2022

မန္တလေးမှာ ဖမ်းဆီးခံထားရတဲ့ သံဃာတော်တွေကို စစ်ကြောရေးမှာ အဓမ္မပြုကျင့်ဖို့ထိ အာဏာသိမ်းစစ်တပ်ကလုပ်ဆောင်

မန္တလေး – မေ(၆) မန္တလေးမှာ ဖမ်းဆီးခံရတဲ့ သံဃာတော်တွေကို စစ်ကြောရေးမှာ ရိုက်နှက်ရုံတင်မကပဲ အဓမ္မပြုကျင့် ဖို့အထိ အာဏာ သိမ်းစစ်တပ်က လုပ်ဆောင်နေတယ်လို့ မန္တလေး သံဃာသမဂ္ဂက ဦးဇင်းတစ်ပါးက သံလွင်တိုင်းမ် ကို မိန့်ကြားပါတယ်။ မန္တလေးမြို့မှာ သံဃာတော် (၁၇) ပါးဖမ်းဆီးခံထားရပြီး အဲ့ဒီထဲက (၅) ပါးပြန်လွတ်ထားပေမယ့် သံဃာ(၁၂) ပါးက အကျဉ်းချခံနေရတဲ့အခြေအနေမှာရှိတယ်လို့ သိရပါတယ်။…

တောင်ကိုရီးယားသမ္မတ ကို အဓိက ရန်သူဆိုပြီး မြောက်ကိုရီးယားစွပ်စွဲ

ပြုံယမ်း – မေ(၆) မြောက်ကိုရီးယားရဲ့ အဓိက ဝါဒဖြန့်ချိရေး ၀က်ဘ်ဆိုဒ်တစ်ခုက ပြုံးယမ်းရဲ့ လက်နက်စမ်းသပ်မှုနှင့်ပတ်သက်ပြီး ပိုမိုပြင်းထန်စွာတုန့်ပြန်မယ်လို့ သဘောထားထုတ်ပြန်ထားသည့် တောင်ကိုရီယား သမ္မတအသစ် ယွန်းစွတ်ယိုကို “အမေရိကန်လိုလားသောသူ” “ထိပ်တိုက်ရင်ဆိုင်လိုသောသူ” “အဓိကရန်သူ” ဆိုပြီး လူသိရှင်ကြား စွပ်စွဲဖော်ပြခဲ့ပါတယ်။ လာမည့် မေလ ၁၀ ရက်နေ့မှာ ရာထူးတာဝန်ယူမည့် ကွန်ဆာဗေးတစ်တစ်ဦးဖြစ်တဲ့ ယွန်းနှင့် ပတ်သက် ပြီး မြောက်ကိုရီးယားရဲ့…

မားကိုစ့်သမ္မတဖြစ်ရင် ဖီလစ်ပိုင်ရဲ့ နျူကလီယားအစီအစဉ်ပြန်စမယ်

မနီလာ – မေ(၆) ဖိလစ်ပိုင်အာဏာရှင် ဖာဒီနန်မားကိုစ့် လက်ထပ်က တည်ဆောက်ထားတဲ့ Mothballed နျူကလီယားဓာတ်အားပေးစက်ရုံဲနဲ့ ဓာတ်ပေါင်းဖိုကို နောက်လာမယ့် ရွေးကောက်ပွဲမှာ သားဖြစ်သူ မားကိုစ့်ဂျူနီယာ အနိုင်ရရင် ပြန်လည်ပြင်ဆင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဖိလစ်ပိုင်အာဏာရှင်ဟာ ဘာတန်စက်ရုံကို ကန်ဒေါ်လာ(၂.၂)ဘီလျံအကုန်အကျခံ တည်ဆောက် ထားပြီး အဲ့ဒီစက်ရုံကိုအကြောင်းပြုပြီး လာဘ်စားမှုများစွာ ပြုလုပ်ခဲ့တဲ့နေရာ ဖြစ်ပြီး ၁၉၈၆ ခုနှစ် အာဏာရှင်ပြုတ်ကျပြီးနောက်မှာတော့အဲ့ဒီစက်ရုံနဲ့ပတ်သက်ပြီး အကြောင်းအရာတွေ…

ရုရှားရဲ့ ရေနံပိတ်ပင်တာကို ချက်ချင်းလိုက်နာဖို့ ခက်ခဲတယ်လို့ ဂျပန်ပြော

တိုကျို – မေ(၆) ယူကရိန်းကို ကျုးကျော်တိုက်ခိုက်တာနဲ့ပတ်သက်ပြီး ရုရှားရေနံတင်သွင်းမှုကို ဖြတ်တောက်မယ့် လှုပ်ရှားမှုကို ချက်ချင်း လုပ်ဆောင်ဖို့ ဂျပန်နိုင်ငံအနေနဲ့ ခက်ခက်ခဲခဲရင်ဆိုင်ရမှာဖြစ်တယ်လို့ စီးပွားရေး ကုန်သွယ်ရေးနဲ့ စက်မှုဝန်ကြီး ကိုဟီချီဟာဂီဒါက ပြောခဲ့ပါတယ်။ ရေနံစိမ်းရောင်းချမှု အပါအဝင်မော်စကိုအပေါ်အပြင်းထန်ဆုံးပိတ်ဆို့အရေးယူမှု အစီအစဉ်ကို ဥရောပသမဂ္ဂအမှုဆောင်အရာရှိက အဆိုပြုခဲ့ပြီးနောက်ပိုင်း ဂျပန်ဝန်ကြီးက ဝါရှင်တန်ကို အလည်အပတ်ရောက်ရှိချိန်မှာ ယခုကဲ့သို့ မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ကရုရှားအပေါ်ဒဏ်ခတ်အရေးယူမှုတွေ…

