2022

အသက် ၁၈ နှစ်အရွယ်သေနတ်သမား အမေရိကန် တက္ကဆက် မူလတန်းကျောင်းကို ဝင်‌ရောက်ပစ်ခတ်၊ က‌လေးအရွယ် သေဆုံးသူများပြား

တက္ကဆက် – မေ(၂၆) ဆယ်ကျော်သက်အရွယ်သေနတ်သမားတစ်ဦးက အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် တောင်ပိုင်းက မူလတန်းကျောင်းကို မေလ(၂၅) ရက်နေ့က ဝင်ရောက်ပစ်ခတ်ခဲ့တဲ့အတွက် အနည်းဆုံး ကလေး(၁၈) ဦးနဲ့ အရွယ်ရောက်သူတစ်ဦးသေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ပြည်နယ်အုပ်ချုပ်ရေးမှူး (Greg Abbottt) ဂရိတ်အာဘတ်က သံသယရှိသူ အသက်(၁၈) နှစ်အရွယ် ဆာလာဗာဒ်ရိုမက်စ်ကို အခင်းဖြစ်နေရာမှာ အသေပစ်ခတ်ဖမ်းဆီးနိုင်ခဲ့ပြီး ရဲအရှာရှိ နှစ်ဦးမှာတော့ မပြင်းထန်တဲ့ဒဏ်ရာ…

လုံခြုံရေးဆိုင်ရာ မဟာဗျူဟာ Quad အစည်းအဝေးကို ဂျပန်က အိမ်ရှင်အဖြစ် ကျင်းပ

တိုကျို – မေ(၂၅) တရုတ်ရဲ့ ဒေသတွင်း စစ်ရေးနဲ့ စီးပွားရေးလွှမ်းမိုးမှုတွေချဲ့ထွင်လာတာနဲ့ ပတ်သက်ပြီး သတိထား ဆောင်ရွက်ဖို့ ဂျပန်၊အိန္ဒိယ၊ဩစတြေးလျနဲ့ အမေရိကန် ခေါင်းဆောင်တွေ တိုကျိုမှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ လုံခြုံရေးဆိုင်ရာ မဟာဗျူဟာ Quad လို့ လူသိများတဲ့ အစုအဖွဲ့တွေရဲ့ ထိပ်သီးအစည်းအဝေးပွဲ မှာ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ထိုင်ဝမ်ကို အကာအကွယ်ပေးဖို့ စစ်ရေးအရ ဝင်ရောက် စွက်ဖက်ဖို့အဆင်သင့်ရှိနေတယ်လို့…

မလေးရှားရဲ့ ကြက်သားပြည်ပတင်ပို့မှုကို ဇွန်လမှာ စတင်ရပ်ဆိုင်းမယ်

ကွာလာလမ်ပူ – မေ(၂၅) မလေးရှားနိုင်ငံရဲ့ တစ်လကို (၃.၆) မီလီယမ်အထိရှိတဲ့ ကြက်သားပြည်ပတင်ပို့မှု အားလုံးကို ဇွန်လ(၁) ရက်နေ့စပြီး စျေးနှုန်းတည်ငြိမ်တဲ့အထိ ရပ်ဆိုင်းထားဖို့ ရှိတယ်လို့ ဝန်ကြီးချုပ် အစ္စမာလီ ဆာဘရီရာကော့ဘ်က ပြောပါတယ်။ ပြည်ပအခြေစိုက်သားသတ်လုပ်ငန်းတွေအနေနဲ့ မလေးရှားနိုင်ငံရဲ့ ကြက်သားထောက်ပံ့ရေး ကဏ္ဍကို မြှင့်တင်ဖို့ လုပ်ဆောင်ချက်ကို အသိအမှတ်ပြုရမှာဖြစ်ပြီး မွေးမြူရေးကြက်၊ဘဲ တင်သွင်းခွင့် လုပ်ကိုင်ခွင့်တွေကိုလည်း ရုပ်သိမ်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။…

မြန်မာနိုင်ငံအနောက်ဘက်ကမ်းခြေမှာ ရိုဟင်ဂျာလူမျိုးတွေအပါအဝင် လူသေအလောင်းတွေ တွေ့ရှိ

ဘူးသီးတောင် – မေ(၂၅) မြန်မာနိုင်ငံရဲ့ ကမ်းခြေတစ်ခုပေါ်မှာ လူ(၁၄) ဦးရဲ့ ရုပ်အလောင်းတွေသောင်တင်နေခဲ့တယ်လို့ ရဲတပ်ဖွဲ့ဝင်တွေက AFP သတင်းဌာနကို မေလ(၂၄) ရက်နေ့က ပြောခဲ့ပြီး သေဆုံးသူတွေထဲမှာ ရိုဟင်ဂျာကလေးငယ်တွေပါဝင်နေတယ်လို့ UNHCR က ပြောပါတယ်။ UNHCR ရဲ့ ပြောဆိုချက်ထဲမှာ အနည်းဆုံးလူ(၁၇) ဦး လှေမှောက်ပြီး နောက်မှာ အသက်ဘေးကြုံတွေ့ခဲ့တာဖြစ်တယ်လို့ ပါရှိပါတယ်။ ကယ်ဆယ်ရးအဖွဲ့တစ်ခုကတော့ အဲ့ဒီလှေဟာ…

