2022

ထားဝယ်မြို့အဝင်က ဘုရားမဲစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ

ထားဝယ်၊ ဒီဇင်ဘာ (၁၃) တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့အဝင်၊ မောင်မယ်ရှောင်ကျေးရွာအနီးရှိ စစ်ကောင်စီ ဘုရားမဲ စစ်ဆေးရေးဂိတ်ကို ပြီးခဲ့တဲ့ဒီဇင်ဘာ ၁၁ ရက်နေ့မှာ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီနေ့ညနေ ၃ နာရီလောက်မှာ ဘုရားမဲစစ်ဆေးရေးဂိတ်ကို ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လက်နက်ကြီး ၄၀ မမတွေနဲ့ သွားရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဘုရားမဲစစ်ဆေးရေးဂိတ် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့တွေ ထိခိုက်သေဆုံးမှုတွေ…

အပစ်ရပ် ၇ ဖွဲ့ရဲ့ တွေ့ဆုံဖို့ကမ်းလှမ်းမှုကို အဆင်သင့်မဖြစ်သေးဘူးလို့ စစ်ကောင်စီအကြောင်းပြန်

ရန်ကုန်၊ ဒီဇင်ဘာ (၁၃) NCA စာချုပ်မှာ လက်မှတ်ထိုးထားတဲ့ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EAOs ၇ ဖွဲ့ရဲ့ အလွတ်သဘောတွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းမှုကို အဆင်သင့်မဖြစ်သေးကြောင်း စစ်ကောင်စီဘက်က အကြောင်းပြန်လာတယ်လို့ အပစ်ရပ် ၇ ဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွှန့်က သံလွင်တိုင်းမ်ကို ပြောပါတယ်။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် NCA မှာ လက်မှတ်ထိုးထားတဲ့…

နေပြည်တော်ကားဝင်းမှာ ဗုံးတွေ့ပြီးနောက် သထုံဒေသခံမိသားစုဝင် ၃ ဦး ဖမ်းဆီးခံရ

နေပြည်တော်၊ ဒီဇင်ဘာ (၁၃) နေပြည်တော်၊ ဘောဂသီရီကားဝင်း စစ်တပ်ပိုင်တော်ဝင်ကားဂိတ်မှာ ပါဆယ်ပုံးအတွင်း ဗုံးတွေ့ရှိပြီးနောက် စစ်ကောင်စီတပ်က သထုံဒေသခံမိသားစုဝင် ၃ ဦးကို လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီကားဂိတ်ပါဆယ်ပုံးအတွင်း ဗုံးတွေ့ပြီးနောက် သထုံမြို့နယ်၊ နောက်ကုလားကျေးရွာနေ ကားလက် မှတ်အရောင်းဆိုင်ပိုင်ရှင် ခွန်ညီညီရှိန်၊ ဇနီးနဲ့ ကလေးတို့ကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ဒီဇင်ဘာ ၁၁ ရက်နေ့မှာ လာရောက်ဖမ်းဆီးသွားခဲ့တာပါ။…

စစ်အာဏာရှင်စနစ်ချေမှုန်းရေးမှာ ပအိုဝ်းလူထုပါဝင်ကြဖို့ PNFC တိုက်တွန်း

မော်လမြိုင် – ဒီဇင်ဘာ(၁၂) စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းရေးအပါအဝင် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးမှာ ပအိုဝ်း ပြည်သူတွေအနေနဲ့ PNFC နဲ့ အတူပူးပေါင်းပါဝင်ကြဖို့ ကြေညာ လိုက်ပါတယ်။ ရှမ်းပြည်နယ်မှာ ပအိုဝ်းလူမျိုးတွေက ပဒေသရာဇ်စနစ်ကို ဆန့်ကျင်ခဲ့တဲ့ (၇၃) နှစ်မြောက် အထိမ်းအမှတ်နေ့အဖြစ် PNFC ရဲ့ ကြေညာချက်မှာဖော်ပြထားတာပါ။ ပအိုဝ်းလူထုအနေနဲ့ ပအိုဝ့်းအမျိုးသားလွတ်မြောက်ရေး၊ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်း ရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု…

ကယားပြည်နယ်မှာ ဆယ်ရက်အတွင်း တော်လှန်ရေးရဲဘော် (၇) ဦးကျဆုံးခဲ့ရ

ဒီးမော့ဆို – ဒီဇင်ဘာ(၁၂) ကယားပြည်နယ်ထဲမှာ ဒီဇင်ဘာလ (၁၀) ရက်အတွင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်(၇) ဦးကျဆုံးခဲ့တယ်လို့ တော်လှန်ရေးအဖွဲ့တွေရဲ့ ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့သလို လက်နက်ကြီး ပစ်ခတ်မှုတွေလည်း လုပ်ဆောင်ခဲ့တဲ့အတွက် တော်လှန်ရေးရဲဘော်တွေ ထိခိုက် ကျဆုံးခဲ့ရတာပါ။ ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ရဟတ်ယာဉ်တွေကို အသုံးပြုပြီး လက်နက်၊ ရိက္ခာနဲ့ တပ်အင်အား…

