2022

ဖရူဆိုမြို့တွင်း တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၄ ဦး သေဆုံးခဲ့

ဖဖရူဆို ၊ ဇူလိုင်(၂၄) ကရင်နီပြည်နယ်၊ ဖရူဆိုမြို့တွင်း တိုက်ပွဲမှာ စစ်ကောင်စီဘက်က (၄) ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ဖရူဆိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ပြီးခဲ့တဲ့ ဇူလိုင်လ (၂၂) ရက်နေ့က ဖရူဆိုမြို့အတွင်း လှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်ကို ဖရူဆိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF အပါအဝင် ဒေသကာကွယ်ရေးမဟာမိတ်တပ်ပေါင်းစုက သွားရောက် တိုက်ခိုက်ခဲ့တာပါ။အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က (၄) ဦး…

တိုတယ်ဟာ မြန်မာပြည်သူတွေရဲ့ လူ့အခွင့်အရေးကို အလေးမထားပဲ တာဝန်မဲ့ခဲ့တယ်လို့သွေးစွန်း ငွေဖြတ်တောက်ရေးရှုတ်ချ

ရန်ကုန် – ဇူလိုင်(၂၃) ပြင်သစ်ကုမ္ပဏီတိုတယ်အင်နာဂျီဟာ ရတနာ စီမံကိန်းကနေ ဇူလိုင်လ(၂၀) ရက်နေ့က ထွက်ခါခဲ့ပြီး ဒီလိုလုပ်ဆောင်တာဟာ မြန်မာပြည်သူတွေရဲ့ တောင်းဆိုမှုကိုလျစ်လျူရှုပြီး စီးပွားရေးနဲ့ လူ့အခွင့် အရေးဆိုင်ရာတွေကို တာဝန်မယူဘဲတာဝန်မဲ့စွာ ထွက်ခွာတာမို့ သွေးစွန်းငွေ ဖြတ်တောက်ရေးလှုပ် ရှားမှုအဖွဲ့က အပြင်းအထန်ရှုတ်ချခဲ့ပါတယ်။ နှစ်ပေါင်း(၃၀) ကျော်ကြာ မြန်မာ့သယံဇာတအရင်းအမြစ်တွေကနေ အကျိုးအမြတ်တွေရယူခဲ့ပြီး နောက်ဆုံးထွက်ခွာခဲ့ချိန်မှာလည်း စီးပွားရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ တာဝန်ဝတ္တရားတွေကို လျစ်…

စစ်အာဏာသိမ်းမှုဖြစ်ပွားနေသည့် မြန်မာနိုင်ငံတွင် အမေရိကန်နိုင်ငံသားများဖမ်းဆီးထိန်းသိမ်း ခံခဲ့ရကြောင်း အမေရိကန်သံရုံးမှ ထုတ်ပြန်

ရန်ကုန် ၊ ဇူလိုင် (၂၄) မြန်မာနိုင်ငံတွင် စစ်အစိုးရ အုပ်ချုပ်နေချိန်မှာ အမေရိကန် နိုင်ငံသား တစ်ဦးအား မတရား ဖမ်းဆီး ထိန်းသိမ်း ထားကြောင်း အမေရိကန် သံရုံးမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက AFP သို့ သောကြာ (ဇူလိုင် ၂၂ ရက်) မှာ ပြောကြားခဲ့ပါတယ်။ “မြန်မာနိုင်ငံက အမေရိကန် နိုင်ငံသားတစ်ဦးကို မတရား…

အမေရိကန်လုပ်တိုက်လေယာဉ်တွေကို ယူကရိန်းနိုင်ငံပို့ဖို့ ဆွေးနွေးနေ

ဝါရှင်တန် – ဇူလိုင်(၂၄) ယူကရိန်းနိုင်ငံကို အမေရိကန်လုပ် တိုက်လေယာဉ်တွေစေလွှတ်နိုင်ဖို့ ရှိ၊မရှိနဲ့ ပတ်သက်ပြီး အမေရိကန်က နည်းလမ်းရှာဖွေနေတယ်လို့ အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူက ဇူလိုင်လ(၂၂) ရက်နေ့က သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။ ဘိုင်ဒင် အစိုးရက ယူကရိန်းကို ဂျက်တိုက်လေယာဉ်တွေပေးအပ်နိုင်ဖို့ ပဏာမ စူးစမ်းလေ့လာမှု တွေပြုလုပ်နေချိန်မှာ ဒီကိစ္စဟာ ချက်ချင်းလုပ်ဆောင်ရမယ့် အရာမဟုတ်ဘူးလို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဂျွန်က သတင်းထောက်တွေကို ရှင်းလင်းပွဲတစ်ခုမှာ…

