2022

နည်းလမ်းအားလုံးသုံးပြီး စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်မယ်လို့ ဒီမိုကရေစီ အင်အားစု ကြေညာ

မော်လမြိုင် – ဇူလိုင်(၂၆) အာဏာသိမ်းစစ်ကောင်စီကို အပြုသဘောဆောင်ပြီး ချဉ်းကပ်တာဟာ ပြေလည်မယ့် အဖြေ ဖြစ်မှာမဟုတ်တဲ့ အတွက် ပြည်သူလူထုတစ်ရပ်လုံးရဲ့ အင်တိုက်အားတိုက်ပါဝင်မှုနဲ့ နိုင်ငံရေး စစ်ရေး၊သံတမန်ရေး၊အုပ်ချုပ်ရေး စစ်မျက်နှာစုံမှာ ဖြစ်နိုင်တဲ့ နည်းလမ်းအားလုံးနဲ့ တော်လှန် တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ ဖက်ဒရယ်ဒီမိုကရေစီအင်အားစုများက သတင်းထုတ်ပြန်ထား ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)နဲ့ အမျိုးသား…

အမှန်/အမှား မင်္ဂလာပါရှင်။

သံလွင်တိုင်းမ်ရဲ့ အမှန် အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနှင့် ပတ်သက်ပြီး လူမှုကွန်ယက် ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းအမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စီစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ “ မြိုင်မြို့နယ်၊ ကျောက်ကန်ရွာမှ ပြည်သူ တွေကိုအကြမ်းဖက် PDF က သတ်ဖြတ်ပြီး နေအိမ်…

စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသား(၇) ဦးကို ကြိုးပေးသတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ဆို

ရန်ကုန် – ဇူလိုင်(၂၆) အာဏာသိမ်းစစ်ကောင်စီက ကိုဂျင်မီ ကိုဖြိုးဇေယျာသော်နဲ့ နိုင်ငံရေးအကျဉ်းသား (၇) ဦးကို ကြိုးပေးသတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က သံလွင်တိုင်းမ် ကိုပြောပါတယ်။ စစ်ကောင်စီပိုင် သတင်းမီဒီယာတွေမှာ နိုင်ငံရေးအကျဉ်းသား(၄) ဦးကို သတ်ဖြတ်ခဲ့တာကိုသာ သတင်းထုတ်ပြန်ထားခဲ့ပေမယ့် မြေပြင်အခြေအနေမှာတော့အဲ့ထပ်ပိုမို သတ်ဖြတ်ခဲ့တာဖြစ်တယ် လို့ဆိုပါတယ်။ “စနေနေ့နဲ့ တနင်္ဂနွေနှစ်ရက်ပေါင်းမှာ စစ်ကောင်စီက (၄) ယောက်လို့ ထုတ်ပြန်ခဲ့တယ်။ ကျွန်တော်တို့…

အာဏာသိမ်းစစ်ခေါင်းဆောင်ကိုထိုက်သင့်တဲ့ ပြစ်ဒဏ်ပေးဖို့တော်လှန်ရေး အရှိန်အဟုန် မြှင့်မယ်လို့ NUG ဆို

မော်လမြိုင် – ဇူလိုင်(၂၆) စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အပေါင်းအပါတစ်စုတို့ကို တရားဥပဒေအရ ထိုက်တန်တဲ့ ပြစ်ဒဏ်တွေချမှတ်နိုင်ဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ အရေးပေါ် အစည်းအဝေးခေါ်ယူခဲ့ပြီး တော်လှန်ရေးအရှိန်အဟုန်မြှင့်တင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ရဲ့ ပုံမှန်ကျင်းပနေကျ Cabinet အစည်းအဝေးကို ရပ်နားပြီး နိုင်ငံတော် ယာယီသမ္မတ ဦးဆောင်တဲ့ အရေးပေါ်အစည်းအဝေးကို ဒီနေ့ ဇူလိုင်လ (၂၆) ရက်နေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ကြတာပါ။ “ကြေညာချက်တွေ၊အစည်းအဝေးတွေရဲ့ နောက်မှာ…

စစ်ကောင်စီရဲ့ ဥပဒေမဲ့ သေဒဏ်စီရင်မှုအပေါ် MSICC ကန့်ကွတ်ရူတ်ချ

မော်လမြိုင် ၊ ဇူလိုင် ၂၆ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ကို စစ်ကောင်စီက ဥပဒေမဲ့ လူမဆန်စွာ သေဒဏ်စီရင် သတ်ဖြတ်လိုက်တဲ့အပေါ် မွန်ပြည်ကြားကာလ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (MSICC) က အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း ဇူလိုင် ၂၆ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်နေ့ ရက်စွဲနဲ့ နိုင်ငံပိုင် သတင်းစာကနေ ထုတ်ပြန်ချက်အရ သေဒဏ်စီရင်ခံရသူ…

ဖမ်းဆီးခံရပြီး (၂၄) နာရီအတွင်း NLD ပါတီဝင်တစ်ဦး စစ်ကြောရေးမှာ အသတ်ခံရ

ရန်ကုန် – ဇူလိုင်(၂၆) ရန်ကုန်တိုင်းမင်္ဂလာတောင်ညွန့်မြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အဖွဲ့ဝင် တစ်ဦးကို ဖမ်းဆီးပြီး (၂၄) နာရီအတွင်း စစ်ကြောရေးမှာ အသတ်ခံလိုက်ရတယ်လို့ ရန်ကုန်တိုင်း NLD ပါတီဒုတိယဥက္ကဌ ဒေါက်တာဘိုင်အိုက သံလွင်တိုင်းမ် ကိုပြောပါတယ်။ လူမှုကူညီရေးသမားတစ်ဦးဖြစ်တဲ့ အသက်(၄၅) နှစ်အရွယ် ကိုလှထူးကို ဇူလိုင်လ(၂၄) ရက်နေ့ ည(၁၁) နာရီဝန်းကျင်မှာ ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပြီး ဇူလိုင်လ(၂၅)…

သေဒဏ်စီရင်ပြီး ရုပ်အလောင်း ပြန်မပေးတာ ထောင်အာဏာပိုင် ဆုံးဖြတ်ချက်သာ ဖြစ်တယ်လို့ စစ်ကောင်စီ ပြော

နေပြည်တော် ၊ ဇူလိုင် (၂၆) ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေကို ကွပ်မျက်ပြီးနောက် ရုပ်အလောင်း ပြန်မပေးတာဟာ ထောင်အာဏာပိုင်တွေရဲ့ ဆုံးဖြတ်ချက်နဲ့သာ သက်ဆိုင်တယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ဇူလိုင် ၂၆ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ စစ်ကောင်စီရဲ့ ၁၈ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက အခုလို ပြောဆိုခဲ့တာပါ။ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ သေဆုံးသူတွေရဲ့…