အများပြည်သူပိုင် နေရာတွေမှာ မိုင်းထောင်ဖောက်ခွဲတာတွေ လုပ်ဖို့ စစ်ကောင်စီက ရဲနဲ့ တပ်ကို တာဝန်ပေးထား
မော်လမြိုင် ၊ ဧပြီ (၂) အများပြည်သူပိုင် ဈေး၊ အဆောက်အဦး၊ လမ်းတံတားနဲ့ စာသင်ကျောင်း အပါအဝင် လူစည်းကားနေတဲ့ နေရာတွေမှာ မိုင်းထောင်ဖောက်ခွဲတာတွေ လုပ်ဖို့ စစ်ကောင်စီက ရဲနဲ့ တပ်ကို တာဝန်ပေးအပ်ထားတယ်လို့ ရဲအရာရှိတွေက ပြောပါတယ်။ စစ်ကောင်စီကတော့ အဲဒီမိုင်းထောင်ဖောက်ခွဲမှုတွေကို ဒေသပြည်သူ့ကာကွယ်ရေးတပ် PDF အပါအဝင် စစ်တပ်ဆန့်ကျင်သူတွေက နိုင်ငံမငြိမ်မသက်ဖြစ်အောင် လုပ်ဆောင်တယ်ဆိုပြီး လိမ်လည် သတင်းထုတ်ပြန်နိုင်ဖို့အတွက်…