွေနေ့ပြောကြားချက်တွင် ဝန်ကြီးချုပ်သည် အသက် ၅ နှစ်မှ ၁၁ နှစ်အကြား ကလေးသူငယ်အသက်အရွယ်အုပ်စုများတွင် ကိုရိုနာဗိုင်းရပ်စ်…

စီးပွားရေးကြပ်တည်းမှုထဲ ထပ်မံတွန်းပို့မဲ့ ဆိုက်ဘာဥပဒေမူကြမ်း

မြန်မာ့ဆိုရှယ်မီဒီယာပလက်ဖောင်းများကို ပိတ်ပင်တားမြစ်ပြီး အင်တာနက် privacy ထိခိုက်စေသောဥပဒေအားပြန်လည်အသက်သွင်း ရန် စစ်ကောင်စီကကြိုးပမ်းလျက်ရှိနေေသာကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များက ဝေဖန်လျက်ရှိနေသည်။ လူသိရှင်ကြားထုတ်ပြန်ထားခြင်းမရှိသော်လည်း Asia Times သို့ပေါက်ကြားလာသော တရားဝင်စာရွက်စာတမ်းတစ်ခုအရ Virtual Private Network (VPNs) ကို ရာဇဝတ်မှုဖြစ်စေသည့် ဆိုက်ဘာလုံခြုံရေးဥပဒေမူကြမ်းကိုအဆိုပြုကာ အွန်လိုင်းလောင်းကစားနှင့် Data localization လုပ်ပိုင်ခွင့်ကိုလည်း တားမြစ်ထားသည်။ ၎င်းဥပဒေမူကြမ်းတွင် ခွင့်ပြုချက်မရှိဘဲ VPN…

ဖာပွန်မှာ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ၇ ဦး သေဆုံးပြီး ၂၀ ထက်မနည်း ဒဏ်ရာရ

မော်လမြိုင် ၊ ဖေဖော်ဝါရီ (၆) ဖာပွန်ခရိုင် KNLA တပ်မဟာ ၅ ထိန်းချုပ်နယ်မြေထဲမှာ အာဏာသိမ်းစစ်ကောင်စီဘက်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ၇ ဦး သေဆုံးပြီး ၂၀ဦး ထက်မနည်း ဒဏ်ရာရှိခဲ့တယ်လို့ KNU မူတြော်သတင်းစဉ်က ထုတ်ပြန်ပါတယ်။ အခုနှစ် ဇန်နဝါရီလမှ ဖေဖေါ်ဝါရီ ၅ ရက်နေ့အထိ အာဏာသိမ်းစစ်ကောင်စီက KNLA တပ်မဟာ…

ခြိမ်းခြောက်မှုတွေ လုပ်နေတဲ့ Non CDM ဝန်ထမ်းတွေကို အရေးယူဖို့ NUG အစိုးရ ပြင်ဆင်နေ

မော်လမြိုင် ၊ ဖေဖော်ဝါရီ (၆) CDM ဝန်ထမ်းတွေကို ဖိအားပေးခြိမ်းခြောက်မှုတွေ လုပ်ဆောင်နေတဲ့ စစ်ကောင်စီ လက်အောက်ခံ ပညာရေးဌာနက Non CDM ဝန်ထမ်းတွေကို သက်သေအပြည့်အစုံနဲ့ တရားစွဲ အရေးယူဖို့ ပြင်ဆင်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဝန်ထမ်း အခွင့်အရေးတွေနဲ့ နိုင်ငံတကာလူ့ အခွင့်အရေးတွေကို ချိုးဖောက်နေတဲ့ Non-CDM ဝန်ထမ်းတွေရဲ့ ကျူးလွန်မှုတွေကို…

လောင်းလုံမှာ တစ်ပတ်ကြာပျောက်ဆုံးနေသော ဒေသခံ ၃ ဦး အလောင်းပြန်တွေ့

လောင်းလုံ၊ ဖေဖေါ်ဝါရီ ၆ တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်က တစ်ပတ်ကြာပျောက်ဆုံးနေတဲ့ ဒေသခံ ၃ ဦးကို ညင်းမော်ကျေးရွာအနီးမှာ ဖေဖေါ်ဝါရီလ ၅ ရက်နေ့ နေ့လည်ပိုင်းက အလောင်းသာပြန်တွေ့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပျောက်ဆုံးနေသူ ၃ ဦးက စပ်ပြဲကျေးရွာနဲ့လေးသွန်းခံကျေးရွာက အမျိုသား ၃ ဦးဖြစ်ပါတယ်။ အဆိုပါ အမျိုးသား ၃ ဦးမှာ သတ်ဖြတ်ခံရပြီးနောက် အလောင်းကို…

ထိုင်းနိုင်ငံရဲ့ မြို့ကြီးတွေက လောင်းကစားလုပ်ငန်းလုပ်ကိုင်သူ ၈၅ ဦးကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့

ပထုန်ဌာနီ၊ ဖေဖော်ဝါရီ ၅ ထိုင်းရဲတပ်ဖွဲ့၏ အကျင့်ပျက်ခြစားမှုဌာနခွဲ Counter Corruption Division (CCD) မှ ရဲတပ်ဖွဲ့ဝင်များသည် ပထုန်ဌာနီနှင့် ဆမုပရာကန်ခရိုင်များအတွင်းရှိ လောင်းကစားလုပ်ငန်းလုပ်ကိုင်နေသူများနေရာကို သောကြာ‌နေ့ညက ရုတ်တရက်ဝင်ရောက်ခဲ့ပြီး သံသယရှိသူ ၈၅ ဦးကို ဖမ်းဆီးရမိခဲ့သည်။ ပထုန်ဌာနီခရိုင်ဒေသန္တရ၊ လမ်ကုက ခရိုင်ခွဲ၊ ဆာမာဖာကရမ်လလမ်းမကြီးပေါ် တည်ရှိသည့် နာနာချရွန်ဈေး အတွင်းက မှတ်ပုံတင်ထားခြင်းမရှိသော အိမ်တစ်အိမ်ကို လောင်းကစားကွန်ရက်ဆိုင်ရာ…