2022

ဇေယျာသော်စစ်ဆင်ရေးအဖြစ် ပေါက်က စစ်ကောင်စီလက်ပါးစေ(၇) ဦးကိုပစ်ခတ်ရှင်းလင်း

ပေါက် – ဇူလိုင်(၂၆) မကွေးတိုင်းပေါက်မြို့နယ်က စစ်ကောင်စီတပ်အထိုင်ချထားတဲ့ တပ်ကုန်ကျေးရွာကို ဒေသကာ ကွယ်ရေးတပ်တွေက ဇေယျာသော်စစ်ဆင်ရေးအဖြစ်ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီလက်ပါး စေ(၇) ဦးကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့တယ်လို့ Young Revolution Front ကာကွယ်ရေးတပ်က သံလွင်တိုင်းမ် ကို ပြောပါတယ်။ စစ်ကောင်စီက ကြိုးပေးစီရင်ခဲ့တဲ့ ကိုဂျင်မီ၊ကိုဇေယျာသော်၊ကိုသူရဇော်နဲ့ ကိုလှမျိုးအောင်တို့ အတွက် လက်တုန့်ပြန်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ “ကာကွယ်ရေးအဖွဲ့ရှစ်ဖို့ပေါင်းပြီးတိုက်တာ။ သူတို့စခန်းချထားတဲ့တပ်ကုန်းရွာကိုတိုက်တာပါ။ ကျွန်တော်တို့ကလက်နက်ချဖို့မပြေးဖို့ပြောတယ်။…

ဘန်ကောက်မြို့ရှိ BTS Green Line စီးနင်းခကို ဩဂုတ်လမှ စတင်ကောက်ခံမည်ဟု မြို့ တော်ဝန် ချတ်ချာ ပြောကြားခဲ့

ဘန်ကောက် ၊ ဇူလိုင် (၂၆) ဘန်ကောက်မြို့ရှိ တိုးချဲ့ BTS Green Line စီးနင်းသည့် ခရီးသည်များအနေဖြင့် လာမည့်လမှ စတင်ကာ ယာဉ်စီးခ စတင်ပေးဆောင်ရမည်ဖြစ်ကြောင်း ဘန်ကောက်မြို့ဝန်က တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။ မြို့တော်ဝန်ဝန်သည် ဘန်ကောက်မြို့တော်အုပ်ချုပ်ရေး (BMA) ကုမ္ပဏီ Krungthep Thanakom နှင့် Bangkok Mass Transit System (BTSC)…

ဖိလစ်ပိုင်ထိပ်တန်းတက္ကသိုလ်ရဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားမှာ ပစ်ခတ်မှုဖြစ်ပွားပြီး လူသေဆုံးမှုတွေရှိခဲ့

မနီလာ – ဇူလိုင်(၂၆) ဖိလစ်ပိုင်နိုင်ငံ မြို့တော်ပတ်ဝန်းကျင်က တက္ကသိုလ်ဘွဲ့နှင်းသဘင်အခမ်းအနားမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုမှာ လူ(၃) ဦးသေဆုံးခဲ့ပြီး နိုင်ငံတောင်ပိုင်းဒေသက မြို့တော်ဝန်ဟောင်းတစ်ဦးပါဝင်ခဲ့ တယ်လို့ ရဲတပ်ဖွဲ့က ပြောဆိုထားပါတယ်။ နိုင်ငံတောင်ပိုင်းက မြို့တော် လာမီတန်ရဲ့ မြို့တော်ဝန်ဟောင်းကို လုပ်ကြံလိုတဲ့အတွက် ဒီပစ်ခတ်မှု ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ရဲအရာရှိတွေက ပြောဆိုထားပါတယ်။ တက္ကသိုလ်လုံခြုံရေးအရာရှိတစ်ဦးလည်း ဒီဖြစ်စဉ်မှာ ပစ်ခတ်ခံခဲ့ရပြီး သံသယ တရားခံကို ကားနဲ့…

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဒေါ်လာဘီလျံချီတန်ဖိုးရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေ ရပ်ဆိုင်းထားရ

ရန်ကုန် – ဇူလိုင်(၂၆) မြန်မာနိုင်ငံရဲ့အိမ်ခြံမြေဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေဟာ စစ်တပ်အာဏာသိမ်းပြီး(၁၇) လ ကြာပြီးနောက် မပြီးပြတ်သေးဘဲ အရှေ့တောင်အာရှနိုင်ငံရဲ့ စီးပွားရေးအလားအလာ ရှင်းလင်း ပြတ်သားမှုမရှိမချင်း စီမံကိန်းတွေကို ပြန်လည်စတင်ဖို့ မဖြစ်နိုင်ဘူးလို့ သိရပါတယ်။ ဂျပန်ရင်းနှီးမြှုပ်နှံသူတွေလည်း အပါအဝင်ဖြစ်ပြီး နိုင်ငံခြားခရီးသွားတွေနဲ့ လူလတ်တန်းစား တွေအတွက် အသုံးပြုထားတဲ့ စီးပွားဖြစ်အိမ်ခြံမြေတွေအတွက် အဓိကဝင်ငွေရင်းမြစ်ဖြစ်တဲ့ ဂျပန်ရင်းနှီးမြှုပ်နှံသူတွေ ကျောထောက်နောက်ခံပြုထားတဲ့ စုစုပေါင်းရင်းနှီးမြှုပ်နံမှု ဒေါ်လာ (၁.၃)…