2022

အာဏာသိမ်းမှုကြောင့် မြန်မာပြည်အရှေ့တောင်ပိုင်းဒေသက အရပ်သား သုံးသိန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရ

မော်လမြိုင် ၊ ဇူလိုင်(၁၉) အာဏာသိမ်းပြီးနောက် ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသက အရပ်သားပြည်သူ သုံးသိန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ISP Myanmar က ထုတ်ပြန်ပါတယ်။ ISP Myanmar ရဲ့ အဆိုအရ စစ်တပ် အာဏာသိမ်းတဲ့ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလကနေ အခုနှစ် ဇွန်လထိ မြန်မာနိုင်ငံ…

မိုးဗြဲမြို့ပေါ်မှာ နှစ်ဖက် တိုက်ပွဲ ပြင်းထန်နေ

မိုးဗြဲ ၊ ဇူလိုင်(၁၉) ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်နယ်စပ်မြို့ဖြစ်တဲ့ မိုးဗြဲမြို့ပေါ်မှာ ဇူလိုင်လ (၁၈) ရက်နေ့ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ကြား နှစ်ဖက် တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဟာ မိုးဗြဲမြို့ထဲကို လက်နက်ကြီး နဲ့ပစ်ခတ်တိုက်ခိုက် နေတာကြောင့် ဒေသခံ နေအိမ် တစ်လုံး မီးလောင်ပျက်စီးခဲ့သလို နေအိမ်အတွင်းရှိ အမျိုးသား…

ဘီးလင်းမှာ ဟိုက်ဂျက်ယာဉ် တစ်စီး တိမ်းမှောက်တာကြောင့် ၅ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရ

ဘီးလင်း ၊ ဇူလိုင် (၁၈) မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ သပြေနီကျေးရွာ သံတံတားအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ ဇူလိုင် ၁၈ ရက်နေ့ မနက် ၇ နာရီလောက်က ဟိုက်ဂျက်ယာဉ် တစ်စီး တိမ်းမှောက်ခဲ့တာကြောင့် ၅ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဘီးလင်းဘက်ကနေ ကျိုက်ထိုဘက်ကို မောင်းနှင်လာတဲ့ ဟိုက်ဂျက်ယာဉ်…

ကျိုက်ထိုမှာ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

ကျိုက်ထို ၊ ဇူလိုင် (၁၈) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သစ်ဆိပ့်ပင်ကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ ဇူလိုင် ၁၈ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ သထုံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒီကနေ့ မနက် ၆ နာရီခွဲအချိန်လောက်က ဝေါမြို့နယ်ဘက်ကနေ ကျိုက်ထိုဘက်ကို မောင်းနှင်လာတဲ့ ကား ၁၃ စီးပါ စစ်ကောင်စီယာဉ်တန်းကို…

ကမ္ဘာ့ရွှေဈေးနှုန်း ကျဆင်းနေပေမယ့် ပြည်တွင်း ရွှေဈေးနှုန်း ထပ်မံ မြင့်တက်လာ

မော်လမြိုင် ၊ ဇူလိုင် (၁၉) ကမ္ဘာ့ရွှေဈေးနှုန်း ဆက်တိုက် ကျဆင်း နေပေမယ့် ပြည်တွင်းမှာ ဒေါ်လာဈေးနှုန်း ဆက်လက် မြင့်တက်နေတာကြောင့် ရွှေဈေးနှုန်း ထပ်မံ မြင့်တက်လာတယ်လို့ ရွှေလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကမ္ဘာ့ရွှေဈေးနှုန်းတွေဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ပထမအပတ်က တစ်အောင်စကို ဒေါ်လာ ၁၈၀၀ ကနေ ဇူလိုင် ၁၈ ရက်နေ့မှာ…

CDM ဆရာ၊ဆရာမတွေ လုံခြုံရေးအတွက် စိုးရိမ်ထိတ်လန့်နေရ

မော်လမြိုင် ၊ ဇူလိုင် (၁၉) Kaung For You အွန်လိုင်းစာသင်ကျောင်းက ဆရာ၊ဆရာမတွေ ဆက်တိုက် ဖမ်းဆီးခံရနေတာကြောင့် လုံခြုံရေးအတွက် စိုးရိမ်ထိတ်လန့်နေရတယ်လို့ အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်ထားတဲ့ CDM ဆရာ၊ဆရာမတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်နေ့က Kaung For You အွန်လိုင်းစာသင်ကျောင်းရဲ့ အချက်အလက်တချို့ပေါက်ကြားပြီးနောက်…

