2022

မွန်ပြည်သစ်ပါတီ ဦးဆောင် ရေးဆွဲမယ့် ရာမညမွန်ပြည်ဖွဲ့စည်းပုံဟာ ၂၀၀၈ ခြေဥအောက်က လုပ်ဆောင်ရင် ကန့်ကွက်သွားမယ်လို့ MSICC ပြော

မော်လမြိုင် ၊ ဇူလိုင် (၂၁) မွန်ပြည်သစ်ပါတီ ဦးဆောင်ရေးဆွဲမယ့် ရာမညမွန်ပြည် ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်က လုပ်ဆောင်မယ်ဆိုရင် ကန့်ကွက်သွားမယ်လို့ မွန်ပြည်ကြားကာလ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (MSICC) က သံလွင်တိုင်းမ်ကို ပြောပါတယ်။ မွန်ပြည်သစ်ပါတီ ဦးဆောင် ကျင်းပခဲ့တဲ့ ၂၀၂၂ မွန်အမျိုးသားညီလာခံကနေ ဖက်ဒရယ် ပြည်ထောင်စု အခြေခံမူနဲ့ ရာမညမွန်ပြည် ဖွဲ့စည်းပုံ…

ဒေါ်လာ မလည်ပတ်နိုင်တော့လို့ ပြည်တွင်း စားအုန်းဆီ ဈေးနှုန်း ဆက်လက် မြင့်တက်လာ

မော်လမြိုင် ၊ ဇူလိုင် (၂၁) စစ်ကောင်စီရဲ့ ကန့်သတ်ချက်တွေကြောင့် ဒေါ်လာ မလည်ပတ်နိုင်တော့တဲ့အတွက် ပြည်တွင်း စားအုန်းဆီ ဈေးနှုန်း ဆက်လက် မြင့်တက်လာတယ်လို့ စားအုန်းဆီ ရောင်းဝယ်ရေး လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒေါ်လာဈေးနှုန်းဟာ စစ်ကောင်စီရဲ့ ကန့်သတ်ချက်တွေကြောင့် တစ်ဒေါ်လာကို ကျပ် ၂၄၀၀ ကျော်ထိ ဈေးနှုန်း မြင့်တက်လာခဲ့ပြီးနောက် ဒေါ်လာဈေးကွက် ရပ်တန့်လုနီးပါး ဖြစ်လာခဲ့တာပါ။…

ဘာလီတွင်ဖြစ်ပွားနေသော Foot-and-mouth disease (FMD) ပါးစပ်နှင့် ခြေထောက်ရောဂါ ဖြစ်ပွားမှုကြောင့် နယူးဇီလန်နယ်စပ်တွင် ကာကွယ်ရေးလုပ်ငန်းများ လုပ်ဆောင်

ဝလင်တန်၊ ဇူလိုင် (၂၂) ဘာလီကျွန်းရှိ ခရီးသွားအပန်းဖြေစခန်းတွ မကြာသေးမီက အင်ဒိုနီးရှား ခရီးသွားအပန်းဖြေစခန်း ဘာလီကျွန်းမှာ မကြာသေးမီက ခြေနှင့်ခံတွင်းရောဂါ (FMD) ကို တွေ့ရှိပြီးနောက် ကာကွယ်ရန် အစီအမံများ တိုးမြှင့်လုပ်ဆောင်ခဲ့ကြောင်း နယ်စပ်မျဥ်းနီးကပ်လျှက်ရှိသော နယူးဇီလန်က ဗုဒ္ဓဟူးနေ့နှောင်းပိုင်းမှာ ပြောကြားခဲ့ပါတယ်။ “FMD သည် ဘာလီရဲ့ ခရီးသွားနေရာများမှာ မကြာသေးမီက တွေ့ရှိခဲ့ခြင်းနှင့်အတူ၊ လွန်ခဲ့သော ရက်သတ္တပတ်များအတွင်းက နယ်စပ်တွင်…

အဆိုးဆုံးစီးပွားရေးအကြပ်အတည်းတွေကြားက သီရိလင်္ကာနိုင်ငံသမ္မတသစ် ကျမ်းသစ္စာကျိန် ဆို

ကိုလံဘို – ဇူလိုင်(၂၂) ဝါရင့်နိုင်ငံရေးသမား ရမ်နေးဝစ်ရာမ်မီစင်ဂါဟာ ပါလီမန်မှာ မဲအပြတ်အသတ်အနိုင်ရပြီးနောက် သီရိလင်္ကာနိုင်ငံရဲ့ သမ္မတသစ်အဖြစ် ဇူလိုင်လ(၂၁) ရက်နေ့မှာ ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး စီးပွား ရေးအကြပ်အတည်းတွေကလွတ်မြောက်ဖို့ အတူတကွပူးပေါင်းပါဝင်ကြဖို့တိုက်တွန်းခဲ့ပါတယ်။ လူထုဆန္ဒပြပွဲတွေကြောင့် သီရိလင်္ကာနိုင်ငံကထွက်ပြေးပြီးရာထူးကနှုတ်ထွက်ခဲ့တဲ့ ဂိုတာဘာ ယာ ရာဂျာပတ်ဆာနေရာကို ဆက်ခံခဲ့တာဖြစ်ပြီး ကျမ်းသစ္စာကျိန်ဆိုပွဲမှာတော့ နိုင်ငံရဲ့တရား ရေးချုပ်က ဥက္ကဌအဖြစ်ဆောင်ရွက်ခဲ့တာပါ။ လူဦးရေ(၂၂) သန်းရှိတဲ့ ကျွန်းနိုင်ငံဟာ ပြင်းထန်တဲ့ ဘဏ္ဍာရေးအကြပ်အတည်းကြောင့်…