စစ်ကောင်စီအလိုကျ ပြည်သူတွေရဲ့အိမ်တွေ အဓမ္မဖျက်ဆီးနေသူတွေကို NUG အရေးယူမယ်

ရန်ကုန် – ဒီဇင်ဘာ(၁၁) ကျေးလက်မြို့ပြက ပြည်သူတွေရဲ့ နေအိမ်တွေကို အတင်းအဓမ္မ ဖျက်ဆီး နေတဲ့ စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းတွေနဲ့ စစ်ကောင်စီအပေါင်းအပါတွေကို ထိထိရောက် ရောက်အရေး ယူမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာ ရန်ကုန်နဲ့ မန္တလေးအပါအဝင် မြို့ကြီးတချို့မှာ စစ်ကောင်စီက မြို့ပြနေ အခြေခံလူတန်းစားတွေရဲ့ နေအိမ်တွေကို အတင်းအဓမ္မဖြိုဖျက်ကာ မြေယာလုယက်မှု ကျူးလွန်…

ကလေးမြို့ KTV မှာ ဖမ်းမိခဲ့တဲ့ စစ်ကောင်စီဝန်ထမ်းတွေကို အကြမ်းဖက်မှုနဲ့ အမှုဖွင့်ထား

ကလေး – ဒီဇင်ဘာ(၁၂) စစ်ကိုင်းတိုင်း ကလေးမြို့ တောင်ဇလပ်ရပ်ကွက်က BMA-KTV မှာ ဖမ်းဆီးရမိခဲ့တဲ့ စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာ ဝန်ထမ်း(၂) ဦးကို အကြမ်းဖက်တိုက်ဖက်ရေး ဥပဒေပုဒ်မ ၅၂(က)နဲ့ ပြည်သူ့ရဲတပ်ဖွဲ့က အမှုဖွင့်ထားတယ်လို့ ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့က သတင်းထုတ်ပြန် ထားပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၁၀) ရက်နေ့ နေ့လည်ပိုင်းက BMB -KTV နဲ့…

ကရင်ပြည်နယ်မှာ စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ပိုမိုဆိုးဝါးလာ

ဘားအံ၊ ဒီဇင်ဘာ(၁၁) ကရင်ပြည်နယ်မှာ အရပ်သားတွေအပေါ်ကျူးလွန်တဲ့ စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်တွေဟာ တစ်နေ့တခြား ပိုမိုဆိုးဝါးလာတယ်လို့ ဒီကနေ့ ဒီဇင်ဘာလ(၁၀)ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့အတွက် ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)နဲ့ ကရင်အမျိုးသမီးအစည်း အရုံး(KWO)က ကြေညာချက်ထုတ်ပြန်လိုက်တာပါ။ အဲဒီကြေညာချက်ထဲမှာတော့ စစ်တပ်အနေနဲ့ စစ်အာဏာသိမ်းပြီးအချိန်ကစလို့ မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာ အရပ်သားတွေအပေါ် အကြမ်းဖက်တိုက်ခိုက်တာတွေကို ကျယ်ပြန့်စွာပြုလုပ်လာခဲ့ကာ စစ်အာဏာ ရှင်စနစ်ကို ထပ်မံကျင့်သုံးလာခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ (၂၀၂၁)ခုနှစ်နဲ့ အခုနှစ်…

မွန်လူငယ်နေ့ ဖြစ်မြောက်ဖို့အတွက် လက်နက်ကိုင်တပ်အချင်းချင်း မပစ်ခတ်ကြဖို့ တောင်းဆို

မော်လမြိုင်၊ ဒီဇင်ဘာ (၁၁) လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာကျရောက်မယ့် ၁၁ ကြိမ်မြောက် မွန်လူငယ်နေ့ကို မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေ၊ ထားဝယ်ခရိုင်၊ ဝယ်ဇင်းကျေးရွာမှာ ကျင်းပမှာဖြစ်တဲ့အတွက် ရေးမြို့နယ်အတွင်းရှိ လက်နက်ကိုင်တပ်အချင်းချင်း မပစ်ခတ်ကြဖို့ မွန်လူငယ်ဆုံရပ်က တောင်းခံစာထုတ်ပြန်ပါတယ်။ မွန်လူငယ်ဆုံရပ်တာဝန်ရှိသူတွေနဲ့ ရေးမြို့နယ်အတွင်းရှိ လူငယ်အဖွဲ့အသီးသီးတို့ဟာ ၁၁ ကြိမ်မြောက် မွန်လူငယ်နေ့ ကောင်းကောင်းမွန်မွန်ဖြစ်မြောက်ဖို့အတွက် ဝယ်ဇင်းအဝင်လမ်းကိုဖြစ်စေ၊ ရေးမြို့ပေါ်နဲ့ ရေးမြို့နယ်မြောက်ပိုင်းနဲ့ တောင်ပိုင်းဖြစ်စေအဓိက…