2022

လက်နက်ခဲယမ်း ထောက်ပံ့ပေးဖို့ KNDF အမျိုးသမီးတပ်ဖွဲ့ တောင်းဆို

ဒီမော့ဆို ၊ ဇူလိုင်(၂၂) စစ်အာဏာရှင် တော်လှန်ရေးတိုက်ပွဲမှာ ရှေ့တန်းကနေ တိုက်ပွဲဝင်နိုင်ဖို့ ပြည်သူတွေအနေနဲ့ တတ်နိုင်တဲ့ဘက်ကနေ လက်နက်ခဲယမ်းအတွက် ထောက်ပံ့ကူညီပေးကြဖို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF တပ်ရင်း ၅ အမျိုးသမီးရဲဘော်တွေက တောင်းဆိုလိုက်ပါတယ်။ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း ၅ က အမျိုးသမီးတပ်ဖွဲ့ကို ပြီးခဲ့တဲ့ မေလမှာ တပ်ဖွဲ့ဝင် အင်အား ၆၀ လောက်နဲ့…

တောင်ငူခရိုင်တိုက်ပွဲမှာ စစ်ကောင်စီဘက်က အထိနာနေတယ်လို့ KNU ပြော

တောင်ငူ ၊ ဇူလိုင်(၂၂) ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၂) ထိန်းချုပ်နယ်မြေဖြစ်တဲ့ တောင်ငူခရိုင်ထဲမှာ ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အထိအခိုက် အကျအဆုံး များနေတယ်လို့ KNLA တပ်မဟာ ၂ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက်နေ့စပြီး ကေအဲန်ယူ-တောင်ငူခရိုင် သံတောင်ကြီးမြို့နယ် တာပူဒေသကို စစ်ကောင်စီတပ်က စစ်ရေး ဝင်ရောက်…

ထားဝယ်မှာ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ၂၀ ဦးထက်မနည်း သေဆုံးနိုင်

ထားဝယ် ၊ ဇူလိုင် (၂၂) တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ပခပ်ကျေးရွာအနီးမှာ ကား ၁၉ စီးပါ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက် ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ ၂၀ ဦးထက်မနည်း သေဆုံးနိုင်တယ်လို့ ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အေဒင်မှူးအဖွဲ့က ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက်နေ့ ညနေပိုင်းက ပကာရီကျေးရွာဘက်ကနေ ထားဝယ်မြို့ဘက်ကို ထွက်လာတဲ့ ကား ၁၉…

သထုံမြို့က ရပ်ကွက်အုပ်ချုပ်ရေးရုံး မိုင်းခွဲခံရတာကြောင့် ပြိုကျပျက်စီး

သထုံ ၊ ဇူလိုင် (၂၂) မွန်ပြည်နယ်၊ သထုံမြို့နယ်၊ အောက်ကျင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဟာ ဇူလိုင် ၂၁ ရက်နေ့ မနက် ၁၀ နာရီလောက်က မိုင်းခွဲခံရတာကြောင့် အဆောက်အဦး အနောက်ဘက်ခြမ်း ပြိုကျပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီ အောက်ကျင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို အမည်မသိလူ ၂ ဦးက လာရောက် မိုင်းထောင်ပြီးနောက် ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့တာပါ။ အဲဒီအုပ်ချုပ်ရေးမှူးရုံး မိုင်းထောင်…

အာဏာသိမ်းမှုကြောင့် မသန်စွမ်းသူတွေ စားဝတ်နေရေးနဲ့ ကျန်းမာရေးပြဿနာကို ဆိုးဆိုးဝါးဝါး ခံစားနေရ

မော်လမြိုင် ၊ ဇူလိုင် (၂၂) စစ်တပ် အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ လူမှုစီးပွား အကြပ်အတည်းတွေကြောင့် မသန်းစွမ်းတွေဟာ မိသားစု စားဝတ်နေရေးနဲ့ ကျန်းမာရေးပြဿနာကို ဆိုးဆိုးဝါးဝါး ထပ်မံ ခံစားနေရတယ်လို့ မသန်စွမ်းအရေး ကူညီဆောင်ရွက် နေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မသန်စွမ်းသူတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် အလုပ်ကနေ ထုတ်ပယ်ခံရတာ၊ ဝန်ထမ်းလျော့ချခံရတဲ့အထဲ ပါဝင်သွားတာ၊ ပုံမှန်ဝင်ငွေ မရှိတော့တဲ့အတွက်ကြောင့်…

စစ်ကောင်စီရဲ့ ကုန်သွယ်ရေး ကန့်သတ်ချက်တွေကြောင့် မတ်ပဲ ပြည်ပတင်ပို့ဖို့ အခက်ကြုံနေရ