တရုတ်နိုင်ငံရဲ့ ဒေတာလုံခြုံရေးဥပဒေကိုချိုးဖောက်တယ်လို့ ဆိုပြီး Didi Global ကုမ္ပဏီကို အမေရိကန်ဒေါ်လာတစ်ဘီလျံကျော်ဒဏ်ငွေချမှတ်ခံရ

ရှန်ဟိုင်း – ဇူလိုင်(၂၂) တရုတ်နိုင်ငံရဲ့ ဆိုက်ဘာလုံခြုံရေးစည်းမျဉ်းတင်းကြပ်ရေးအဖွဲ့ဟာ ဒေတာလုံခြုံရေးဆိုင်ရာ ဥပဒေတွေအပါအဝင် ဥပဒေချိုးဖောက်ခဲ့တယ်လို့ တစ်နှစ်ကြာစုံစမ်းစစ်ဆေးပြီးနောက် Didi Global ကုမ္ပဏီကို ယွမ် (၈.၀၂၆) ဘီလျံ(အမေရိကန်ဒေါ်လာ ၁.၁၉) ဘီလျံ ဒဏ်ကြေး ပေးဆောင်ရမယ်လို့ ပြောဆိုခဲ့ပါတယ်။ Didi Global ဟာ ၂၀၁၅ ခုနှစ်ဇွန်လကစတင်ပြီး (၇) နှစ်တာကာလအတွင်း သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို တရားမဝင်စုဆောင်းခဲ့ပြီး…

ဆေးခြောက်ကို တရားဝင်ခွင့်ပြုပေးဖို့ တောင်းဆိုချက်ကို အင်ဒိုနီးရှားတရားရုံး ပယ်ချ

ဂျာကာတာ ၊ ဇူလိုင် (၂၁) ဆေးခြောက်ကို ဆေးဖက်ဆိုင်ရာအတွက် တရားဝင်ခွင့်ပြုမည့် မူးယစ်ဆေးဝါးဥပဒေအား တရားစီရင်ရေးဆိုင်ရာ ပြန်လည်သုံးသပ်မှုကို တရားသူကြီး ကိုးဦးရဲ့ ခုံရုံးက ဆုံးဖြတ်ချက်ဖြင့် ဇူလိုင် ၂၀ ရက်နေ့မှာ ပယ်ချခဲ့ပါတယ်။ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ကျောထောက်နောက်ခံပေးထားသော ဦးနှောက်ချို့ယွင်းတဲ့ ရောဂါခံစားနေရတဲ့ ကလေးတွေရဲ့ မိခင်သုံးဦးဟာ နိုင်ငံရဲ့တင်းကျပ်တဲ့ မူးယစ်ဆေးဝါးဥပဒေအား တရားစီရင်ရေးဆိုင်ရာ ပြန်လည်သုံးသပ်မှုကို ၂၀၂၀ ခုနှစ်မှာ…

ကိုဗစ်ကူးစက်မှုတွေမြင့်တက်လာတာကြောင့် ဩစတြေးလျမှာ Work from Home ပြန်လည် ပြုလုပ်

ကန်ဘာရာ – ဇူလိုင်(၂၁) ကိုဗစ်ကြောင့် ဆေးရုံတက်ရသူဦးရေစံချိန်တင်အဆင့်ကို နီးကပ်လာတဲ့အတွက် ဩစတြေးလျ နိုင်ငံသားတွေကို နေအိမ်တွေကပဲ အလုပ်လုပ်ဖို့ညွှန်ကြားထားပြီး အိမ်မှာ နေထိုင်ချိန်တွေမှာလဲ Mask တပ်ဆင်ထားကြဖို့ အသိပေးထားပါတယ်။ BA.4 နဲ့ BA.5 Omicron အမျိုးအသားခွဲတွေက စတင်လာတဲ့ ကိုဗစ်ဟာတတိယလှိုင်းကြားမှာ ရှိနေပြီး ဒီလအစောပိုင်းမှာ ကူးစက်မှုတွေမြင့်တက်လာကာ ဇူလိုင်လ(၁၉) ရက်နေ့မှာတော့ နေ့စဉ် ဖြစ်ပွားမှု (၅၀၂၄၈)…