2022

ဆော်ဒီမင်းသားက စွမ်းအင်အရင်းမြစ်တွေနဲ့ ပတ်သက်ပြီး လက်တွေ့မကျတဲ့ မူဝါဒတွေကို သတိပေး

ရီယာ့ဒ် – ဇူလိုင်(၁၈) စွမ်းအင်အရင်းအမြစ်တွေနဲ့ ပတ်သက်ပြီး လက်တွေ့မကျတဲ့ မူဝါဒတွေဟာ ကုန်ကျစရိတ်မြင့်မား လာတာနဲ့အတူ ငွေကြေးဖောင်းပွတာတွေကို ဦးတည်စေနိုင်တယ်လို့ ဆော်ဒီအာရေးဗျ မင်းသား မိုဟာမက်ဘင်ဆလာမင်က ပြောဆိုခဲ့ပါတယ်။ ဆော်ဒီမြို့မှာ ကျင်းပခဲ့တဲ့ US-Arab ထိပ်သီးအစည်းအဝေးပွဲမှာ မင်းသားက ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကို အထောက်အကူဖြစ်စေဖို့ ညီညွတ်တဲ့ ကြိုးစားအားထုတ်မှုတွေလိုအပ်တယ်လို့ ပြောဆိုခဲ့တာပါ။ “စွမ်းအင်အရင်းအမြစ်ရရှိနိုင်တဲ့ ဖယ်ချန်ပြီး လက်တွေ့မဆန်သော မူဝါဒတွေကို…

မန်ယူနဲ့လီပါပူးလ်တို့ရဲ့ ဘန်ကောက် ခြေစမ်းပွဲအတွက်ပွဲစီစဉ်သူ ဘတ်သန်း(၁၀၀) ကျော် အရှုံး ပေါ်ခဲ့

ဘန်ကောက် – ဇူလိုင်(၁၈) ဘန်ကောက်မြို့မှာကျင်းပခဲ့တဲ့ မန်ယူလီပါပူးလ် ဘောလုံးပွဲစီစဉ်ခဲ့တဲ့ မစ္စတာ ဗီနစ်ဂျ် ကဒီကစား ပွဲအတွက် ဘတ်သန်း(၁၀၀) ကျော်အရှုံးပေါ်ခဲ့ပေမယ့် ပွဲဖြစ်မြောက်ရေးကအရေးကြီးလို့ ဒီငွေပမာဏကို ဂရုမစိုက်ဘူးလို့ ပြောဆိုခဲ့ပါတယ်။ အဲ့ဒီပွဲနဲ့ ပတ်သက်ပြီး စာရင်းဇယားလုပ်ကိုင်ရတာတွေတော့ အဆုံးသတ်နိုင်တာ မရှိသေးဘူး လို့ သိရပါတယ်။ ပွဲစီစဉ်ရေးအဖွဲ့ကိုလည်း အသင်းနှစ်သင်းလုံးက ဂုဏ်ပြုခဲ့တဲ့အပြင် ထိုင်းနိုင်ငံအတွင်း ကျင်းပ နိုင်ခဲ့တဲ့ ဖိတ်ခေါ်ဘောလုံးပွဲအပေါ်မှာ…

အာဏာသိမ်းစစ်အုပ်စုကို အဆုံးခန်းတိုင်ဖြိုချ ဖျက်ဆီးရေးအတွက် ရဲရဲဝံ့ဝံ့ တိုက်ဝင်ကြဖို့ KNU တိုက်တွန်း

လေးကေကော် ၊ ဇူလိုင်(၁၇) မဟာလူမျိုးကြီးဝါဒ အပါအဝင် အာဏာသိမ်းစစ်အုပ်စုကို အဆုံးခန်းတိုင်ဖြိုချဖျက်ဆီးရေးနဲ့ ကရင်အမျိုးသားတွေရဲ့ နိုင်ငံရေးရည်မှန်းချက်အပြင် ပြည်သူလူထုတစ်ရပ်လုံး ရည်မှန်းချက်တွေ ပြီးမြောက်အောင်မြင်တဲ့အထိ ရဲရဲဝံ့ဝံ့တိုက်ပွဲဝင်ကြဖို့ ကရင်အမျိုးသားအစည်းအရုံး KNU က တိုက်တွန်းလိုက်ပါတယ်။ ဒီကနေ့ ဇူလိုင်လ(၁၆)ရက်နေ့မှာ ကျရောက်တဲ့ (၇၅)နှစ်ပြည့် ကရင့်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့(KNDO)နေ့အတွက် ကရင်အမျိုးသားအစည်းအရုံး KNU က ပေးပို့တဲ့ သဝဏ်လွှာမှာ တိုက်တွန်းထားတာပါ။ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးဟာ…

တနင်္သာရီတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ရေတပ် တပ်ဖွဲ့ဝင်တွေကိုပါ အသုံးပြု ထိုးစစ်ဆင်လာ