မော်လမြိုင် ၊ ဇူလိုင် (၂၂) အာဏာသိမ်း စစ်ကောင်စီရဲ့ ကုန်သွယ်ရေး ကန့်သတ်ချက်တွေကြောင့် အိန္ဒိယနိုင်ငံကို မတ်ပဲ တင်ပို့ဖို့ အခက်ကြုံနေရတယ်လို့ ပဲနှမ်းကုန်သည်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အိန္ဒိယအစိုးရဟာ မြန်မာနိုင်ငံက မတ်ပဲ တန်ချိန် နှစ်သိန်းခွဲနဲ့ ပဲစင်းငုံ တန်ချိန် တစ်သိန်းတို့ကို ငါးနှစ်ဆက်တိုက် နှစ်စဉ်ဝယ်ယူသွားမှာ ဖြစ်ကြောင်းနဲ့ ပဲတင်သွင်းခွင့်ကို အိန္ဒိယ ဆိပ်ကမ်း ငါးခုကနေ…

ထားဝယ်မှာ PDF စခန်းငယ်တစ်ခု မီးရှို့ဖျက်ဆီးခံရ

ထားဝယ် ၊ ဇူလိုင်(၂၁) တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ မေတ္တာမြို့၊ ဘဝပင်ကျေးရွာအနီးက PDF စခန်းငယ်တစ်ခုကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီးနောက် မီးရှို့ဖျက်ဆီးလိုက်တယ်လို့ ဒေသအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရက်နေ့ ညက တပ်အင်အား ၇၀ လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ပျောက်ကြားအဖွဲ့တစ်ခုရဲ့ စခန်းတစ်ခုငယ်ကို ဝင်ရောက် စီးနင်းခဲ့တာ…

ဆေးဝါးမလုံလောက်တာကြောင့် ဒီးမော့ဆိုစစ်ရှောင်တွေကို မိုဘိုင်းစနစ်နဲ့ ဆေးကုသပေးမှု ရပ်နား

ဒီမော့ဆို ၊ ဇူလိုင်(၂၁) ကရင်နီပြည်နယ်၊ ဒီမော့ဆိုမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖွင့်လှစ်ထားတဲ့ ခါနာန်ဆေးရုံမှာ ဆေးဝါးမလုံလောက်တာကြောင့် စစ်ရှောင်ပြည်သူတွေကို မိုဘိုင်းစနစ်နဲ့ ဆေးကုသပေးမှု အစီအစဉ် ရပ်နားလိုက်ရတယ်လို့ ဒီးမော့ဆို PDF သတင်းပြန်ကြားရေး တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီခါနာန်ဆေးရုံဟာ တောထဲမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေကို မိုဘိုင်းစနစ်နဲ့ တစ်ပတ်နှစ်ကြိမ် ဆေးကုသပေးမှုတွေ လုပ်ဆောင်ပေးနေတာ ဖြစ်ပါတယ်။ ဒါပေမယ့်…

KNU တပ်မဟာ (၅) ထံ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး လက်နက်နဲ့တကွ အလင်းဝင်

ဖာပွန် ၊ ဇူလိုင် (၂၁) ကရင်အမျိုးသားအစည်းအရုံး KNU ဖာပွန်ခရိုင်အတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးဟာ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA တပ်မဟာ ၅ ထံ လက်နက်ခဲယမ်းနဲ့တကွ အလင်းဝင်လာတယ်လို့ တပ်မဟာ ၅ က ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်(၆)ရက်နေ့က ဖာပွန်မြို့အခြေစိုက် စစ်ကောင်စီရဲ့ ခမရ(၃၄၁)တပ်ရင်းက တပ်ဖွဲ့ဝင်တစ်ဦးဟာ သေနတ်တစ်လက်နဲ့ ကျည်ဆံကျည်ဘောက်တွေအပါအဝင် အလင်းဝင်ရောက်လာခဲ့ပြီး အဲဒီတပ်သားဟာ…

ကျိုက်ထိုမှာ ဆိုင်ကယ်တက္ကစီသမား ၂ ဦးအပါအဝင် ၆ ဦး ဖမ်းဆီးခံရ

ကျိုက်ထို ၊ ဇူလိုင် (၂၁) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ထောက်ပို့ လုပ်ဆောင်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ဆိုင်ကယ်တက္ကစီသမား ၂ ဦးအပါအဝင် ၆ ဦးကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်မ်းကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်နေ့က ရှမ်းဈေးအရှေ့ ကားဝင်းမှာ ကားထိုင်စောင့်နေတဲ့ လူငယ်တစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီးနောက်…