2022

ထိုင်း-မြန်မာ နယ်စပ်တလျှောက်မှာ ထိုင်းနယ်ခြားစောင့်တပ်က လုံခြုံရေး တိုးမြှင့်ထား

မော်လမြိုင် ၊ ဇူလိုင် (၁၂) အာဏာသိမ်း စစ်ကောင်စီ တိုက်လေယာဉ် တစ်စီး ထိုင်းလေပိုင်နက်ထဲ ဝင်ရောက်သွားပြီးနောက် ထိုင်း-မြန်မာ နယ်စပ်တလျှောက်မှာ ထိုင်းနယ်ခြားစောင့်တပ်က လုံခြုံရေး တိုးမြှင့်ပြီး ၂၄ နာရီ စောင့်ကြည့်နေတယ်လို့ ထိုင်းရောက် မြန်မာအသိုင်းအဝိုင်းက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းက ဖြစ်ပွားခဲ့တဲ့ ကရင်ပြည်နယ်၊ မြဝတီမြို့အနီးရှိ ဥကရစ်ထစခန်း တိုက်ပွဲမှာ စစ်ကောင်စီ တိုက်လေယာဉ်…

CDM ဝန်ထမ်းတွေ လူမှုအသိုင်းအဝိုင်းမှာ ဖယ်ကျဉ်ခံနေရ

မော်လမြိုင် ၊ ဇူလိုင် (၁၂) အာဏာသိမ်း စစ်ကောင်စီကို အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာ ပါဝင်နေကြတဲ့ CDM ဝန်ထမ်းတွေဟာ လူမှုအသိုင်းအဝိုင်းရဲ့ ဖယ်ကျဉ်မှုတွေကို ကြုံတွေ့ခံစားနေရတယ်လို့ CDM ဝန်ထမ်းတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့နှစ် အာဏာသိမ်းကာလအစမှာ သောင်းချီတဲ့လူထုတွေက အစိုးရဝန်ထမ်းတွေကို စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တာရား မလည်ပတ်စေနိုင်ဖို့ ‘ရုံးမတက်နဲ့ ရုန်းထွက်’ ဆိုတဲ့ ကြွေးကြော်သံတွေနဲ့…

အာဏာသိမ်း စစ်အုပ်စုကို လူမျိုးတုန်းသတ်ဖြတ်မှုအတွက် အရေးယူနိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ AAPP ပြော

ရန်ကုန် ၊ ဇူလိုင် (၁၂) အာဏာသိမ်း စစ်အုပ်စုဟာ အရပ်သားပြည်သူ‌တွေကို ပစ်မှတ်ထားတိုက်ခိုက်တာ၊ လူမျိုးတုန်းသတ်ဖြတ်တာတွေ ကျူးလွန်ခဲ့တဲ့အတွက် အရေးယူနိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ပြောပါတယ်။ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)ဟာ စစ်တပ် အာဏာသိမ်းတဲ့ကာလအတွင်း ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် စစ်အုပ်စုတာဝန်ခံရမယ့် ရာဇဝတ်မှုခင်းများ အစီရင်ခံစာကို ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။…

စစ်အာဏာရှင်ဖြုတ်ချရေးမှာပါဝင်နေတဲ့ အစ္စလာမ်ဘာသာဝင်တွေကို လေးစားဂုဏ်ပြုတယ်လို့ NUG သဝဏ်လွှာပေးပို့

မော်လမြိုင် – ဇူလိုင်(၁၀) အမျိုးသားညီညွတ်ရေးအစိုးရက စစ်အာဏာရှင်ဖြုတ်ချရေးမှာ စိတ်စေတနာထက်သန်စွာ ပါဝင် ဆောင်ရွက်နေကြတဲ့ အစ္စလာမ်ဘာသာဝင်တွေကို လေးစားဂုဏ်ပြုတယ်လို့ ပြောဆိုလိုက်ပါ တယ်။ ဒီနေ့ ဇူလိုင်လ(၁၀) ရက်နေ့မှာ ကျရောက်တဲ့ အီဒွလ်အဿွ်ဟာ(ကုရ်ဗာနီအီးဒ်) နေ့မြတ် အတွက် ဂုဏ်ပြု သဝဏ်လွှာပေးပို့ခဲ့တာပါ။ အစ္စလာမ်ဘာသာဝင်တစ်ဦးအတွက်အရေးအကြီးဆုံးမှာ အလ္လာဟ်အရှင်မြတ်ရဲ့ သွန်သင်ချက်ကို ရိုသေစွာနာခံလိုက်လျှောက်တာဖြစ်ပြီး အစ္စလာမ်ရဲ့ အဓိပ္ပါယ်ဟာ ငြိမ်းချမ်းခြင်းဖြစ်ကာ ငြိမ်းချမ်းခြင်းရရှိဖို့ တရားမျှတမှုလိုအပ်တယ်လို့…

စစ်တပ်တာဝန်ရှိသူတွေကိုအရေးယူဖို့ နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC) လွှဲပြောင်းမယ့် ကုလလူ့အခွင့် အရေးကောင်စီဆုံးဖြတ်ချက် NUG ထောက်ခံ