တနင်္သာရီ ၊ ဇူလိုင်(၁၇) တနင်္သာရီတိုင်းဒေသကြီးထဲက တိုက်ပွဲတွေမှာ စစ်ကောင်စီဟာ ကြည်းတပ်တွေအပြင် ရေတပ် တပ်ဖွဲ့ဝင်တွေကိုပါ အသုံးပြု ထိုးစစ်ဆင်လာတယ်လို့ တနင်္သာရီ စစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းကစပြီး စစ်ကောင်စီတပ်ဟာ တနင်္သာရီတိုင်းထဲက ထားဝယ်၊ သရက်ချောင်း၊ လောင်းလုံး၊ ရေဖြူနဲ့ ပုလောမြို့နယ်တွေကို တပ်အင်အား အလုံးအရင် ထိုးစစ်ဆင်လာတာ ဖြစ်ပါတယ်။…

Kaung For You အွန်လိုင်းစာသင်ကျောင်းကိစ္စရပ်မှာ ဖမ်းဆီးခံရတဲ့ CDM ဆရာ၊ဆရာမ ၂၀ နီးပါး ထိရှိလာ

ရန်ကုန် ၊ ဇူလိုင် (၁၇) အမျိုးသားညီညွတ်ရေးအစိုးရ NUG လမ်းညွှန်မှုနဲ့ ဖွင့်လှစ်ထားတဲ့ Kaung For You အွန်လိုင်းစာသင်ကျောင်း တည်ထောင်သူ တစ်ဦး ဖမ်းဆီးခံရပြီးနောက် နိုင်ငံတဝန်းမှာ ဖမ်းဆီးခံရတဲ့ CDM ဆရာ၊ဆရာမ ၂၀ နီးပါး ထိရှိလာတယ်လို့ ပညာရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်နေ့က…

ကျိုက်ထိုက မိုင်းဆွဲတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံး

ကျိုက်ထို ၊ ဇူလိုင် (၁၇) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာ၊ ဒေါင်းတောင် ကျိုက်ထီးရိုးလေး လမ်းခွဲအနီး မိုင်းဆွဲတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးခဲ့တယ်လို့ သထုံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ တပ်ရင်း ၃ က ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက်နေ့က ပဲခူးတိုင်း ဝေါမြို့နယ်ကနေ ကျိုက်ထိုမြို့နယ်ထဲကို မောင်းနှင်လာတဲ့…

စစ်ကောင်စီရဲ့ ဒေါ်လာငွေ ထိန်းချုပ်မှုကြောင့် တိုင်းပြည် စီးပွားရေး ပိုမို ဆိုးရွားလာနိုင်

မော်လမြိုင် ၊ ဇူလိုင် (၁၇) အာဏာသိမ်း စစ်ကောင်စီက ပြည်တွင်းမှာ ဒေါ်လာငွေ ထိန်းချုပ်မှုတွေ ဆက်တိုက် လုပ်ဆောင်လာတာကြောင့် တိုင်းပြည်ရဲ့ စီးပွားရေး အခြေအနေ ပိုမိုဆိုးရွားလာနိုင်တယ်လို့ စီးပွားရေး ပညာရှင်တွေက ဝေဖန်လိုက်ပါတယ်။ စစ်ကောင်စီဟာ ပြည်တွင်း နေထိုင်သူတွေအနေနဲ့ ပြည်ပက ရယူထားတဲ့ ချေးငွေတွေကို အတိုးရော အရင်းပါ ပြန်ဆပ်ဖို့ ဆိုင်းငံ့ ခိုင်းတာတဲ့အပြင် နိုင်ငံခြားသား…

စစ်ကောင်စီရဲ့ ကန့်သတ်ချက် သုံးချက်ကြောင့် တွေ့ဆုံဆွေးနွေးရေး မဖြစ်နိုင်

ရန်ကုန် ၊ ဇူလိုင် (၁၇) အာဏာသိမ်း စစ်ကောင်စီရဲ့ ကြိုတင်ကန့်သတ်ချက် သုံးချက်ကြောင့် တွေ့ဆုံဆွေးနွေးရေး ဖြစ်လာဖို့ မရှိဘူးလို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေနဲ့ ဝါရင့်နိုင်ငံရေးသမားတွေက သုံးသပ်လိုက်ပါတယ်။ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှုတွေ ဖြစ်ပေါ်စေဖို့ဆိုရင် အစိုးရကို မဖျက်ဆီးဖို့၊ အစားမထိုးဖို့နဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ငြိမ်းချမ်းရေးဆွေးဆွေးမှုရဲ့ အခြေခံမူအဖြစ် သတ်မှတ်ဖို့ဆိုတဲ့ ကြိုတင်ကန့်သတ်ချက်…