ထိုင်းနိုင်ငံဖူးခက်မြို့မှာ ပထမဆုံးမျောက်ကျောက်ကူးစက်ခံရထားတဲ့သူပျောက်ဆုံးနေ

ဖူးခက် – ဇူလိုင်(၂၄) ထိုင်နိုင်ငံမှာ ပထမဦးဆုံးမျောက်ကျောက်ရောဂါကို စမ်းသပ်တွေ့ရှိခဲ့ပြီး ကူးစက်ခံထားရသူမှာ အသက်(၂၇) နှစ်အရွယ်နိုင်ဂျီးရီးယားနိုင်ငံသားဖြစ်ကာ အဲ့ဒီလူနာဟာ အခုချိန်မှာပျောက်ဆုံး နေတယ်လို့ ဖူးခက်ပြည်သူ့ကျန်းမာရေးရုံးက ပြောပါတယ်။ မျောက်ကျောက်ရောဂါလက္ခဏာနဲ့အတူ လူနာတစ်ဦး ပုဂ္ဂလိကဆေးရုံကို ရောက်ရှိလာပြီးနောက် ပြီးခဲ့တဲ့ အပတ်စနေနဲ့တနင်္ဂနွေနေ့မှာ ဖူးခက်မြို့ရဲ့ အကျော်ကြားဆုံးအပန်းဖြေစခန်းမှာ အဲ့ဒီ ရောဂါကူးစက်မှုဖြစ်စဉ်ကို စမ်းသပ်တွေ့ရှိခဲ့တာပါ။ ကျန်းမာရေးအာဏာပိုင်တွေရဲ့ ပြောဆိုချက်တွေအရ လူနာဆီက သွေးနမူနာကို ဆေးရုံက…

ယူကရိန်းနဲ့ ရုရှားတို့ ခဲယဉ်းတဲ့စပါးသဘောတူစာချုပ်ကို တူရကီမှာ လက်မှတ်ရေးထိုးခဲ့

အစ္စတန်ဘူလ် ၊ ဇူလိုင် (၂၃) ယူကရိန်းနဲ့ ရုရှားတို့ဟာ ပင်လယ်နက်စပါးတင်ပို့မှု ပိတ်ဆို့လို့ဖြစ်ပေါ်လာတဲ့ ကမ္ဘာ့စားနပ်ရိက္ခာ အကြပ်အတည်းကို လျှော့ပါးသက်သာစေဖို့ ရည်ရွယ်ပြီး ခက်ခဲတဲ့ သဘောတူညီချက်တစ်ရပ်ကို သောကြာနေ့မှာ လက်မှတ်ရေးထိုးကြဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက အိမ်နီးချင်းနိုင်ငံကို ကျူးကျော်ဝင်ရောက်ပြီးနောက်ပိုင်း စစ်မက် ဖြစ်ပွားနေတဲ့ နှစ်နိုင်ငံကြား ပထမဆုံးသော သဘောတူညီချက်ဟာ ကမ္ဘာ့စားနပ် ရိက္ခာစျေးနုုန် းတွေမြင့်တက်လာတာနဲ့အတူ…

ထိုင်းနိုင်ငံမြောက်ပိုင်းဒေသတွေမှာ ငလျင်လှုပ်ခတ်ခဲ့

ရန်ကုန် – ဇူလိုင်(၂၃) မြန်မာနိုင်ငံကို ဗဟိုပြုပြီး ထိုင်းနိုင်ငံမြောက်ပိုင်းဒေသတွမှာ ပြင်းအား(၅)ထပ်မကျော်တဲ့ လှုပ်ခတ်မှု(၃) ကြိမ်ပါဝင်တဲ့ ငလျင်လှုပ်ခတ်မှုအကြိမ် (၇၀) ကို မြောက်ပိုင်းနဲ့ အထက်ပိုင်း ပြည်နယ်တွေမှာ တစ်ညတည်းလှုပ်ခတ်ခဲ့ပါတယ်။ ချင်းရိုင်းခရိုင် မယ်ဆိုင်ခရိုင် အရှေ့မြောက်ဘက်ကီလိုမီတာ(၈၀) အကွာက မြေမျက်နှာပြင် အောက် လေးကီလိုမီတာကို ဗဟိုပြုပြီး ရစ်ချ်တာစကေး (၅.၁) နဲ့ ဇူလိုင်လ(၂၁) ရက်နေ့ က…

အင်ဒိုသမ္မတရဲ့ ဘေဂျင်းခရီးစဉ်မှာ သမ္မတရှီနဲ့ တွေ့ဆုံမယ်

ဂျာကာတာ – ဇူလိုင်(၂၃) အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုရဲ့ ဟာ လာမယ် ဇူလိုင်လ(၂၆) ရက်နေ့ ဘေဂျင်းမြို့ကို အလည် အပတ်ရောက်ရှိချိန်မှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံမှာဖြစ်သလို ဝန်ကြီးချုပ်နဲ့လည်း တွေ့ဆုံမှာဖြစ်တယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီက ပြောပါတယ်။ တရုတ်နိုင်ငံဟာ အင်ဒိုနီးရှားရဲ့ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က စုစုပေါင်း ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၁၀၀) ဘီလျံရှိခဲ့တာပါ။ “ရင်းနှီးမြှုပ်နှံမှုအတွက်…