မော်လမြိုင် – ဇူလိုင်(၁၀) စစ်ကောင်စီရဲ့ တာဝန်ရှိသူတွေကို အရေးယူဖို့ နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC) ကိုလွှဲပြောင်းပေးဖို့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ဆုံးဖြတ်ချက်ကို အျိုးသားညီညွတ်ရေးအစိုးရ ကကြိုဆို ထောက်ခံတယ်လို့ လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့အကြိမ်(၅၀) မြောက်အစည်းအဝေးမှာ မြန်မာနိုင်င့အတွင်းက ရိုဟင်ဂျာမူဆလင်တွေနဲ့ တခြားလူနည်းစုတွေရဲ့ လူ့အခွင့်အရေးဆိုရာ ဆုံးဖြတ်ချက်ကို ထောက်ခံကြိုဆိုတယ်လို့ ဖော်ပြထားပါတယ်။ စစ်တပ်ရဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု(Crimes against Humanity) တွေနဲ့ စစ်ရာဇဝတ်မှုတွေ(War…

“ဖိလေကြွလေ ရန်ကုန်မြေ”

ရန်ကုန် – ဇူလိုင်(၁၀) ဒီနေ့ဇူလိုင်လ(၁၀) ရက်နေ့ ညနေပိုင်းက စစ်ကောင်စီရဲ့ လုံခြုံရေးတင်းကြပ်နေတဲ့ကြားက တော်လှန်လူငယ်တွေစုပေါင်းပြီး ဖိလေကြွလေရန်ကုန်မြေဆိုတဲ့ ခေါင်းစဉ်နဲ့ ဆန္ဒထုတ်ဖော် ခဲ့ကြပါတယ်။ ဓာတ်ပုံ – CJ

ခန္ဒီးခရိုင်ထဲကစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေ (၁၀) ရက်အတွင်းနှုတ်ထွက်ဖို့ ကာကွယ်ရေးအဖွဲ့ သတိပေး

ခန္ဒီး – ဇူလိုင် (၁၀) စစ်ကိုင်းတိုင်း ခန္ဒီးခရိုင်ထဲက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေ (၁၀) ရက်အတွင်း နှုတ်ထွက် ကြဖို့ သတိပေးထားပြီး လက်ရှိအချိန်မှာ စစ်ကောင်စီရဲ့အုပ်ချုပ်ရေးယန္တယားကို ဖယ်ရှား နေပြီ လို့ ထုတ်ပြန်ထားပါတယ်။ အာဏာသိမ်းစစ်အုပ်စုလက်အောက်မှာ တာဝန်ထမးဆောင်နေကြတဲ့ အဆင့်ဆင့်သော အုပ်ချုပ် ရေးတာဝန်ယူနေသူတွေအနေနဲ့ ဇွန်လ(၉) ရက်နေ့ကစပြီး အချိန်(၁၀) ရက်အတွင်း မိမိတို့ရဲ့ ရာထူးတာဝန်နဲ့ တာဝန်ကျရာ…

စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲကို လုံးဝ လက်မခံဘူးလို့ NLD ထုတ်ပြန်

ရန်ကုန် ၊ ဇူလိုင်(၉) အာဏာသိမ်း စစ်ကောင်စီ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲကို လုံးဝ အသိအမှတ်ပြု လက်ခံမှာ မဟုတ်ဘူးလို့ အမျိုးသားဒီမိုကရစီအဖွဲ့ချုပ် NLD က ဇူလိုင်လ ၉ ရက်နေ့မှာ ထုတ်ပြန်ကြေညာ လိုက်ပါတယ်။ စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပစ်ပယ်ခဲ့တာကြောင့် ပြည်သူတစ်ရပ်လုံး ဆန့်ကျင်တော်လှန်နေတဲ့အချိန်မှာ…

အာဏာသိမ်းမှုကြောင့် အထည်ချုပ်အလုပ်သမား ၂ သိန်းကျော် အလုပ်လက်မဲ့ဖြစ်

မော်လမြိုင် ၊ ဇူလိုင်(၁၀) နိုင်ငံတဝန်းမှာ စစ်တပ် အာဏာသိမ်းမှုကြောင့် အထည်ချုပ်အလုပ်သမား ၂၂၀၀၀၀ ကျော် အလုပ်လက်မဲ့ ဖြစ်ခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံးက ထုတ်ပြန်ပါတယ်။ အလုပ်လက်မဲ့ဖြစ်သွားတဲ့ အထည်ချုပ်အလုပ်သမားတွေရဲ့ ၈၅ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေ ဖြစ်ပြီး အထည်ချုပ်လုပ်ငန်းဟာ သူတို့ မိသားစုဝင်တွေအတွက် အဓိက ဝင်ငွေရှာဖွေနေရတဲ့ တစ်ခုတည်းသော အလုပ်အကိုင် အရင်းအမြစ် ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ…

မွန်ပြည်နယ်မှာ ရော်ဘာကုန်ကြမ်း နည်းပါးလာလို့ အရောင်းအဝယ် ရပ်နားထား

မော်လမြိုင် ၊ ဇူလိုင် (၁၀) မွန်ပြည်နယ်မှာ ရော်ဘာခြံတွေ ရပ်နားထားတာကြောင့် ရော်ဘာ ကုန်ကြမ်း မရှိသလောက် နည်းပါးလာတဲ့အတွက် ရော်ဘာ အရောင်းအဝယ် ရပ်နားထားတယ်လို့ ရော်ဘာ လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြည်နယ်အတွင်းက ရော်ဘာခြံတွေဟာ နှစ်စဉ် စက်တင်ဘာလကနေ မေလထိ အစေးခြစ်ကြတာ ဖြစ်ပေမယ့် မိုးတွင်းကာလဖြစ်တဲ့ ဇွန်၊ ဇူလိုင်နဲ့ သြဂုတ်လတွေမှာ အစေးမခြစ်မဘဲ…