အိန္ဒိယပါလီမန်မှာ သမ္မတသစ်အတွက် စတင်မဲပေး

နယူဒေလီ ၊ ဇူလိုင် (၁၉) အိန္ဒိယပါလီမန်သည် သမ္မတသစ်ရွေးချယ်ဖို့ တနင်္လာနေ့မှာ စတင်မဲပေးခဲ့ပြီး နိုင်ငံရဲ့ အပယ်ခံလူမျိုးစုအသိုင်းအဝိုင်းမှ အမျိုးသမီး နိုင်ငံရေးသမားတစ်ဦးဟာ သမ္မတရာထူးအတွက် ရေပန်းစားနေတာဖြစ်ပါတယ်။ ၀န်ကြီးချုပ် နာရန်ဒါမိုဒီရဲ့ အာဏာရပါတီမှ ၎င်းရာထူးအတွက် Santhal မျိုးနွယ်စုမှ ဒရော့ပါတီ မာမူးကို အမည်စာရင်း တင်သွင်းခဲ့တာပါ။ ရွေးချယ်ခံရပါက သူမသည် အိန္ဒိယရဲ့ ပထမဆုံး မျိုးနွယ်စုသမ္မတနှင့် ဒုတိယမြောက်…

ထိုင်းစစ်ဘက်ကာကွယ်ရေးအသုံးစရိတ်အတွက် ဘတ်ငွေ(၁၉၇) ဘီလျံ တောင်းခံထား

ဘန်ကောက် – ဇူလိုင်(၁၉) စစ်တပ်အကြီးအကဲတွေက ထိုင်းနိုင်ငံရဲ့ ၂၀၂၃ ခုနှစ်ကာကွယ်ရေးအသုံးစရိတ်အတွက် ဘတ်ငွေ (၁၉၇.၂၉၂) ဘီလျံတောင်းခံခဲ့လို့ ကာကွယ်ရေးအမြဲတမ်းအတွင်းဝန်အပါအဝင် ကြည်း ၊ရေ၊လေ အကြီးအကဲ(၃) ဦးဟာ ပါလီမန်ကော်မတီမှာ လာရောက်တွေ့ဆုံခဲ့ကြပါတယ်။ ၂၀၂၃ ခုနှစ် ဘဏ္ဍာငွေရသုံးဆိုင်ရာ ဥပဒေကြမ်းရဲ့အောက်လွှတ်တော်ကော်မတီ အစည်းအဝေး ကို ဘဏ္ဍာရေးဝန်ကြီးဟောင်းဗာရာသပ်ရာသန်နာခွန်က သဘာပတိအဖြစ် ကျင်းပခဲ့တာပါ။ အဲ့ဒီတွေ့ဆုံပွဲကို တပ်မတော်ကာကွယ်ရေးဝန်ကြီးဌာနအမြဲတမ်းအတွင်းဝန် ဗိုလ်ချုပ်ကြီး ဝိုရာကီရတ်၊…

မြန်မာနိုင်ငံကို ကမ္ဘောဒီးယားရဲ့ စိုက်ပျိုးရေးထွက်ကုန်တွေတင်ပို့နိုင်ဖို့ မြှင့်တင်ဆောင်ရွက်မယ်

ဖနွမ်းပင် – ဇူလိုင်(၁၉) ကမ္ဘောဒီးယားစီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အာဆီယံနှစ်နိုင်ငံကြား ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေး အားကောင်စေဖို့အတွက် မြန်မာနိုင်ငံကို စိုက်ပျိုးရေး ထွက်ကုန်တွေ တင်ပို့နိုင်ရေး မြှင့်တင်ဆောင်ရွက်နေပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံသံအမတ်ကြီးနဲ့ နှစ်နိုင်ငံ တွေ့ဆုံချိန်မှာ ကမ္ဘောဒီးယား စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ပန်ဆိုရာဆက် က ကမ္ဘောဒီးယားနိုင်ငံရဲ့ လယ်ယာ ထွက်ကုန်တွေ မြန်မာနိုင်ငံကို တင်သွင်းမှု မြှင့်တင်နိုင်ဖို့ တောင်းဆိုခဲ့တာပါ။…