ယူကရိန်းဂယက်ကြောင့် တရုတ်ရန် ကြောက်လို့ ကြိုတင်ပြင်ဆင်နေရတဲ့ ထိုင်ဝမ်နိုင်ငံသားများ

ထိုင်ဝမ် ၊ မေ (၅) ရုရှားနိုင်ငံရဲ့ ယူကရိန်းသို့ ကျူးကျော်ဝင်ရောက်မှုသည် ထိုင်ဝမ်နိုင်ငံသားအများစုကို လည်း အလားအလာရှိ‌သော ဘေးအန္တရာယ်အတွက် အသိပေးလိုက်သလို ဖြစ်နေပါတယ်။ ထိုင်ဝမ်နိုင်ငံသားတို့ဟာ ရှေ့ဆောင်မဟာမိတ် အလုပ်ရုံအစည်းအဝေးတစ်ရပ်ကို ကျင်းပခဲ့ပြီး ထိုအရာသည် ထိုင်ဝမ်နိုင်ငံသားများကို အားဖြည့်ရန်အတွက်ဖြစ်တယ်လို့ Taiwan Society of Paramedicine မှ အတွင်းရေးမှူး Jack Yu-tang Chang က…

မြောက်ကိုရီးယားကို ပိတ်ဆို့အရေးယူဖို့ မေလအတွင်း ကုလလုံခြုံရေးကောင်စီမှာ ဆုံးဖြတ်ဖို့ အမေရိကန်လိုလားနေ

ဝါရှင်တန် – မေ(၅) မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းဒုံးကျည်အသစ်ပစ်လွှတ်တာနဲ့ပတ်သက်ပြီး မေလအတွင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မဲခွဲဆုံးဖြတ်စေလိုတယ်လို့ ကုလသမဂ္ဂဆိုရာ အမေရိကန် သံအမတ်ကြီး လင်ဒါသောမတ်စ်- ဂရင်းဖီးလ်က ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ ပြောခဲ့ပါတယ်။ မြောက်ကိုရီးယားကို ဆေးရွက်ကြီးနဲ့ ရေနံတင်ပို့မှု ထက်ဝက်လျှော့ချဖို့အပါအဝင် မြောက်ကိုရီးယား ဟက်ကာအဖွဲ့ လာဇရပ်စ် ကိုအမည်ပျက်စာရင်သွင်းဖို့ အမေရိကန်ပြည် ထောင်စုက လွန်ခဲ့တဲ့လက အဖွဲ့ဝင်(၁၅) ဦးပါကောင်စီကို ကနဦးဆုံးဖြတ်ချက်မူကြမ်းကို…

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ စစ်ခေါင်းဆောင်ကို ဟွန်ဆန်တောင်းဆို

ဖနွမ်းပင် – မေ(၅) မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်ကို အာဆီယံဘုံသဘောတူညီချက်တွေအရ အထူးကိုယ်စား လှယ်ကို မြန်မာလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်ပေးဖို့ ကမ္ဘောဒီယားဝန်ကြီး ချုပ်ဟွန်ဆန်က တောင်းဆိုခဲ့ပါတယ်။ အရေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)အလှည့်ကျ ဥက္ကဌ ဟွန်ဆန်နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ပြောခဲ့တဲ့ ဗီဒီယိုခေါ်ဆိုမှုမှာ အထူးကိုယ်စားလှယ်ကို ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာနိုင်ငံက သက်ဆိုင်သူအားလုံးနဲ့တွေ့ဆုံခွင့်ရဖို့အရေးကြီးတယ်လို့ ပြောဆိုခဲ့ ပါတယ်။ လွန်ခဲ့တဲ့ (၁၅) လက ပြည်သူရွေးချယ်တင်မြှောက်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရအဖွဲ့ကို…

ဘီးလင်း မဲပလီဒေသခံတွေကို စစ်ကောင်စီတပ်က အကြောင်းမဲ့ ဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက်နေ

ဘီးလင်း ၊ မေ (၄) ကေအဲန်ယူ ထိန်းချုပ်နယ်မြေ ဘီးလင်းမြို့နယ်ရှိ စစ်ကောင်စီ မဲပလီစခန်းက စစ်ကောင်စီ တပ်သားတွေနဲ့ BGF ပူးပေါင်းအဖွဲ့က ဒေသခံရွာသားတွေကို အကြောင်းမဲ့ ဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက်မှုတွေ ပြုလုပ်နေတယ်လို့ မိတ်ဖက်တော်လှန်ရေး တပ်ပေါင်းစုက ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ မေ ၂ ရက်နေ့က တောင်ယာလုပ်ကိုင်ရာကနေ ပြန်လာတဲ့ ဘီးလင်းမြို့နယ် မဲပလီရွာသား ၃…