ဘန်ကောက်မှာ ကျင်းပနေတဲ့ APEC အစည်းအဝေးကနေ အမေရိကန်အပါအဝင် (၇)နိုင်ငံက ထွက်ခွာ

ဘန်ကောက်၊ မေ (၂၄) ဘန်ကောက်မှာ ကျင်းပခဲ့တဲ့ အာရှ-ပစိဖိတ် ကုန်သွယ်ရေးဝန်ကြီးများ အစည်းအဝေးမှာ ရုရှားက ယူကရိန်းကို ကျူးကျော်တာကို ကန့်ကွက်တဲ့အနေနဲ့ အမေရိကန်အပါအဝင် နိုင်ငံပေါင်း (၇)နိုင်ငံက ကိုယ်စားလှယ်တွေဟာ အစည်းအဝေးမှ ထွက်ခွာသွားသော်လည်း အစည်းအဝေးစီစဉ်တဲ့ အဖွဲ့အစည်းနဲ့ အိမ်ရှင်နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံကို ထောက်ခံကြောင်း တနင်္ဂနွေနေ့မှာ ပြောခဲ့ပါတယ်။ အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ် ကတ်သရင်းတိုင်နှင့်အတူ ဂျပန်၊…

သက်ဆင်နဲ့ အဆက်အသွယ်ရှိတဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ် ဘန်ကောက်မြို့တော်ဝန် ဖြစ်လာ

ဘန်ကောက် – မေ(၂၄) ထိုင်းအစိုးရအဖွဲ့ ပို့ဆောင်ရေးဝန်ကြီးဟောင်း ဖီယူထိုင်းပါတီနဲ့ အနီးကပ်ဆက်ဆံရေးရှိသူ ထိုင်းအာဏာရပါတီ PRPR ရှေးရိုးစွဲအစုအဖွဲ့က ကိုယ်စားလှယ်လောင်း ကို အချိန်(၉) နှစ်အကြာမှာ ပထမဆုံးအကြိမ်အဖြစ် အနိုင်ရရှိခဲ့ပြီး ဘန်ကောက်ခရိုင်ဒေသန္တရ ရွေးကောက်ပွဲ ကိုအနိုင်ယူခဲ့ပါတယ်။ ဒီရွေးကောက်ပွဲဟာ နောက်နှစ်အစောပိုင်းမှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ စစ်တပ်နဲ့ ဆက်စပ်မှုရှိတဲ့ PRPR ပါတီအတွက် အခွင့်အရေးလက်လွှတ်ရမယ့် အခြေအနေထိ ဖြစ်သွား…

ကုလလူ့အခွင့်အရေးအကြီးအကဲ အငြင်းပွားဖွယ်ရာတွေရှိနေတဲ့ တရုတ်ကိုအလည်သွားမယ်

ပေကျင်း – မေ(၂၄) ကုလသမဂ္ဂလူ့အခွင့်အရေးအကြီးအကဲဟာ တရုတ်နိုင်ငံရဲ့ ဝေးလံခေါင်ဖျားတဲ့ ရှန်ကျန်း ဒေသ ကိုအလည်အပတ်သွားရောက်မယ့် ခြောက်ရက်ကြာခရီးစဉ်ရှိနေတဲ့အတွက် သူဝင်ရောက်လာမှု နဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေရှိနေသလို တရုတ်ကွ်နမြူနစ်ပါတီရဲ့ ခရီးစဉ်ကမ်းလှမ်းမှုအတွက် ကောလဟာလတွေရှိနေပါတယ်။ မီချယ်ဘာချယ်လက်ရဲ့ ခရီးစဉ်ဟာ ဆယ်စုနှစ်(၂) ခုနီးပါးအတွင်းကုလသမဂ္ဂရဲ့ ထိပ်တန်းလူ့ အခွင့်အရေးအရာရှိတစ်ဦးရဲ့ ပထမဆုံးခရီးစဉ်ဖြစ်ပြီး အနောက်ဘက်စွန်း ရှန်ကျန်းမှာ မွတ်ဆလင်တွေအပေါ်ဖိနှိပ်မှုတွေရှိနေတယ်လို့ တရုတ်အစိုးရကို စွပ်စွဲမှု တွေရှိနေချိန်မှာ ဒီခရီးစဉ်ထွက်ပေါ်လာတာပါ။…